ရှင်မာကု 6:8 - Common Language Bible ကိုယ်တော်က ``လမ်းခရီးအတွက်တောင်ဝှေးမှ တစ်ပါး အဘယ်အရာကိုမျှမယူကြနှင့်။ ရိက္ခာ၊ လွယ်အိတ်၊ ခါးပန်း၌ကြေးငွေများကိုယူမ သွားကြနှင့်။- Garrad Bible လမ်း ခ ရီး အ ဖို့ စီး သော ဖိ နပ်၊ တောင် ဝေး တစ် ချောင်း များ ပြင် မည် သည့် အ ရာ ကို မျှ မ ဆောင် ရ။ လွယ် အိတ်၊ ရိ က္ခာ၊ ခါး ပန်း တွင် ကြေး ငွေ မ ပါ ရ။ အင်္ကျီ နှစ် ထည် လည်း မ ဝတ် ရ ဟူ၍ မှာ တော် မူ လိုက် ၏။ Judson Bible သင်တို့သည် တောင်ဝှေးတစ်ခုမှတစ်ပါး လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့် မုန့်မှစ၍ ခါးပန်း၌ ကြေးငွေကို မယူကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် လမ်းခရီးအတွက် တောင်ဝှေးတစ်ချောင်းမှတစ်ပါး မည်သည့်အရာကိုမျှမယူသွားကြရန်နှင့် အစားအစာ၊ လွယ်အိတ်၊ ကြေးဒင်္ဂါးတို့ကိုလည်း ခါးပန်း၌မထည့်သွားဘဲ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်က “ခရီးအတွက် တောင်ဝှေးမှအပ မည်သည့်အရာကိုမျှ မယူကြနှင့်။ အစားအစာ၊ ခရီးဆောင်အိတ်မှစ၍ ခါးစည်း၌လည်း ငွေကို ထည့်မသွားကြနှင့်။ မြန်မာ သင်တို့သည် တောင်ဝှေးတစ်ခုမှတစ်ပါး လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့် မုန့်မှစ၍ ခါးပန်း၌ ကြေးငွေကို မယူကြနှင့်။- |
သင်တို့သည်ပိုက်ဆံအိတ်၊ လွယ်အိတ်၊ ဖိနပ်တို့ကို ယူမသွားကြနှင့်။ လမ်းမှာရပ်၍မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။-
ထိုနောက်ကိုယ်တော်က ``ငါသည်သင်တို့အား ငွေအိတ်၊ လွယ်အိတ်နှင့်ဖိနပ်ကိုမယူစေဘဲ စေလွှတ်ခဲ့၏။ ထိုအခါသင်တို့တွင်တစ်စုံ တစ်ရာချို့တဲ့မှုရှိခဲ့သလော'' ဟုတပည့်တော် တို့အားမေးတော်မူ၏။ တပည့်တော်တို့က ``မရှိပါ'' ဟုလျှောက်ကြ၏။
ကိုယ်တော်က ``လမ်းခရီးအတွက်သင်တို့သည် အဘယ်အရာကိုမျှမယူကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ ရိက္ခာ၊ ကြေးငွေတို့ကိုမယူရကြ။ လူတစ်ကိုယ်လျှင်အင်္ကျီအပိုတစ်ထည်ပင် မပါရ။-