ကိုယ်တော်သည်လူပရိသတ်တို့ကိုမြင်တော် မူသဖြင့်တောင်ပေါ်သို့တက်တော်မူ၏။ ကိုယ်တော် ထိုင်တော်မူသောအခါတပည့်တော်တို့သည် အထံတော်သို့လာကြ၏။-
ရှင်မာကု 3:13 - Common Language Bible ထိုနောက်ကိုယ်တော်သည်တောင်ပေါ်သို့ကြွတော် မူ၏။ အလိုရှိသောသူများကိုအထံတော်သို့ ခေါ်တော်မူ၏။- Garrad Bible ထို နောက် တောင် ပေါ် သို့ တက် ကြွ ပြီး လျှင် အ လို တော် ရှိ သူ တို့ ကို ခေါ် တော် မူ သည့် အ တိုင်း အ ထံ တော် သို့ လာ ရောက် ကြ သော်၊ Judson Bible ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံတော်သို့ လာကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့တက်သွား၍ အလိုတော်ရှိသောသူတို့ကိုခေါ်တော်မူလျှင် သူတို့သည် အထံတော်သို့လာကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့ တက်၍ မိမိအလိုရှိသောသူတချို့ကို ခေါ်တော်မူ၏။ ထိုသူတို့သည် ကိုယ်တော်ထံသို့ လာကြ၏။ မြန်မာ ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံတော်သို့ လာကြ၏။- |
ကိုယ်တော်သည်လူပရိသတ်တို့ကိုမြင်တော် မူသဖြင့်တောင်ပေါ်သို့တက်တော်မူ၏။ ကိုယ်တော် ထိုင်တော်မူသောအခါတပည့်တော်တို့သည် အထံတော်သို့လာကြ၏။-
သူတို့သည်အထံတော်သို့လာကြသောအခါ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးကို ရွေးချယ်တော်မူပြီးလျှင်တမန်တော်များဟူ၍ သမုတ်တော်မူ၏။ ထိုနောက်သူတို့အား ``ငါသည် သင်တို့ကိုငါ၏အပါးတွင်နေစေလို၍ရွေး ချယ်ခဲ့၏။ တရားဟောထွက်ရန် သင်တို့အားငါ စေလွှတ်မည်။ နတ်မိစ္ဆာများအားနှင်ထုတ်နိုင်သော တန်ခိုးကိုလည်းငါပေးမည်'' ဟုမိန့်တော်မူ၏။
တပည့်တော်တစ်ဆယ့်နှစ်ဦးတို့ကိုအထံတော် သို့ခေါ်တော်မူပြီးနောက် နှစ်ယောက်စီတွဲ၍မြို့ ရွာများသို့စေလွှတ်တော်မူ၏။ သူတို့အားညစ် ညမ်းသောနတ်များကိုနှိမ်နင်းနိုင်သောတန်ခိုး အာဏာကိုအပ်နှင်းတော်မူ၏။-
သခင်ယေရှုသည်တမန်တော်တစ်ဆယ့်နှစ်ပါးတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် နတ်မိစ္ဆာ အပေါင်းကိုနှင်ထုတ်နိုင်သောတန်ခိုးအာဏာ နှင့် အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးအာဏာကိုပေးအပ်တော်မူ၏။-
သခင်ယေရှုသည်တောင်ပေါ်သို့တက်တော်မူ၍ တပည့်တော်တို့နှင့်အတူထိုင်တော်မူ၏။-