တပည့်တော်တို့သည်လွန်မင်းစွာကြောက်လန့်လျက် ရှိကြသဖြင့် ပေတရုသည်မည်သို့လျှောက်ထားရ မည်ကိုမသိ၍ယင်းသို့လျှောက်ထားလိုက်သတည်း။
တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း၍ ထိုသို့လျှောက်သတည်း။-
သူတို့သည် အလွန်ကြောက်ရွံ့ကြသဖြင့် ပေတရုသည် မည်သို့လျှောက်ရမည်ကိုမသိသောကြောင့် ထိုသို့လျှောက်ထားခြင်းဖြစ်၏။
တပည့်တော်တို့သည် အလွန်ကြောက်လန့်ကြသောကြောင့် ပေတရုသည်လည်း မည်သို့လျှောက်ရမည်ကို မသိဘဲ ထိုသို့လျှောက်ဆိုမိခြင်းဖြစ်၏။
ထိုအခါပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေထိုင်ဖွယ်ကောင်းပါ၏။ ကိုယ်တော်ရှင်အတွက် တဲတစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ်တို့ ဆောက်ပါရစေ'' ဟုသခင်ယေရှုအားလျှောက် ထား၏။-
ထိုနောက်မိုးတိမ်တိုက်တစ်ခုသည်ပေါ်လာ၍သူတို့ အပေါ်သို့တိမ်ရိပ်ကျလေသည်။ ``ဤသူကားငါ ၏ချစ်သားဖြစ်၏။ သူ၏စကားကိုနားထောင် လော့'' ဟုမိုးတိမ်ကအသံတော်ထွက်ပေါ်လာ၏။-
ထိုသူနှစ်ဦးတို့ကိုယ်တော်၏ထံမှထွက်ခွာသွား နေကြစဉ်ပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ ကိုယ်တော်အတွက်တဲ တစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ် တို့ဆောက်ပါရစေ'' ဟုပြောမိပြောရာပြောဆို လျှောက်ထား၏။
ထိုအရှင်ကိုတွေ့သောအခါငါသည်သူသေ သဖွယ် ခြေတော်ရင်း၌လဲကျသွားလေသည်။ ကိုယ်တော်သည်ငါ့အပေါ်သို့လက်ယာလက် တော်ကိုတင်တော်မူပြီးလျှင်``မကြောက်နှင့် ငါသည်အစနှင့်အဆုံးဖြစ်၏။-