ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။
ရှင်မာကု 9:10 - Common Language Bible သူတို့သည်ဤအမိန့်ကိုလိုက်နာကြသော်လည်း ``သေခြင်းမှထမြောက်သည်ဆိုသည်ကားအဘယ် နည်း'' ဟုအချင်းချင်းဆွေးနွေးလျက်နေကြ၏။- Garrad Bible တ ပည့် တော် တို့ သည် လိုက် နာ၍ သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ခြင်း ဆို လို သည် ကို အ ချင်း ချင်း ဆွေး နွေး လျက်၊ Judson Bible တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည်လည်း ထိုစကားကို မှတ်သားထားလျက် သေသောသူတို့ထဲမှ ထမြောက်ခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်းဟု အချင်းချင်းဆွေးနွေးမေးမြန်းကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် တပည့်တော်တို့သည် ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောကြပေ။ သို့သော် သေခြင်းမှ ထမြောက်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်းဟုသာ အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။ မြန်မာ တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။- |
ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။
ပေတရုသည်ကိုယ်တော်အားမလှမ်းမကမ်းနေရာ သို့ပင့်ဖိတ်ပြီးလျှင် ``သခင်ဘုရား၊ ကိုယ်တော်ရှင် ဖော်ပြခဲ့သည့်အမှုအရာများမဖြစ်ပျက်စေ ရန်ဘုရားသခင်ဆီးတားတော်မူပါစေသော။ ကိုယ်တော်ရှင်သည်ထိုအမှုအရာများနှင့် အဘယ်အခါ၌မျှမကြုံမတွေ့ရပါစေနှင့်'' ဟုပြစ်တင်လျှောက်ထား၏။
ထိုနောက်ကိုယ်တော်အား ``ကျမ်းတတ်ဆရာတို့ က ဦးစွာပထမဧလိယကြွလာလိမ့်မည်ဟု အဘယ်ကြောင့်ဆိုပါသနည်း'' ဟုမေးလျှောက် ကြ၏။
တပည့်တော်တို့သည်ကိုယ်တော်၏စကားတော်ကို နားမလည်ကြ။ သို့ရာတွင်ကိုယ်တော်အားမမေး မလျှောက်ဝံ့ကြ။
ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်ကိုယ်တော် က ``သင်တို့တွေ့မြင်ခဲ့သည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။
တပည့်တော်တို့သည်ထိုစဉ်အခါကဤ ကျမ်းချက်ကိုနားမလည်ကြ။ သခင်ယေရှု ဘုန်းအသရေပွင့်တော်မူသောအခါကျမှ ဤကျမ်းချက်ကားကိုယ်တော်၏အကြောင်း ဖော်ပြသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ အတွက်ထိုသို့ပြုခဲ့ကြသည်ကိုလည်းကောင်း ပြန်လည်သတိရကြ၏။
ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။ အခြားသူများက ``သူသည်လူမျိုးခြားတို့၏ နတ်ဘုရားများအကြောင်းကို ပြောဆိုနေဟန် တူ၏'' ဟုဆိုကြ၏။ ထိုသူတို့ဤသို့ပြောကြ ခြင်းမှာပေါလုသည်သခင်ယေရှုအကြောင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း တို့ကိုဟောပြောနေသောကြောင့်ဖြစ်၏။-