အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ဘုရားများရှေ့တွင်ကိုယ်တော်ရှင်အား ထောမနာသီချင်းဆိုပါ၏။
ရှင်ယောဟန် 10:34 - Common Language Bible သခင်ယေရှုက ``ငါတို့ပညတ်ကျမ်းတွင် ဘုရား သခင်က `သင်တို့သည်ဘုရားများဖြစ်ကြ၏' ဟု ဖော်ပြထားလေသည်။- Garrad Bible ယေရှုကလည်း သင်တို့သည်ဘုရားများဖြစ်ကြောင်းငါမိန့်ဆိုခဲ့သည်ဟူ၍ သင်တို့ပညတ္တိကျမ်းတွင်ရေးထားသည်မဟုတ်လော။ Judson Bible ယေရှုကလည်း၊ သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“သင်တို့၏ပညတ်တရားကျမ်းတွင် ‘ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏’ဟူ၍ ရေးထားသည်မဟုတ်လော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ကျမ်းစာတွင် ဘုရားသခင်က ‘သင်တို့သည် ဘုရားများဖြစ်ကြ၏’ ဟူ၍ ဖော်ပြထားသည်မဟုတ်လော။ မြန်မာ ယေရှုကလည်း၊ သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။- |
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ဘုရားများရှေ့တွင်ကိုယ်တော်ရှင်အား ထောမနာသီချင်းဆိုပါ၏။
ဘုရားသခင်သည်ကောင်းကင်တွင်ကျင်းပ သည့် ကောင်စီအစည်းအဝေး၌နေရာယူတော်မူ၏။ ကိုယ်တော်သည်ဘုရားတို့၏အစည်းဝေး၌ စီရင်ဆုံးဖြတ်တော်မူသည်မှာ
``သင်တို့သည်ဘုရားသခင်ကိုပြစ်မှားပြော ဆိုခြင်းမပြုရ။ သင်တို့၏လူမျိုးခေါင်းဆောင် ကိုမကျိန်ဆဲရ။
သူသည်ဣသရေလအမျိုးသားတို့အားပြော ပြစရာရှိသမျှကို သင့်ကိုယ်စားပြောလိမ့်မည်။ သူသည်သင်၏ပြောရေးဆိုခွင့်ရှိသူဖြစ်လိမ့် မည်။ သူသည်လည်းသင်ပြောသမျှကိုဘုရား အမိန့်ကဲ့သို့ခံယူလိမ့်မည်။-
ထာဝရဘုရားကမောရှေအား``အီဂျစ်ဘုရင် ၏ရှေ့တွင်သင်သည်ဘုရားကဲ့သို့လည်းကောင်း၊ သင်၏အစ်ကိုအာရုန်သည်သင့်ကိုယ်စားပြော ဆိုရသောပရောဖက်ကဲ့သို့လည်းကောင်းငါ ဖြစ်စေမည်။-
ကျမ်းစာတော်ဖော်ပြသည့်အရာများသည် အစဉ် မှန်ကန်ကြောင်းကိုငါတို့သိကြ၏။ ဘုရားသခင် ကမိမိ၏တရားတော်ကိုကြားနာရသူတို့အား `ဘုရားများ' ဟုဖော်ပြသည်။-
လူတို့က ``မေရှိယသည်ထာဝစဉ်အသက်ရှင် တော်မူ၏ဟုပညတ်ကျမ်းကဆိုပါသည်။ သို့ ဖြစ်၍`လူသားသည်မြေမှမြှောက်ထားခြင်းကို ခံရမည်' ဟုအဘယ်ကြောင့်သင်ဆိုပါသနည်း။ လူသားကားအဘယ်သူနည်း'' ဟုမေးမြန်းကြ ၏။
ဤသို့မုန်းကြရခြင်းမှာပညတ်ကျမ်း၌ `သူ တို့သည်ငါ့ကိုအကြောင်းမဲ့မုန်းကြ၏' ဟူ၍ ရေးသားဖော်ပြထားသည့်အတိုင်းဖြစ်ပျက် ခြင်းပင်တည်း။''
သင်တို့၏ပညတ်ကျမ်းတွင် ``သက်သေနှစ်ဦး ထွက်ဆိုလျှင်အမှန်ဖြစ်၏'' ဟုဖော်ပြပါ ရှိ၏။-
ကျမ်းစာတော်တွင်၊ ``ငါ၏လူစုတော်အားထူးဆန်းသော ဘာသာစကားများဖြင့်ငါပြောမည်။ လူမျိုးခြားတို့၏နှုတ်ဖြင့်ငါပြောမည်။ သို့သော်လည်းငါ၏လူစုတော်သည် ငါ့စကားကိုနားထောင်ကြလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏'' ဟူ၍ဖော်ပြပါရှိ၏။-