ချက်ချင်းပင်ယေဟု၏အဖော်ဗိုလ်မှူးတို့သည် လှေကားထိပ်ပေါ်တွင်ယေဟုနင်းရန် မိမိတို့၏ ဝတ်လုံများကိုဖြန့်ခင်းပြီးလျှင်တံပိုးခရာ မှုတ်၍``ယေဟုသည်ဘုရင်ဖြစ်တော်မူ၏'' ဟု ကြွေးကြော်ကြ၏။
ရှင်မာကု 11:7 - Common Language Bible တပည့်တော်တို့သည်မြည်းကလေးကိုသခင် ယေရှုထံတော်သို့ဆောင်ခဲ့ပြီးလျှင် မြည်းကျော ပေါ်မှာမိမိတို့၏ဝတ်လုံများကိုလွှမ်းတင်ကြ ၏။- Garrad Bible ထို မြည်း ငယ် ကို ယေ ရှု ထံ ဆွဲ ခဲ့၍ ကျော ပေါ် မှာ ခြုံ ထည် များ ကို တင် ကြ ပြီး နောက်၊ Judson Bible ယေရှုထံတော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မြည်းကလေးကို ယေရှုထံသို့ခေါ်ဆောင်လာပြီးလျှင် ၎င်းအပေါ်၌ သူတို့၏အဝတ်များကိုခင်းကြရာ ကိုယ်တော်သည် ထိုမြည်းကိုစီးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တပည့်တော်တို့သည် မြည်းကလေးကို ယေရှုထံတော်သို့ ခေါ်ဆောင်လာကြ၏။ သူတို့၏ အဝတ်များကိုလည်း မြည်းကလေးပေါ်၌ ခင်းပေးကြ၏။ ကိုယ်တော်သည် မြည်းကိုစီးတော်မူ၏။ မြန်မာ ယေရှုထံတော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။- |
ချက်ချင်းပင်ယေဟု၏အဖော်ဗိုလ်မှူးတို့သည် လှေကားထိပ်ပေါ်တွင်ယေဟုနင်းရန် မိမိတို့၏ ဝတ်လုံများကိုဖြန့်ခင်းပြီးလျှင်တံပိုးခရာ မှုတ်၍``ယေဟုသည်ဘုရင်ဖြစ်တော်မူ၏'' ဟု ကြွေးကြော်ကြ၏။
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
တပည့်တော်တို့ကသခင်ယေရှုမိန့်မှာတော်မူ သည့်အတိုင်းပြန်ပြောကြသောအခါ ထိုသူတို့ သည်မြည်းကြိုးကိုဖြေခွင့်ပြုကြ၏။-
ထိုနောက်ကိုယ်တော်သည်မြည်းကိုစီးတော်မူ၏။ လူအများပင်မိမိတို့၏ဝတ်လုံများကိုလမ်း ပေါ်မှာဖြန့်ခင်းကြ၏။ အချို့သူများကမူကွင်း များမှခုတ်ယူခဲ့ကြသည့်သစ်ခက်သစ်ရွက်များ ကိုလမ်းမှာဖြန့်ခင်းကြ၏။-