ထိုနေ့ကား (ဥပုသ်နေ့အကြို) ပြင်ဆင်ရာအဖိတ် နေ့ဖြစ်၏။ ညနေချမ်းအချိန်ကျသောအခါ အရိမဿဲမြို့သားယောသပ်ရောက်ရှိလာ၏။ သူ သည်ဂုဏ်အသရေကြီးမြင့်သူ၊ တရားလွှတ်တော် အဖွဲ့ဝင်ဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်တည် မည့်အချိန်ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည် အရဲတင်းစွာပိလတ်မင်းထံသို့ဝင်ပြီးလျှင် သခင်ယေရှု၏အလောင်းတော်ကိုတောင်းလေ၏။-
ည နေ ချမ်း အ ချိန် ရောက် သော် ဥ ပုသ် အ ဖိတ် နေ့ ဖြစ် ၍၊
ထိုနေ့ကား အဖိတ်နေ့တည်းဟူသော ပရက္ကုနေ့ ဖြစ်သောကြောင့် ညအချိန်ရောက်မှ၊-
ထိုနေ့သည် ပြင်ဆင်ရာနေ့တည်းဟူသော အဖိတ်နေ့ဖြစ်သဖြင့် ညနေချမ်းအချိန်ရောက်သောအခါ
ထိုနေ့သည် ပြင်ဆင်ရာနေ့ဟူသောအဖိတ်နေ့ဖြစ်၏။ ညနေစောင်းသောအခါ
ယုဒအာဏာပိုင်တို့သည်လက်ဝါးကပ်တိုင် တွင်တင်ထားသူများ၏ခြေတို့ကိုချိုး၍ အလောင်းများကိုယူဆောင်သွားခွင့်ပြုရန် ပိလတ်မင်းအားတောင်းလျှောက်ကြ၏။ သူတို့ ဤသို့တောင်းလျှောက်ကြရခြင်းမှာထိုနေ့ သည်အဖိတ်နေ့ဖြစ်၍ဥပုသ်နေ့၌ အလောင်း များကိုလက်ဝါးကပ်တိုင်တွင်မရှိစေလို သောကြောင့်လည်းကောင်း၊ ထိုဥပုသ်နေ့သည် လည်းနေ့ထူးနေ့မြတ်ဖြစ်သောကြောင့် လည်းကောင်းဖြစ်ပေသည်။-
သူတို့သည်ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသမျှသောအရာတို့ ကိုပြုကြပြီးနောက် ထိုအရှင်၏တပည့်တို့ သည်အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှ ချ၍သင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကြ၏။-