ရှင်ယောဟန် 10:32 - Common Language Bible သခင်ယေရှုက ``ခမည်းတော်စေခိုင်းတော်မူ သဖြင့် ငါသည်ကောင်းမြတ်သောအမှုများ ကိုပြုခဲ့၏။ ၎င်းအမှုများအနက်အဘယ် အမှုကြောင့်ငါ့အားသင်တို့ခဲနှင့်ပေါက်လို ကြသနည်း'' ဟုမေးတော်မူ၏။ Garrad Bible ယေရှုက ခမည်းတော်ထံမှကောင်းသောအမှုများကိုငါပြခဲ့ရာ မည်သည့်အမှုကြောင့်ပစ်ခတ်ကြသနည်းဟု မေးတော်မူသည့်ကာလ၊ Judson Bible ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ခမည်းတော်၏ ညွှန်ကြားချက်နှင့်အညီ ကောင်းသောအမှုများကို ငါပြခဲ့၏။ ထိုအမှုများထဲမှ မည်သည့်အမှုကြောင့် ငါ့ကို ခဲနှင့် ပေါက်သတ်ကြမည်နည်း” ဟု မေးတော်မူ၏။ မြန်မာ ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊- |
တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
ထိုနောက်ငါက``အကျွန်ုပ်သည်အရှင်နှင့် အရှင့်မှူးမတ်များသို့မဟုတ်ဤပြည်သူ တို့ကိုအဘယ်သို့ပြစ်မှားမိသဖြင့် အရှင် သည်အကျွန်ုပ်အားအကျဉ်းချ၍ထား တော်မူပါသနည်း။-
မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။-
သခင်ယေရှုက ``သင်တို့အားငါပြောပြီးဖြစ် ၏။ သို့ရာတွင်သင်တို့မယုံကြ။ ခမည်းတော်ခွင့် ပြုတော်မူချက်အရငါပြုသည့်အမှုအရာ များက ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။-
သူတို့က ``ကောင်းမြတ်သောအမှုတစ်စုံတစ်ရာ ကိုသင်ပြုသောကြောင့်ခဲနှင့်ပေါက်မည်မဟုတ်။ သင်သည်လူစင်စစ်ဖြစ်ပါလျက်ဘုရားယောင် ဆောင်ကာ ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသောကြောင့်ခဲနှင့်ပေါက်မည်'' ဟုဆို ကြ၏။
ခမည်းတော်၏အမှုတော်များကိုငါမဆောင် ရွက်လျှင် ငါ့အားမယုံကြည်ကြနှင့်။-
သို့ရာတွင်ယောဟန်၏သက်သေခံချက်ထက် ကြီးမြတ်သည့်သက်သေခံချက်ငါ့မှာရှိ၏။ ခမည်းတော်ငါ့အားပေးအပ်သဖြင့် ယခုငါ လုပ်ဆောင်လျက်ရှိသည့်အမှုအရာများကပင် ငါ့ကိုခမည်းတော်စေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။-
နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-
``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။-
မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။