ရှင်မာကု 2:22 - Common Language Bible ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူစပျစ်ရည်သစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ရည်နှင့် သားရေဘူးပါပျက်စီးသွားလိမ့်မည်။ စပျစ်ရည် သစ်ကိုသားရေဘူးသစ်တွင်ထည့်ရမည်'' ဟုထို သူတို့အားမိန့်တော်မူ၏။ Garrad Bible သား ရေ ဘူး ဟောင်း တွင် လည်း မည် သူ မျှ စ ပျစ် ရည် သစ် ကို မ ထည့် တတ်။ ထည့် လျှင် ဘူး ကို စ ပျစ် ရည် ဖောက် ခွဲ သ ဖြင့် ဘူး နှင့် အ ရည် ပျက် တတ်၏။ စ ပျစ် ရည် သစ် ကို ဘူး သစ် တွင် ထည့် လေ့ ရှိ သည် ဟု မိန့် တော် မူ၏။ Judson Bible ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ မည်သူမျှ စပျစ်ဝိုင်အသစ်ကို သားရေဘူးအဟောင်း၌ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် စပျစ်ဝိုင်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်ရောသားရေဘူးပါ ပျက်စီးသွားလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌သာ ထည့်ကြ၏”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့အတူ မည်သူမျှ စပျစ်ဝိုင်အသစ်ကို သားရေဘူးအဟောင်းထဲသို့ ထည့်လေ့မရှိကြ။ ထိုသို့ထည့်လျှင် စပျစ်ဝိုင်အသစ်သည် သားရေဘူးအဟောင်းကို ပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်နှင့် သားရေဘူးနှစ်ခုလုံး ဆုံးရှုံးလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်တွင်သာ ထည့်ရ၏” ဟု ထိုသူတို့ကို မိန့်တော်မူ၏။ မြန်မာ ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။ |
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို တစ်သဝေမတိမ်းလိုက်လှောက်သဖြင့် အရေးရှုံးနိမ့်၍အရှက်ကွဲမှုနှင့် ကင်းလွတ်ပါစေသော။
ကွန်တော်မျိုးသည်စွန့်ပစ်ထားသည့်သားရေ ဘူးကဲ့သို့ အသုံးမဝင်တော့ပါ။ သို့သော်လည်းအထုံးအဖွဲ့တော်တို့ကို မမေ့မလော့ပါ။
ထို့အပြင်စပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်လေ့မရှိ။ ထည့်ခဲ့ပါမူသားရေဘူးသည် ပေါက်ပြဲ၍စပျစ်ရည်ယိုထွက်ကုန်လိမ့်မည်။ သား ရေဘူးလည်းပျက်စီးသွားလိမ့်မည်။ သို့ဖြစ်၍ စပျစ်ရည်နှင့်သားရေဘူးပါမပျက်မစီးဘဲ ရှိစေရန်စပျစ်ရည်သစ်ကိုသားရေဘူးသစ်တွင် သာထည့်ရ၏'' ဟုထိုသူတို့အားမိန့်တော်မူ၏။
``မည်သူမျှပိတ်စသစ်နှင့်အထည်ဟောင်းကို ဖာရိုးမရှိ။ ဖာခဲ့လျှင်ပိတ်စသစ်ကရုန်းသဖြင့် စုတ်ပြဲရာပို၍ဆိုးပေမည်။-
ဥပုသ်နေ့၌ကိုယ်တော်သည်တပည့်တော်တို့နှင့် အတူ ဂျုံခင်းကိုဖြတ်၍လျှောက်သွားစဉ်တပည့် တော်တို့သည်ဂျုံနှံများကိုဆွတ်ခူးကြ၏။-
စပျစ်ရည်ထည့်စဉ်ကသားရေဘူးများသည် လည်းအသစ်ဖြစ်ပါသည်။ ယခုကြည့်ပါ၊ ဘူး များစုတ်ပြဲလျက်ရှိပါသည်။ ခရီးဝေးမှလာ ခဲ့ရသဖြင့်အကျွန်ုပ်တို့၏အဝတ်နှင့်ဖိနပ် များသည်ဟောင်းနွမ်းလျက်ရှိပါသည်'' ဟု ယောရှုအားလျှောက်ထားကြ၏။
သူ့အားလိမ်လည်လှည့်စားရန်ကြံစည်ကြ လေသည်။ သူတို့သည်ဟောင်းနွမ်းသောရိက္ခာ အိတ်များနှင့်အဖာအထေးများရှိသော သားရေစပျစ်ရည်ဘူးများကိုမြည်းများ ပေါ်တွင်တင်ကြသည်။-