စကားပုံရှိသကဲ့သို့ မကြာမီပင်တော နက်သည်လယ်ပြင်ဖြစ်၍လာလိမ့်မည်။ လယ် ပြင်သည်လည်းသစ်တောပြန်၍ဖြစ်လာ လိမ့်မည်။
ရှင်မာကု 12:9 - Common Language Bible ``ထိုအခါဥယျာဉ်ရှင်သည်အဘယ်သို့ပြုလိမ့် မည်နည်း။ သူသည်လာ၍ခြံသမားများကို သုတ်သင်ဖျက်ဆီးပြီးသော် စပျစ်ဥယျာဉ်ကို အခြားသူတို့အားပေးအပ်လိမ့်မည်။ Garrad Bible သို့ ဖြစ် လျှင် ဥ ယျာဉ့် ရှင် သည် မည် သို့ ပြု မည် နည်း။ ဥ ယျာဉ် သ မား တို့ ကို လာ၍ ဖျက် ဆီး ပြီး မှ သူ တ ထူး တို့ အား စ ပျစ် ဥ ယျာဉ် ကို လွှဲ အပ် လိမ့် မည်။ Judson Bible သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် မည်သို့ပြုမည်နည်း။ သူသည်လာ၍ ခြံသမားတို့ကိုအဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အားပေးလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် မည်သို့ပြုလိမ့်မည်နည်း။ သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားများအား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်။ မြန်မာ သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။- |
စကားပုံရှိသကဲ့သို့ မကြာမီပင်တော နက်သည်လယ်ပြင်ဖြစ်၍လာလိမ့်မည်။ လယ် ပြင်သည်လည်းသစ်တောပြန်၍ဖြစ်လာ လိမ့်မည်။
ငါ၏ရွေးချယ်တော်ခံလူမျိုးတော်သည် သင်တို့နာမည်ကိုကျိန်စာအဖြစ်အသုံး ပြုကြလိမ့်မည်။ ငါထာဝရအရှင်ဘုရားသခင်သည်လည်းသင်တို့အားကွပ်မျက်တော် မူမည်။ သို့ရာတွင်ငါ၏စကားကိုနားထောင် သူတို့အားငါသည်နာမည်သစ်ကိုပေး တော်မူမည်။-
ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို ချီးကူးကြပေသည်။ သူတို့သည်အရပ် တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ် သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ့ အားပူဇော်ကြ၏။ သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကူးကြ၏။-''
သူသည်သွား၍မိမိထက်ညစ်ညမ်းသောနတ် ခုနစ်ဦးကိုခေါ်ခဲ့ပြီးလျှင်ထိုနေရာတွင်နေ လေ၏။ သို့ဖြစ်၍နတ်ပူးဝင်သူ၏နောက်ဖြစ်အင် သည်ပထမဖြစ်အင်ထက်ဆိုးရွားလေတော့၏။ ဤဆိုးညစ်သောလူတို့သည်လည်းထိုနည်းအတိုင်း ပင်ခံစားရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
စပျစ်သီးပေါ်ချိန်နီးကပ်လာသောအခါမိမိ ၏လုပ်သားများကိုခြံသမားတို့ထံသို့စေလွှတ် ၍ သီးစားခစပျစ်သီးများကိုတောင်းခံစေ၏။-
``သို့ဖြစ်၍သင်တို့အားငါဆိုသည်ကားဘုရား သခင်၏နိုင်ငံတော်ကိုသင်တို့ထံမှရုပ်သိမ်း၍ နိုင်ငံတော်နှင့်ထိုက်လျောက်သည့်အကျင့်သီလ ရှိသောလူမျိုးအားပေးလိမ့်မည်။-
မင်းကြီးသည်လွန်စွာအမျက်ထွက်၍စစ်သား များကိုစေလွှတ်ပြီးလျှင်ထိုလူသတ်သမား တို့ကိုသုတ်သင်စေ၏။ သူတို့၏မြို့ကိုလည်း မီးရှို့စေ၏။-
`တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။
ထိုမှတစ်ပါးငါ၏အအုပ်အချုပ်ကိုမခံ လိုသောငါ၏ရန်သူများအားခေါ်၍ ငါ၏ရှေ့ မှောက်တွင်ကွပ်မျက်လော့' ဟုစီရင်တော်မူသည်'' ဟုမိန့်တော်မူ၏။
ဟေရှာယက၊ ``ငါ့ကိုမရှာသောသူတို့သည်ငါ့ကိုတွေ့ရှိ ကြ၏။ ငါ၏အကြောင်းကိုမစုံစမ်းမမေးမြန်းသော သူတို့သည်ငါ့ကိုဖူးမြင်ရကြ၏'' ဟုပို၍ပင်ပြတ်သားစွာဆို၏။-
ကိုယ်တော်သည်ကတိတော်ရှိသည်အတိုင်းသင် တို့အား ကောင်းချီးမင်္ဂလာကိုချပေးတော်မူသည် မှန်သော်လည်း ကိုယ်တော်စကားကိုနားမထောင် လျှင်မူကား သင်တို့အပေါ်သို့ဘေးဒုက္ခအပေါင်း တို့ကိုကျရောက်စေတော်မူလိမ့်မည်။-