အနီးအနားရှိသစ်ပင်များပေါ်တွင်ငှက် တို့သည် အသိုက်လုပ်လျက်သာယာစွာအော်မြည် ကြပါ၏။
ရှင်မာကု 4:32 - Common Language Bible စိုက်ပြီးနောက်ကြီးပွားလာသောအခါ အခြား အပင်ငယ်များအားလုံးထက်ပို၍ကြီးမား၏။ အကိုင်းအခက်ကြီးများလည်းပေါ်ထွက်လာ၏။ ကောင်းကင်ငှက်များပင်ထိုအပင်အရိပ်ဝယ် နားနေနိုင်ကြ၏'' ဟုမိန့်တော်မူ၏။ Garrad Bible စိုက် ပျိုး ပြီး မှ ပေါက် ပွား၍ ဟင်း သီး ဟင်း ရွက် ပင် ရှိ သ မျှ ထက် ကြီး လျက် အ ရိပ် အောက် တွင် လေ သ တ္တ ဝါ တို့ နား နေ လောက် သော အ ခက် ကြီး များ ထွက် သည် ဟု မိန့် တော် မူ၏။ Judson Bible မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုးကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက်သော အကိုင်းအခက်ကြီးတို့ကို ဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း စိုက်ပြီး ကြီးထွားလာသောအခါတွင်မူ ဟင်းသီးဟင်းရွက်ပင်အားလုံးထက်ကြီး၍ ၎င်း၏အရိပ်အောက်တွင် မိုးကောင်းကင်ငှက်တို့သည် အသိုက်ဖွဲ့နေနိုင်လောက်သော ကြီးမားသည့်အကိုင်းများထွက်လာ၏”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကြီးထွားလာသောအခါ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ကြီးမားသောအကိုင်းအခက်များလည်း ထွက်လာ၏။ ငှက်များပင် ထိုအပင်၏အရိပ်၌ နား၍ အသိုက်ဆောက်ကြ၏” ဟု မိန့်တော်မူ၏။ မြန်မာ မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုးကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက်သော အကိုင်းအခက်ကြီးတို့ကို ဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။- |
အနီးအနားရှိသစ်ပင်များပေါ်တွင်ငှက် တို့သည် အသိုက်လုပ်လျက်သာယာစွာအော်မြည် ကြပါ၏။
ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊
ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌ ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ် ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊ ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
သူတို့အားလုံးပင်လေနှင့်မိုးသက်မုန်တိုင်း များမှခိုလှုံရာအရပ်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ခြောက်သွေ့ရာအရပ်၌စီးလျက် နေသည့်ချောင်းများနှင့်လည်းကောင်း၊ ကွင်း ခေါင်ခေါင်နေပူကြဲကြဲတွင်ရှိသောကျောက် တုံးကြီး၏အရိပ်နှင့်လည်းကောင်းတူလိမ့် မည်။-
သူတို့သည်ထာဝရဘုရားရွေးချယ်သည့်ဘုရင် ငါတို့၏အသက်သခင်ရန်သူအပေါင်းတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်ရန်ငါတို့ယုံကြည်ကိုးစားသည့် အရှင်ကိုဖမ်းဆီးကြပါ၏။
အမြင့်ဆုံးသောဣသရေလတောင်ပေါ်မှာ စိုက်မည်။ ထိုအပင်သည်အကိုင်းအခက်များထွက်၍ အသီးသီးကာ လှပတင့်တယ်သောအာရစ်ပင်ဖြစ်လာလိမ့်မည်။ ထိုအပင်၌ငှက်အမျိုးမျိုးတို့အသိုက် လုပ်ကြလိမ့်မည်။ အပင်ရိပ်တွင်လည်းခိုလှုံကြလိမ့်မည်။
ထိုအစေ့သည်အစေ့တကာတို့ထက်သေးငယ် ၏။ သို့ရာတွင်အပင်ပေါက်၍ကြီးထွားလာသော အခါ အခြားအပင်ငယ်များထက်ကြီးမားသည့် အပင်တစ်ပင်ဖြစ်လာ၏။ သို့ဖြစ်၍ငှက်များသည် ထိုအပင်၏အကိုင်းများတွင်အသိုက်ပြုလုပ် နိုင်ကြ၏'' ဟုမိန့်တော်မူသည်။
ဘုရားသခင်၏နိုင်ငံတော်သည်မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည်မြေ၌စိုက်စဉ်အခါ ကမ္ဘာ ပေါ်ရှိအစေ့တကာတို့ထက်သေးငယ်၏။-
ယင်းသို့လျှင်ကိုယ်တော်သည်ထိုသူတို့နားလည် နိုင်သည့်ပုံဥပမာများအားဖြင့် တရားတော် ကိုဟောပြောတော်မူ၏။-