ထိုနောက်ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူ၍ ငါ၏နှုတ်ကိုတို့တော်မူပြီး လျှင်``နားထောင်လော့၊ သင်ပြောဆိုရမည့်ဗျာ ဒိတ်စကားကို ယခုပင်သင့်အားငါပေး၏။
ရှင်မာကု 7:33 - Common Language Bible သခင်ယေရှုသည်လူပရိသတ်ထဲမှထိုသူ တစ်ယောက်တည်းကို လူရှင်းရာသို့ခေါ်သွားတော် မူပြီးနောက် သူ၏နားများအတွင်းသို့လက်ညှိုး တော်ကိုထိုးထည့်တော်မူ၏။ တံတွေးထွေး၍ သူ၏လျှာကိုလည်းတို့တော်မူ၏။- Garrad Bible ကိုယ် တော် သည် ထို လူ ပ ရိတ် သတ် မှ အ သီး အ ခြား ခေါ် သွား၍ နား များ၌ လက် ညှိုး တော် သွင်း ခြင်း၊ တံ တွေး တော် ဖြင့် လျှာ ကို တို့ ခြင်း ပြု ပြီး နောက်၊ Judson Bible ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲကခေါ်၍၊ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံတွေးနှင့် ထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ထိုသူတစ်ဦးတည်းကိုသာ လူထုပရိသတ်ထဲမှခေါ်သွား၍ လက်ညှိုးတော်တို့ကို သူ၏နားနှစ်ဖက်ထဲသို့ သွင်းတော်မူ၏။ တစ်ဖန် တံတွေးထွေး၍ သူ၏လျှာကို တံတွေးဖြင့်တို့တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုသူကို လူအစုအဝေးထဲမှ သီးခြားခေါ်သွားတော်မူ၏။ ထို့နောက် လက်ညှိုးတော်တို့ကို သူ၏နားနှစ်ဖက်ထဲသို့ ထည့်သွင်းတော်မူ၏။ တစ်ဖန် တံတွေးထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။ မြန်မာ ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲကခေါ်၍၊ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံတွေးနှင့် ထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။- |
ထိုနောက်ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူ၍ ငါ၏နှုတ်ကိုတို့တော်မူပြီး လျှင်``နားထောင်လော့၊ သင်ပြောဆိုရမည့်ဗျာ ဒိတ်စကားကို ယခုပင်သင့်အားငါပေး၏။
ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊-
ထိုအခါလူတို့သည်ကိုယ်တော်ကိုပြောင်လှောင်ကြ ၏။ ကိုယ်တော်သည်သူတို့ကိုအပြင်သို့နှင်ထုတ်တော် မူပြီးလျှင် သူငယ်မ၏မိဘများနှင့်တပည့်တော် သုံးယောက်တို့ကိုခေါ်၍ သူငယ်မရှိရာအခန်းထဲ သို့ဝင်တော်မူ၏။-
ကိုယ်တော်သည်မျက်မမြင်ကိုလက်ဆွဲကာရွာ အပြင်သို့ခေါ်သွားတော်မူ၏။ သူ၏မျက်စိများ ကိုတံတွေးနှင့်ထွေး၍ သူ၏အပေါ်မှာလက်တော် ကိုတင်တော်မူ၏။ ထိုနောက် ``သင်ယခုမျက်စိ မြင်ပြီလော'' ဟုမေးတော်မူ၏။