တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်အဘယ်ကြောင့်လူတို့အားပုံ ဥပမာဖြင့်သာလျှင်မိန့်တော်မူပါသနည်း'' ဟု မေးလျှောက်ကြ၏။
ရှင်မာကု 9:28 - Common Language Bible ကိုယ်တော်သည်အိမ်သို့ပြန်ရောက်၍တစ်ကိုယ်တည်း ရှိတော်မူသောအခါ တပည့်တော်တို့က ``အကျွန်ုပ် တို့သည်ထိုနတ်ကိုအဘယ်ကြောင့်နှင်ထုတ်၍ မရပါသနည်း'' ဟုမေးလျှောက်ကြ၏။ Garrad Bible အိမ် သို့ ဝင် တော် မူ သော် တ ပည့် တော် တို့ က အ ဘယ် ကြောင့် ထို နတ် ကို တ ပည့် တော် တို့ မ နှင် ထုတ် နိုင် ပါ သ နည်း ဟု အ သီး အ ခြား မေး လျှောက် ကြ လျှင်၊ Judson Bible အိမ်သို့ ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု တိတ်ဆိတ်စွာ မေးလျှောက်ကြသော်၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု တိတ်တဆိတ်မေးလျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် အိမ်ထဲသို့ ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် နတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။ မြန်မာ အိမ်သို့ ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု တိတ်ဆိတ်စွာ မေးလျှောက်ကြသော်၊- |
တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်အဘယ်ကြောင့်လူတို့အားပုံ ဥပမာဖြင့်သာလျှင်မိန့်တော်မူပါသနည်း'' ဟု မေးလျှောက်ကြ၏။
ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။
ပေတရုက ``ထိုပုံဥပမာကိုအကျွန်ုပ်တို့အား ရှင်းပြတော်မူပါ'' ဟုလျှောက်၏။
ရက်အနည်းငယ်ကြာသောအခါကိုယ်တော်သည် ကပေရနောင်မြို့သို့ပြန်လည်ရောက်ရှိလာ၏။ အိမ်သို့ကိုယ်တော်ရောက်ရှိနေသည့်သတင်းကို လူတို့ကြားကြကုန်၏။-
ထိုနောက်ကိုယ်တော်သည်အိမ်သို့ပြန်တော်မူ၏။ လူ တို့သည်စုရုံးလာကြပြန်သည်။ ထို့ကြောင့်ကိုယ်တော် နှင့်တပည့်တော်တို့မှာအစားအစာသုံးဆောင်ရန် ပင်အခွင့်မရကြ။-
လူပရိသတ်ကင်းရှင်းချိန်၌တပည့်တော်တစ် ဆယ့်နှစ်ဦးနှင့်တကွ နောက်တော်ပါးမှလိုက်လာ သူတို့သည် ပုံဥပမာများ၏အနက်အဋ္ဌိပ္ပါယ် ကိုကိုယ်တော်အားမေးလျှောက်ကြ၏။-
ပုံဥပမာနှင့်ကင်း၍ဟောတော်မမူ။ တပည့်တော် တို့အားလူပရိသတ်ကင်းရှင်းချိန်၌ ခပ်သိမ်း သောအရာတို့ကိုရှင်းလင်းဖော်ပြတော်မူ၏။
ကိုယ်တော်သည်ပရိသတ်ရှိရာမှကြွ၍အိမ်ထဲ သို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သည့်ပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုမေးမြန်းကြ၏။-
သို့ရာတွင်သခင်ယေရှုသည်သူငယ်၏လက်ကို ကိုင်လျက်ထူမတော်မူ၏။ ထိုအခါသူငယ်သည် ထလေ၏။
ကိုယ်တော်က ``ဆုတောင်းခြင်းမှတစ်ပါး အခြား အဘယ်နည်းနှင့်မျှဤနတ်မျိုးကိုနှင်ထုတ်၍ မရ'' ဟုမိန့်တော်မူ၏။