သင်တို့ငါ့ထံသို့ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောအခါ ထိုအရာများကိုယူဆောင်လာရကြမည်ဟုသင်တို့အားအဘယ်သူစေခိုင်းပါသနည်း။ အဘယ်သူသည်သင်တို့အားငါ၏ဗိမာန်တော်တွင် ဤသို့ရှုပ်ယှက်ခတ်သွားလာစေပါသနည်း။-
ရှင်မာကု 7:8 - Common Language Bible ``သင်တို့သည်ဘုရားသခင်၏ပညတ်တော်ကို ပစ်ပယ်၍ လူတို့၏ထုံးတမ်းစဉ်လာများကိုလိုက် နာကြ၏'' ဟုမိန့်တော်မူ၏။ Garrad Bible ဘု ရား သ ခင့် ပ ညတ် တော် ကို ပယ်၍ လူ တို့ ရှေး ထုံး နည်း ကို သင် တို့ စွဲ မြဲကြ သည် ဟု မိန့် တော် မူ၏။ Judson Bible အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျက်၊ ထိုသို့သော အခြား အကျင့်အလေ့များတို့ကို ကျင့်လေ့ရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကိုပယ်၍ လူတို့၏ဓလေ့ထုံးတမ်းကို ခံယူကျင့်သုံးကြ၏”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ လူတို့၏ ဓလေ့ထုံးတမ်းများကို အစားထိုးလိုက်နာကြ၏” ဟု မိန့်တော်မူ၏။ မြန်မာ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျက်၊ ထိုသို့သော အခြား အကျင့်အလေ့များတို့ကို ကျင့်လေ့ရှိကြ၏။- |
သင်တို့ငါ့ထံသို့ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောအခါ ထိုအရာများကိုယူဆောင်လာရကြမည်ဟုသင်တို့အားအဘယ်သူစေခိုင်းပါသနည်း။ အဘယ်သူသည်သင်တို့အားငါ၏ဗိမာန်တော်တွင် ဤသို့ရှုပ်ယှက်ခတ်သွားလာစေပါသနည်း။-
သို့ဖြစ်၍ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများ က ``အဘယ်ကြောင့်ကိုယ်တော်၏တပည့်များသည် ရှေးလူကြီးများ၏ထုံးတမ်းစဉ်လာများကို မလိုက်နာကြသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။-
ဘာသာတရားကိုလက်တွေ့ကျင့်သုံးရာတွင် ငါ သည်မိမိနှင့်သက်တူရွယ်တူယုဒအမျိုးသား အများတို့ထက် ပို၍စိတ်အားထက်သန်စွာဘိုး ဘေးတို့၏ထုံးတမ်းစဉ်လာများကိုလိုက် လျှောက်ခဲ့၏။