အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏တပည့်များအနက်အသိမ်ငယ်ဆုံးသူ တစ်စုံတစ်ယောက်အား ငါ၏မျက်နှာကိုထောက် ၍သောက်ရေတစ်ခွက်ကိုပေးသောသူသည်အကျိုး ကိုမခံစားဘဲမနေရ။''
ရှင်မာကု 12:43 - Common Language Bible ထိုအခါကိုယ်တော်သည်တပည့်တော်တို့ကို ခေါ်တော်မူပြီးလျှင် ``ဤဆင်းရဲသောမုဆိုးမ သည်ဗိမာန်တော်အလှူခံသေတ္တာထဲသို့ထည့်ဝင် လှူဒါန်းကြသောသူအပေါင်းတို့ထက် ပို၍ ထည့်ဝင်လှူဒါန်းလေပြီဟုသင်တို့အား အမှန်အကန်ငါဆို၏။- Garrad Bible တ ပည့် တော် တို့ ကို ခေါ် တော် မူ၍ ဤ ဆင်း ရဲ သော မု ဆိုး မ သည် အ လှူ တိုက် တွင် ထည့် သွင်း သူ ရှိ သ မျှ ထက် ထည့် သွင်း လေ ပြီ၊ ငါ အ မှန် ဆို၏။ Judson Bible ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍ ငါအမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသောသူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုဆိုးမသည် သာ၍ သွင်းချခဲ့ပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍“သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အလှူခံသေတ္တာထဲသို့ ထည့်သောသူအားလုံးထက် ပို၍ထည့်လေပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် တပည့်တော်တို့ကို ခေါ်၍ “သင်တို့အား ငါအမှန်ဆို၏။ ဤဆင်းရဲသောမုဆိုးမသည် အခြားလှူဒါန်းကြသောလူများထက် ပို၍ လှူဒါန်းလေပြီ။ မြန်မာ ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍ ငါအမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသောသူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုဆိုးမသည် သာ၍ သွင်းချခဲ့ပြီ။- |
အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏တပည့်များအနက်အသိမ်ငယ်ဆုံးသူ တစ်စုံတစ်ယောက်အား ငါ၏မျက်နှာကိုထောက် ၍သောက်ရေတစ်ခွက်ကိုပေးသောသူသည်အကျိုး ကိုမခံစားဘဲမနေရ။''
ဆင်းရဲသောမုဆိုးမတစ်ယောက်သည်လည်းလာ ၍ ဆယ်ပြားခန့်တန်သောကြေးပြားနှစ်ပြားကို အလှူခံသေတ္တာထဲသို့ထည့်၏။-
ထိုသူတို့သည်မိမိတို့၏ငွေပိုငွေလျှံများကို လှူကြပေသည်။ ဤအမျိုးသမီးမူကားဆင်းရဲ လျက်နှင့်မိမိ၏ချွေးနှဲစာရှိသမျှကိုပေးလှူ သတည်း'' ဟုမိန့်တော်မူ၏။
ကိုယ်တော်သည်ဤစကားတော်များကိုဗိမာန် တော်အတွင်းအလှူခံသတ္တာများထားရာအခန်း ၌ ဟောပြောသွန်သင်စဉ်မိန့်တော်မူသတည်း။ သို့ ရာတွင်ကိုယ်တော်၏အချိန်မကျသေးသဖြင့် မည်သူမျှကိုယ်တော်ကိုမဖမ်းမဆီးကြ။
တပည့်တော်တို့သည်အသီးသီးတတ်နိုင်သမျှ အတိုင်း ယုဒပြည်ရှိညီအစ်ကိုများအားကူညီ ထောက်ပံ့ရန်ဆုံးဖြတ်ကြ၏။-
သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။
ထိုအသင်းတော်တို့သည်ဆင်းရဲဒုက္ခများကို အလူးအလဲခံခဲ့ရကြ၏။ သို့သော်လည်း လွန်စွာရွှင်လန်းဝမ်းမြောက်လျက်ပင်ရှိရကား သူတို့သည်အလွန်ဆင်းရဲကြသော်လည်း ပေးကမ်းစွန့်ကြဲမှုတွင်အတိုင်းထက်အလွန် ရက်ရောကြ၏။-