မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့်သိုးကောင်ရေတစ်သိန်းနှစ်သောင်းကို မိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်းတို့ သည်ဗိမာန်တော်ကိုအနုမောဒနာပြုကြ လေသည်။-
ရှင်ယောဟန် 10:22 - Common Language Bible ထိုအချိန်၌ယေရုရှလင်မြို့တွင် ဗိမာန်တော်ကို ဆက်ကပ်သည့်ပွဲတော်ကျရောက်လျက်ရှိ၏။ ထို အခါကားဆောင်းရာသီဖြစ်၏။- Garrad Bible ထိုအခါ ယေရုရှလင်မြို့၌ အနုမောဒနာပွဲကျ၍ ဆောင်းကာလဖြစ်သဖြင့်၊ Judson Bible ဆောင်းကာလဖြစ်၍ အင်္ကဲနိပွဲကို ယေရုရှလင်မြို့၌ ခံကြသောအခါ၊- မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ်က ဂျေရုဆလင်မြို့၌ ဗိမာန်တော်သန့်စင်ခြင်းအထိမ်းအမှတ်ပွဲတော်ရှိ၏။ အချိန်ကား ဆောင်းကာလဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကာလသည် ဆောင်းရာသီဖြစ်၏။ ထိုအချိန်၌ ဂျေရုဆလင်မြို့တွင် ဗိမာန်တော်ရည်စူးဆက်ကပ်သည့် အင်ကဲနိပွဲတော် ကျင်းပလျက်ရှိ၏။ မြန်မာ ဆောင်းကာလဖြစ်၍ အင်္ကဲနိပွဲကို ယေရုရှလင်မြို့၌ ခံကြသောအခါ၊- |
မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့်သိုးကောင်ရေတစ်သိန်းနှစ်သောင်းကို မိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်းတို့ သည်ဗိမာန်တော်ကိုအနုမောဒနာပြုကြ လေသည်။-
မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့် သိုးကောင်ရေတစ်သိန်းနှစ်သောင်းကိုမိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်း တို့သည် ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်ရာဗိမာန်တော်ကိုအနုမောဒနာ ပြုကြလေသည်။-
ထိုနောက်ဣသရေလပြည်သူများဖြစ်ကြသည့်ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူမှန်သမျှတို့သည် ဗိမာန်တော်ကိုရွှင်လန်းဝမ်းမြောက်စွာ အနုမောဒနာပြုကြကုန်၏။-
ယေရုရှလင်မြို့မှရောက်လာကြသောကျမ်းတတ် ဆရာများက ``ကိုယ်တော်သည်ဗေလဇေဗုလ နတ်မိစ္ဆာစွဲကပ်သူဖြစ်သည်။ ထိုနတ်မိစ္ဆာဘုရင် ကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်သည်'' ဟု ဆိုကြ၏။
သို့ရာတွင်အခြားသူတို့က ``နတ်မိစ္ဆာစွဲကပ်သူ သည် ဤသို့သောစကားကိုမပြောမဆိုနိုင်ရာ။ နတ်မိစ္ဆာစွဲကပ်သူသည်အဘယ်သို့လျှင် မျက်မ မြင်များကိုမျက်စိမြင်စေနိုင်ပါမည်နည်း'' ဟုဆိုကြ၏။
သခင်ယေရှုသည်ဗိမာန်တော်ရှိရှောလမုန် မုခ်တွင် စင်္ကြံသွားလျက်နေတော်မူ၏။-