ကိုယ်တော်သည်ငါ့အား``အထဲသို့ဝင်၍ထိုသူတို့ပြုနေကြသည့်ဆိုးညစ်စက်ဆုပ်ဖွယ်သောအမှုတို့ကိုကြည့်လော့'' ဟုမိန့်တော်မူလျှင်၊-
ရှင်မာကု 11:11 - Common Language Bible သခင်ယေရှုသည်ယေရုရှလင်မြို့သို့ရောက်တော် မူသောအခါ ဗိမာန်တော်သို့ဝင်တော်မူ၍ခပ်သိမ်း သောအရာတို့ကိုလှည့်လည်ကြည့်ရှုတော်မူ၏။ ထို နောက်နေဝင်ခါနီးပြီဖြစ်သဖြင့် တပည့်တော်တစ် ဆယ့်နှစ်ဦးနှင့်အတူဗေသနိရွာသို့ကြွတော် မူ၏။ Garrad Bible ကိုယ် တော် သည် ယေ ရု ရှ လင် မြို့ ရှိ ဗိ မာန် တော် တွင်း သို့ ဝင်၍ အ ရာ ခပ် သိမ်း ကို လှည့် ကြည့် ပြီး နောက် ည နေ ချမ်း အ ချိန် ကျ ရောက် သ ဖြင့် တစ် ဆယ့် နှစ် ပါး တို့ နှင့် တ ကွ ဗေ သ နိ ရွာ သို့ ထွက် ကြွ တော် မူ ၏။ Judson Bible ယေရှုသည် ယေရုရှလင်မြို့သို့လည်းကောင်း၊ ဗိမာန်တော်သို့လည်းကောင်း ဝင်၍ အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုးချုပ်သောကြောင့် တစ်ကျိပ်နှစ်ပါးသော သူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ကိုယ်တော်သည် ဂျေရုဆလင်မြို့ထဲသို့ဝင်၍ ဗိမာန်တော်သို့ကြွတော်မူ၏။ အရာရာတို့ကို လှည့်လည်ကြည့်ရှုတော်မူပြီးလျှင် ညနေချမ်းအချိန်ရောက်ပြီဖြစ်၍ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ ဗေသနိရွာသို့ကြွတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ကြွ၍ ဗိမာန်တော်သို့ ဝင်တော်မူလျက် ရှိသမျှအရာတို့ကို ကြည့်ရှုတော်မူ၏။ ထို့နောက် ညနေပိုင်းအချိန်ရောက်သဖြင့် တပည့်တော်ဆယ့်နှစ်ပါးနှင့်အတူ ဗေသနိရွာသို့ ကြွတော်မူ၏။ မြန်မာ ယေရှုသည် ယေရုရှလင်မြို့သို့လည်းကောင်း၊ ဗိမာန်တော်သို့လည်းကောင်း ဝင်၍ အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုးချုပ်သောကြောင့် တစ်ကျိပ်နှစ်ပါးသော သူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။ |
ကိုယ်တော်သည်ငါ့အား``အထဲသို့ဝင်၍ထိုသူတို့ပြုနေကြသည့်ဆိုးညစ်စက်ဆုပ်ဖွယ်သောအမှုတို့ကိုကြည့်လော့'' ဟုမိန့်တော်မူလျှင်၊-
``ထိုအချိန်၌ငါသည်မီးခွက်ကိုယူ၍ ယေရုရှလင်မြို့တွင်ရှာဖွေမည်။ `ဘုရား သခင်သည်အခါခပ်သိမ်းကောင်းကျိုးဆိုး ကျိုး၊ အဘယ်အကျိုးကိုမျှမပေးတတ်' ဟုထင်မှတ်ရေရွတ်သူများ၊ မိမိတို့ကိုယ် ကိုအထင်ကြီး၍ကျေနပ်ရောင့်ရဲနေသူ များအားငါအပြစ်ဒဏ်ခတ်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
နေစောင်းလာသောအခါကိုယ်တော်နှင့်တပည့် တော်တို့သည်မြို့မှထွက်သွားကြ၏။