လူပရိသတ်တို့သည်များစွာအံ့သြကြ လျက် ``ဤသူသည်ဒါဝိဒ်၏သားတော်ဖြစ်ပါ မည်လော'' ဟုဆိုကြ၏။
ရှင်မာကု 2:12 - Common Language Bible လူပရိသတ်ရှေ့မှောက်၌ပင်ထိုသူသည်ထ၍ ထမ်းစင်ကိုထမ်းပြီးလျှင်ထွက်သွားလေသည်။ ယင်းသို့ထ၍ထွက်သွားသဖြင့်လူအပေါင်း တို့သည်လွန်စွာအံ့သြကြ၏။ ``ဤအချင်း အရာမျိုးကိုငါတို့အဘယ်အခါကမျှ မမြင်စဖူး'' ဟုဆိုကာဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြ၏။ Garrad Bible ချက် ခြင်း ထ ပြီး လျှင် ထမ်း စင် ကို ဆောင်၍ အား လုံး ရှေ့ ထွက် သွား လေ၏။ ထို သူ ရှိ သ မျှ လည်း အံ့ သြ၍ ထို အ တိုင်း ငါ တို့ မ မြင် စ ဖူး ဟု ဆို လျက် ဘု ရား သ ခင်၏ ဘုန်း တော် ကို ချီး မြှောက် ကြ၏။ Judson Bible ထိုသူသည်လည်း ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တစ်ခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လေဖြတ်သောသူသည်ထ၍ အိပ်ရာကိုချက်ချင်းဆောင်ယူလျက် လူအပေါင်းတို့ရှေ့မှထွက်သွားလေ၏။ လူအပေါင်းတို့သည် အံ့သြငေးမော၍ “ငါတို့သည် ဤကဲ့သို့သောအဖြစ်မျိုးကို တစ်ခါမျှမမြင်စဖူး”ဟု ပြောဆိုလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ချက်ချင်း ထ၍ ထမ်းစင်ကို ယူကာ လူထုကြားမှ ထွက်သွားလေ၏။ လူတို့သည် အံ့အားသင့်လျက် “ဤသို့သောအဖြစ်အပျက်မျိုးကို မည်သည့်အခါမျှ မမြင်ဖူးပါ” ဟု ပြောဆိုကာ ဘုရားသခင်ကို ချီးမွမ်းကြ၏။ မြန်မာ ထိုသူသည်လည်း ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တစ်ခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ |
လူပရိသတ်တို့သည်များစွာအံ့သြကြ လျက် ``ဤသူသည်ဒါဝိဒ်၏သားတော်ဖြစ်ပါ မည်လော'' ဟုဆိုကြ၏။
ဆွံ့အသူများစကားပြောကြသည်ကိုလည်း ကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများအကောင်းပကတိ ဖြစ်လာသည်ကိုလည်းကောင်း၊ ခြေမစွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင် များမျက်စိမြင်ကြသည်ကိုလည်းကောင်းတွေ့မြင် ကြသောအခါ လူပရိသတ်တို့သည်လွန်စွာ အံ့သြ၍ ဣသရေလအမျိုးသားတို့ဘုရား သခင်၏ဘုန်းတော်ကိုချီးကူးကြကုန်၏။
နတ်မိစ္ဆာကိုနှင်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဆွံ့အသူသည်စကားပြောလေ၏။ လူပရိသတ် တို့သည်လွန်စွာအံ့သြကြလျက် ``ဤသို့သော အခြင်းအရာမျိုးကိုဣသရေလနိုင်ငံတွင် မမြင်စဖူး'' ဟုပြောဆိုကြ၏။
ဤအခြင်းအရာကိုတွေ့မြင်ကြသောလူပရိ သတ်တို့သည်ကြောက်ရွံ့ကြလျက်လူတို့အား ဤသို့သောတန်ခိုးကိုပေးတော်မူသောဘုရား သခင်၏ဘုန်းအသရေတော်ကိုချီးကူးကြ၏။
လူအပေါင်းတို့သည်လွန်စွာအံ့သြကြလျက် ``ဤ အချင်းအရာကားအဘယ်သို့နည်း။ သြဝါဒသစ် တစ်မျိုးပေလော။ သူသည်ညစ်ညမ်းသောနတ်များကို အာဏာနှင့်အမိန့်ပေး၍ နတ်တို့ကလိုက်နာကြ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။-
သူ၏အပေါ်မှာလက်တော်ကိုတင်တော်မူ သဖြင့် သူသည်ချက်ချင်းပင်ခါးဆန့်သွား၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးကူး လေ၏။
သူတို့အနက်လူတစ်ယောက်သည်မိမိရောဂါ ပျောက်ကင်းသွားကြောင်းကိုသိသောအခါ ဘုရားသခင်၏ဘုန်းအသရေတော်ကိုအသံ ကျယ်စွာချီးကူးလျက်ကိုယ်တော်၏ထံသို့ ပြန်လာ၏။-
လူအပေါင်းတို့သည်လွန်စွာအံ့သြကြောက်ရွံ့ လျက် ``အံ့ဖွယ်သောအရာများကိုငါတို့ ယနေ့တွေ့မြင်ရလေပြီ'' ဟုပြောဆို၍ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြ၏။
လူအပေါင်းတို့သည်ကြောက်ရွံ့လျက်ဘုရားသခင် ၏ဂုဏ်ကျေးဇူးတော်ကိုချီးကူးကြ၏။ သူတို့ က ``ငါတို့တွင်ပရောဖက်ကြီးတစ်ပါးပေါ်ထွန်း လေပြီ။ ဘုရားသခင်သည်မိမိလူစုတော်အား ကယ်တင်ရန်ကြွလာတော်မူပြီ'' ဟုဂုဏ်ကျေးဇူး တော်ကိုချီးကူးကြ၏။
ပရိသတ်အထဲမှလူအများပင်ကိုယ်တော်ကို သက်ဝင်ယုံကြည်လာကြပြီးလျှင် ``မေရှိယ အရှင်ကြွလာတော်မူသောအခါ ဤအရှင် ပြသည်ထက်ပိုမိုများပြားသောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူမည်လော'' ဟုဆိုကြ၏။
ဝမ်းတွင်းပါမျက်မမြင်ကိုတစ်စုံတစ်ယောက် ကမျက်စိမြင်စေနိုင်သည်ဟူ၍ ကမ္ဘာဦးမှစ ၍အဘယ်အခါ၌မျှမကြားစဖူး။-
ထိုအခါတရားလွှတ်တော်အဖွဲ့ဝင်တို့သည် သူတို့ကိုထပ်မံကျပ်တည်းစွာသတိပေးပြီး နောက်ထွက်ခွာသွားစေကြ၏။ လူအပေါင်း တို့သည်ဖြစ်ပျက်ခဲ့သည့်အမှုအရာကြောင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးကူးလျက်နေကြသဖြင့် တရားလွှတ် တော်အဖွဲ့ဝင်တို့သည်တမန်တော်တို့ကို မည်သို့မျှအပြစ်ဒဏ်မစီရင်နိုင်ကြ။-