``ယခုဖွားမြင်သောယုဒရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့တိုင်းနိုင်ငံတွင် ထိုအရှင်၏ကြယ်ပေါ်ထွန်းသည်ကိုမြင်သဖြင့် ထိုအရှင်အားဖူးမြော်ပူဇော်အံ့သောငှာ ငါ တို့ရောက်လာကြပါသည်'' ဟုစုံစမ်းမေးမြန်း ကြ၏။-
ရှင်မာကု 15:2 - Common Language Bible ပိလတ်မင်းက ``သင်သည်ယုဒရှင်ဘုရင်မှန် သလော'' ဟုကိုယ်တော်အားမေး၏။ ကိုယ်တော်က ``မင်းကြီးမေးသည့်အတိုင်းမှန်၏'' ဟုမိန့်တော်မူ၏။ Garrad Bible ထို အ ခါ ပိ လတ် မင်း က သင် သည် ယု ဒ လူ မျိုး တို့ ဘု ရင် လော ဟု မေး ရာ သင် ဆို သည့် အ တိုင်း တည်း ဟု ပြန်၍ မိန့် တော် မူ ၏။ Judson Bible ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပိလတ်မင်းက “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု ကိုယ်တော်အား မေးလေ၏။ ကိုယ်တော်ကလည်း“သင်ပြောသည့်အတိုင်းပေတည်း”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပိလတ်မင်းက ယေရှုအား “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ ယေရှုက “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ပြန်၍ ဖြေတော်မူ၏။ မြန်မာ ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။- |
``ယခုဖွားမြင်သောယုဒရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့တိုင်းနိုင်ငံတွင် ထိုအရှင်၏ကြယ်ပေါ်ထွန်းသည်ကိုမြင်သဖြင့် ထိုအရှင်အားဖူးမြော်ပူဇော်အံ့သောငှာ ငါ တို့ရောက်လာကြပါသည်'' ဟုစုံစမ်းမေးမြန်း ကြ၏။-
ပိလတ်မင်းက ``ယုဒရှင်ဘုရင်ဟုသင်တို့ခေါ် သူကို ငါအဘယ်သို့ပြုရမည်နည်း'' ဟုပြန်၍ မေး၏။
``ယုဒရှင်ဘုရင်သက်တော်ရှည်ပါစေသော'' ဟုပြက်ရယ်ပြုလျက်အရိုအသေပေးကြ၏။-
ကိုယ်တော်၏ပြစ်မှုကိုကမ္ပည်းရေးထိုး၍လက်ဝါး ကပ်တိုင်အထက်တွင်တင်ထားသည်ကား ``ယုဒ ရှင်ဘုရင်'' ဟူ၍ဖြစ်သတည်း။-
ပိလတ်မင်းက ``သင်တို့သည်ယုဒရှင်ဘုရင် အား လွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသလော'' ဟုမေး၏။-
အရာခပ်သိမ်းတို့ကိုအသက်ရှင်စေတော် မူသောဘုရားသခင်၏ရှေ့တော်မှောက်၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ရှေ့တွင်မိမိ ၏ယုံကြည်ချက်ကိုခိုင်မာစွာဖော်ပြတော် မူသော ခရစ်တော်ယေရှု၏ရှေ့တော်မှောက် ၌လည်းကောင်း သင့်အားဤအလုပ်တာဝန် ကိုဆောင်ရွက်ရန်ငါပညတ်၏။-