ထာဝရဘုရားငါ့အားပြုတော်မူသော ကျေးဇူးများအတွက်ငါသည်ကိုယ်တော်အား အဘယ်အရာကိုပူဇော်ရပါမည်နည်း။
ရှင်မာကု 5:18 - Common Language Bible ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူစဉ် နတ်မိစ္ဆာ ပူးဝင်ခဲ့သူကနောက်တော်သို့လိုက်ခွင့်ပြုရန် လျှောက်ထားတောင်းပန်၏။ Garrad Bible လှေ ပေါ် သို့ တက် မည် ပြု တော် မူ စဉ် နတ် ပူး ဖူး သူ သည် အ ပါး တော် တွင် နေ ရ ပါ မည့် အ ကြောင်း တောင်း လျှောက် သော်၊ Judson Bible လှေထဲသို့ ဝင်တော်မူသောအခါ နတ်ဆိုးစွဲဖူးသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူစဉ် နတ်ဆိုးပူးခဲ့သူက ကိုယ်တော်နှင့်အတူလိုက်ပါခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် လှေပေါ်သို့ တက်တော်မူလျှင် နတ်ဆိုးပူးခံခဲ့ရသူက ကိုယ်တော်နှင့်အတူ လိုက်ပါခွင့်ပြုရန် တောင်းပန်လေ၏။ မြန်မာ လှေထဲသို့ ဝင်တော်မူသောအခါ နတ်ဆိုးစွဲဖူးသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင်၊- |
ထာဝရဘုရားငါ့အားပြုတော်မူသော ကျေးဇူးများအတွက်ငါသည်ကိုယ်တော်အား အဘယ်အရာကိုပူဇော်ရပါမည်နည်း။
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
သူတို့သည်သခင်ယေရှုထံသို့ရောက်ရှိကြ သောအခါ လေဂေါင်နတ်ပူးဝင်ခဲ့သူသည် အဝတ် ကိုဝတ်ဆင်ကာလူကောင်းပကတိအဖြစ်ထိုင် နေသည်ကိုမြင်လျှင်ကြောက်ကြ၏။-
မျက်မြင်သက်သေများကနတ်မိစ္ဆာပူးဝင်ခဲ့သူ နှင့်ဝက်များ၏အဖြစ်အပျက်ကိုထိုသူတို့ အားပြောပြကြ၏။
ထို့ကြောင့်သူတို့သည်မိမိတို့ဒေသမှထွက်ခွာ သွားတော်မူရန် သခင်ယေရှုအားတောင်းပန် ကြ၏။