ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
ရှင်မာကု 14:62 - Common Language Bible သခင်ယေရှုက ``မှန်၏။ လူသားသည်အနန္တ တန်ခိုးရှင်၏လက်ယာဘက်၌ထိုင်လျက်နေသည် ကိုလည်းကောင်း၊ မိုးတိမ်စီး၍ကြွလာသည်ကို လည်းကောင်းသင်တို့မြင်ရကြလတ္တံ့'' ဟုမိန့် တော်မူ၏။- Garrad Bible ယေ ရှု က ငါ ဖြစ်၏။ လူ့ သား သည် တန် ခိုး တော် ရှင်၏ ယာ ဘက် တော် တွင် စံ လျက် မိုး တိမ် များ နှင့် တ ကွ စ ကြာ ဖြန့် လာ တော် မူ သည် ကို သင် တို့ မြင် ကြ ရ လ တ္တံ့ ဟု မိန့် တော် မူ သ ဖြင့်၊ Judson Bible ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါဖြစ်၏။ လူ့သားသည် တန်ခိုးတော်၏လက်ယာဘက်၌ထိုင်လျက် ကောင်းကင်မိုးတိမ်များဖြင့်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “မှန်ပါ၏။ လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။ မြန်မာ ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။- |
ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
ထိုအခါလူသားကြွလာတော်မူမည့်နိမိတ် လက္ခဏာသည်မိုးကောင်းကင်တွင်ပေါ်ထွန်းလာ လိမ့်မည်။ မိုးတိမ်ကိုစီးလျက်ကြီးစွာသောဘုန်း တန်ခိုးတော်ဖြင့်လူသားကြွလာတော်မူသည်ကို ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်မြင်ကြသော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
သခင်ယေရှုက ``သင်ဆိုသည်အတိုင်းမှန်၏။ သို့ ရာတွင်သင်တို့အားငါဆိုသည်ကားနောင်အခါ တွင်လူသားသည်အနန္တတန်ခိုးရှင်၏လက်ယာ ဘက်တွင်ထိုင်လျက်နေသည်ကိုလည်းကောင်း၊ မိုး တိမ်ကိုစီး၍ကြွလာတော်မူသည်ကိုလည်းကောင်း သင်တို့မြင်ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
ရောမဘုရင်ခံမင်း၏ရှေ့သို့သခင်ယေရှုရောက်ရှိ သောအခါဘုရင်ခံမင်းက ``သင်သည်ယုဒရှင် ဘုရင်ပေလော'' ဟုမေး၏။ ကိုယ်တော်က ``သင်ဆို သည်အတိုင်းငါဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုအခါမိုးတိမ်များထဲမှကြီးစွာသော တန်ခိုးတော်၊ ဘုန်းအသရေတော်တို့နှင့်လူ သားကြွလာသည်ကိုမြင်ရကြလိမ့်မည်။-
ပိလတ်မင်းက ``သင်သည်ယုဒရှင်ဘုရင်မှန် သလော'' ဟုကိုယ်တော်အားမေး၏။ ကိုယ်တော်က ``မင်းကြီးမေးသည့်အတိုင်းမှန်၏'' ဟုမိန့်တော်မူ၏။
ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-
ယခုမှစ၍လူသားသည်အနန္တတန်ခိုးတော် ရှင်ဘုရားသခင်၏လက်ယာတော်ဘက်တွင် ထိုင်တော်မူလတ္တံ့'' ဟုမိန့်တော်မူ၏။
ပိလတ်မင်းကကိုယ်တော်အား ``သင်သည်ယုဒ ဘုရင်ပေလော'' ဟုမေး၏။ ကိုယ်တော်က ``မင်းကြီးမေးသည်အတိုင်းမှန် သည်'' ဟုမိန့်တော်မူ၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။
ယခုဆိုခဲ့ပြီးသောအကြောင်းအရာများ တွင် အရေးကြီးသည့်အချက်မှာ ငါတို့တွင်ထိုသို့ သောယဇ်ပုရောဟိတ်မင်းရှိခြင်းပင်ဖြစ်ပေသည်။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိဘုန်းတန်ခိုးရှင် ၏ပလ္လင်တော်လက်ယာဘက်၌ထိုင်နေတော်မူ၏။-
နောင်အခါ၌ဣသရေလအမျိုးသားတို့နှင့် ငါပြုမည့်ပဋိညာဉ်ဟူမူကား၊ ငါထာဝရဘုရားသည်ငါ့ပညတ်များကို သူတို့၏စိတ်နှလုံးထဲသို့ထည့်သွင်းမည်။ သူတို့၏နှလုံးသားပေါ်မှာရေးသားမည်။ ငါသည်သူတို့ဘုရားဖြစ်မည်။ သူတို့သည်လည်းငါ၏လူစုဖြစ်ကြလိမ့်မည်။
ငါတို့အရှင်သခင်ယေရှုခရစ်တန်ခိုးတော် နှင့်ကြွလာတော်မူခြင်းအကြောင်းကိုသင်တို့ အားဖော်ပြရာ၌ ငါတို့သည်ပရိယာယ်နှင့် တီထွင်သောဒဏ္ဍာရီပုံပြင်များကိုပြောကြား နေခြင်းမဟုတ်။ ငါတို့ကားမိမိတို့ကိုယ်တိုင် ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကိုဖူးမြင် ရကြသူများဖြစ်ပေသည်။-
ကြည့်ရှုလော့။ ကိုယ်တော်သည်မိုးတိမ်စီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်အားလှံဖြင့် ထိုးဖောက်ခဲ့သူများပါမကျန် လူအပေါင်း တို့သည်ကိုယ်တော်ကိုဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးရှိသမျှတို့သည်ဝမ်း နည်းကြေကွဲကြလိမ့်မည်။ ထိုအတိုင်း ဖြစ်ပါစေသော။
ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-