အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။
ရှင်မာကု 4:22 - Common Language Bible ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ်လာ ရပေမည်။ ဖုံးအုပ်ထားသောအရာသည်ပွင့်လာ ရမည်။- Garrad Bible ထင် ရှား စေ ရန် မှ တစ် ပါး ဝှက် ထား သော အ ရာ၊ ဖော် ပြ ရန် မှ တစ် ပါး ဖုံး ထား သော အ ရာ မ ရှိ ချေ။ Judson Bible ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကွယ်ဝှက်ထားသောအရာများတွင် မထင်ရှားလာမည့်အရာဟူ၍မရှိ။ ဖုံးကွယ်ထားသောအရာများတွင်လည်း မထင်ရှားလာမည့်အရာဟူ၍မရှိ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖုံးကွယ်ထားသမျှသည် ဖော်ထုတ်ခံရလိမ့်မည်။ လျှို့ဝှက်ထားသမျှတို့သည် ပေါ်လာလိမ့်မည်။ မြန်မာ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့်မည်။- |
အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။
``ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ် လာရမည်။ ဖုံးအုပ်ထားသောအရာဟူသမျှ သည်ပေါ်လွင်ထင်ရှားလာရမည်။
အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။-
ငါတို့မူကားမိမိတို့ကြားရမြင်ရသည့် အမှုအရာများအကြောင်းကိုမဟောမ ပြောဘဲမနေနိုင်ပါ'' ဟုပြန်ပြောကြ၏။-
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။