ယောဟန်ပေါ်ထွန်းလာချိန်တိုင်အောင်ပရောဖက် အပေါင်းနှင့်မောရှေ၏ပညတ်ကျမ်းကနိုင်ငံ တော်အကြောင်းကိုဖော်ပြခဲ့ကြပေသည်။-
ရှင်မာကု 9:4 - Common Language Bible တပည့်တော်သုံးဦးတို့၏ရှေ့တွင် ဧလိယနှင့် မောရှေပေါ်လာ၍သခင်ယေရှုနှင့်စကား ပြောနေကြ၏။- Garrad Bible ဧ လိ ယ သည် မော ရှေ နှင့် တ ကွ ထင် ရှား၍ ယေ ရှု နှင့် တိုင် ပင် ကြ ရာ၊ Judson Bible မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဧလိယနှင့်မောရှေတို့သည်လည်း သူတို့ရှေ့တွင်ပေါ်လာ၍ ယေရှုနှင့်စကားပြောနေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဧလိယနှင့် မောရှေတို့သည် ပေါ်လာ၍ ယေရှုနှင့် စကားပြောနေကြ၏။ မြန်မာ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။- |
ယောဟန်ပေါ်ထွန်းလာချိန်တိုင်အောင်ပရောဖက် အပေါင်းနှင့်မောရှေ၏ပညတ်ကျမ်းကနိုင်ငံ တော်အကြောင်းကိုဖော်ပြခဲ့ကြပေသည်။-
အဝတ်တော်သည်တောက်ပလျက်လွန်မင်းစွာ ဖြူဖွေးလာ၏။ ဤမျှဖြူဖွေးစေရန်ဤလောက တွင်မည်သည့်ခဝါသည်မျှမတတ်နိုင်ရာ။-
ထိုအခါပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေထိုင်ဖွယ်ကောင်းပါ၏။ ကိုယ်တော်ရှင်အတွက် တဲတစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ်တို့ ဆောက်ပါရစေ'' ဟုသခင်ယေရှုအားလျှောက် ထား၏။-
ထိုနောက်သခင်ယေရှုသည်မောရှေကျမ်းမှ အစပြု၍ပရောဖက်ကျမ်းအားလုံးတွင် ကိုယ်တော်အကြောင်းနှင့်ပတ်သက်သည့်ကျမ်း ပိုဒ်များကိုထိုသူနှစ်ယောက်တို့အားရှင်လင်း ၍ပြတော်မူ၏။
ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
တပည့်တော်တို့က ``ဗတ္တိဇံဆရာယောဟန်ဟု အချို့ဆိုကြပါသည်။ အချို့ကဧလိယဟူ၍ လည်းကောင်း၊ အချို့ကမူပြန်လည်အသက်ရှင်လာ သောရှေးပရောဖက်တစ်ပါးဟူ၍လည်းကောင်း ပြောဆိုကြပါသည်'' ဟုလျှောက်ထားကြ၏။
ကျမ်းစာတော်တွင်ရှာဖွေ၍ထာဝရအသက် ကိုတွေ့ရှိလိမ့်မည်ဟုသင်တို့ထင်မှတ်ကြသဖြင့် ကျမ်းစာတော်ကိုအပတ်တကုတ်လေ့လာကြ၏။ ထိုကျမ်းစာတော်ကပင်လျှင်ငါ့အကြောင်းကို သက်သေခံ၏။-
ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။ အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။