ရှင်မာကု 10:41 - Common Language Bible ဤအကြောင်းအရာကိုအခြားတပည့်တော် ဆယ်ဦးတို့ကြားသိကြသောအခါ ယာကုပ် နှင့်ယောဟန်တို့ကိုစိတ်ဆိုးကြ၏။- Garrad Bible ဆယ် ပါး သော တ ပည့် တော် တို့ သည် ကြား ကြ သော် ယာ ကုပ် နှင့် ယော ဟန် တို့ ကို အ မျက် ထွက် ကြ သ ဖြင့်၊ Judson Bible အခြားသော တပည့်တော်တစ်ကျိပ်တို့သည် ကြားသိလျှင်၊ ယာကုပ်နှင့် ယောဟန်တို့ကို အမျက်ထွက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကျန်တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ယာကုပ်နှင့်ယောဟန်တို့ကို စိတ်ဆိုးကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအကြောင်းကို ကျန်တပည့်တော်ဆယ်ပါးတို့ကြားသော် ယာကုပ်နှင့် ယောဟန်တို့အား ဒေါသထွက်ကြ၏။ မြန်မာ အခြားသော တပည့်တော်တစ်ကျိပ်တို့သည် ကြားသိလျှင်၊ ယာကုပ်နှင့် ယောဟန်တို့ကို အမျက်ထွက်ကြ၏။- |
ဤအကြောင်းအရာကိုတပည့်တော်ဆယ်ဦးတို့ ကြားလျှင် ထိုညီအစ်ကိုနှစ်ယောက်ကိုစိတ်ဆိုး ကြ၏။-
ထိုအခါသခင်ယေရှုသည်တပည့်တော်တို့ ကိုခေါ်တော်မူလျက် ``မင်းစိုးရာဇာတို့သည် ပြည်သူတို့အပေါ်ဝယ်အစိုးတရပြုတတ် ကြ၏။ အကြီးအကဲတို့သည်အာဏာကို သုံးတတ်ကြသည်။-
တပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူ သည်အကြီးမြတ်ဆုံးဖြစ်သနည်းဟုအငြင်း ပွားကြ၏။-
ထိုအခါကိုယ်တော်က ``လောကီဘုရင်များသည် ပြည်သူတို့အပေါ်ဝယ်အစိုးတရပြုတတ်ကြ ၏။ အာဏာပိုင်များသည်လည်းမိမိတို့ကိုယ်ကို ကျေးဇူးရှင်များဟုအခေါ်ခံတတ်ကြ၏။-
သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့်တစ်ဦးကိုတစ်ဦးချစ်ကြလော့။ တစ်ဦး ကိုတစ်ဦးချီးမွမ်းရန်လျင်မြန်ကြစေ။-
ကြွားဝါလိုသောစိတ်၊ ကျော်စောကိတ္တိကိုတပ်မက် သောစိတ်တို့ဖြင့်အဘယ်အမှုကိုမျှမပြုကြ နှင့်။ သူတစ်ပါးသည်မိမိထက်သာသည်ဟု အစဉ်ယူဆလျက်စိတ်နှိမ့်ချကြလော့။-
ကျမ်းစာတော်က``ငါတို့အထဲသို့ဘုရားသခင် ပေးသွင်းတော်မူသောဝိညာဉ်သည်ကြောက်မက် ဖွယ်ကောင်းသည့်အလိုဆန္ဒများနှင့်ပြည့်ဝ၏'' ဟုအကြောင်းမဲ့ဖော်ပြသည်ဟုမထင်ကြနှင့်။-