ထိုအခါကိုယ်တော်က ``သင်ဤသို့လျောက်ပတ်စွာ လျှောက်ထားသည့်အတွက်ကြောင့်အိမ်သို့ပြန်လော့။ နတ်မိစ္ဆာသည်သင့်သမီးထံမှထွက်ခွာသွားလေ ပြီ'' ဟုမိန့်တော်မူ၏။
ရှင်မာကု 7:30 - Common Language Bible ထိုအမျိုးသမီးသည်မိမိအိမ်သို့ပြန်ရောက်သော် နတ်မိစ္ဆာထွက်သွားသဖြင့် အိပ်ရာထဲမှာငြိမ်သက် စွာလဲလျောင်းနေသောမိမိ၏သမီးငယ်ကိုတွေ့ ရ၏။ Garrad Bible ထို မိန်း မ သည် အိမ် သို့ ပြန် သော် နတ် ထွက် ခွာ လျက် အိပ် ယာ ပေါ် တွင် သူ ငယ် မ အိပ် နေ သည် ကို တွေ့ မြင် လေ ၏။ Judson Bible ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍ နတ်ဆိုး ထွက်သွားသည်ကိုလည်းကောင်း၊ သမီးသည် အိပ်ရာ၌ အိပ်လျက်ရှိသည်ကိုလည်းကောင်း တွေ့၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထိုအမျိုးသမီးသည် မိမိအိမ်သို့ပြန်သွားရာ သမီးသည် ခုတင်ပေါ်၌လဲလျောင်းနေ၍ နတ်ဆိုးသည် ထွက်သွားပြီဖြစ်ကြောင်း တွေ့ရလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမျိုးသမီးသည် အိမ်သို့ရောက်သော် နတ်ဆိုးသည် ထွက်သွား၍ သမီးဖြစ်သူမှာလည်း အိပ်ရာ၌ လဲလျောင်းလျက်ရှိသည်ကို တွေ့ရလေ၏။ မြန်မာ ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍ နတ်ဆိုး ထွက်သွားသည်ကိုလည်းကောင်း၊ သမီးသည် အိပ်ရာ၌ အိပ်လျက်ရှိသည်ကိုလည်းကောင်း တွေ့၏။ |
ထိုအခါကိုယ်တော်က ``သင်ဤသို့လျောက်ပတ်စွာ လျှောက်ထားသည့်အတွက်ကြောင့်အိမ်သို့ပြန်လော့။ နတ်မိစ္ဆာသည်သင့်သမီးထံမှထွက်ခွာသွားလေ ပြီ'' ဟုမိန့်တော်မူ၏။
တုရုဒေသမှအပြန်တွင်ကိုယ်တော်သည်ဇိဒုန် ဒေသကိုလည်းကောင်း၊ ဒေကာပေါလိပြည် အလယ်ပိုင်းကိုလည်းကောင်းဖြတ်၍ ဂါလိလဲ အိုင်သို့ကြွတော်မူ၏။-
အြုပစ်တရားကိုကျင့်သုံးသူသည်မာရ်နတ် ၏ဘက်သားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မူလအစကတည်းကပင်လျှင် အပြစ်ကူးသူဖြစ်သောကြောင့်တည်း။ ဘုရား သခင်၏သားတော်ပေါ်ထွန်းတော်မူသည့် အကြောင်းမှာ မာရ်နတ်ပြုခဲ့သည့်အမှုကို ချေဖျက်ရန်ပင်ဖြစ်ပေသည်။