ရှင်မာကု 10:23 - Common Language Bible သခင်ယေရှုသည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူပြီးနောက် ``ဥစ္စာကြွယ်ဝသူများသည်ဘုရား သခင်၏နိုင်ငံတော်သို့ဝင်နိုင်ရန်ခက်လှ၏'' ဟု မိန့်တော်မူ၏။ Garrad Bible ထို အ ခါ ယေ ရှု သည် လှည့် ကြည့်၍ တ ပည့် တော် တို့ အား ဥ စ္စာ ပ စ္စည်း ကြွယ် ဝ သူ တို့ သည် ဘု ရား သ ခင့် နိုင် ငံ တော် သို့ ဝင် ခဲ လှ စွာ တ ကား ဟု မိန့် တော် မူ သော်၊ Judson Bible ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုသည် ပတ်ပတ်လည်သို့ကြည့်ရှုလျက်“ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုသည် တပည့်တော်တို့ရှိရာပတ်ပတ်လည်လည် ကြည့်တော်မူပြီးလျှင် “ချမ်းသာသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရန် ခဲယဉ်းလှ၏” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။- |
ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။-
အမှန်အကန်ငါဆိုသည်ကားကလေးသူငယ် နည်းတူ ဘုရားသခင်၏အုပ်စိုးတော်မူခြင်းကို လက်မခံသောသူသည် နိုင်ငံတော်သို့ဝင်ရလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။-
ထိုသူကားဥစ္စာပစ္စည်းများစွာကြွယ်ဝသူဖြစ် သဖြင့် ကိုယ်တော်၏စကားကိုကြားသောအခါ မျက်နှာညှိုးငယ်၍စိတ်မချမ်းမသာဖြစ်လျက် ထွက်ခွာသွားလေ၏။
ထိုသူတို့မှာသနားကြင်နာစိတ်ကင်းမဲ့သည့် အတွက် ကိုယ်တော်သည်ဝမ်းနည်း၍အမျက်ထွက် လျက်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင် လက်သေသူအား ``သင်၏လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။-
သို့ရာတွင်ကိုယ်တော်သည်မိမိအား အဘယ်သူ တို့ထိသည်ကိုသိရန်ပတ်လည်သို့ကြည့်တော် မူ၏။-
ထိုအခြင်းအရာကိုသခင်ယေရှုမြင်တော်မူ လျှင် ``ဥစ္စာကြွယ်ဝသူများသည်နိုင်ငံတော်သို့ ဝင်ရန်ခက်လှ၏။-
သခင်ယေရှုက ``အမှန်အကန်သင့်အားငါ ဆိုသည်ကား၊ ရေနှင့်ဝိညာဉ်တော်အားဖြင့်မွေး ဖွားလာသူမဟုတ်လျှင် အဘယ်သူမျှဘုရား သခင်၏နိုင်ငံတော်သို့မဝင်ရ။-
ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင်ရွေးကောက်တော် မူခြင်းမခံရမီ အခြေအနေကိုစဉ်းစားဆင် ခြင်ကြလော့။ လူတို့အမြင်အားဖြင့်သင်တို့ အထဲတွင်ပညာရှိသူ၊ တန်ခိုးကြီးသူ၊ မျိုးရိုး ဇာတိကြီးမြင့်သူဟူ၍များစွာမပါမရှိ ပေ။-
ချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ယုံကြည်ခြင်း၌ကြွယ်ဝသူများဖြစ်ကြ စေရန်ကိုယ်တော်ကိုချစ်သောသူတို့အတွက် ကတိထားတော်မူသောနိုင်ငံတော်ကိုဆက်ခံ သူများဖြစ်ကြစေရန် ကိုယ်တော်သည်လောက တွင်ဆင်းရဲသူတို့အားရွေးချယ်တော်မူသည် မဟုတ်လော။-
သင်တို့သည်သစ္စာမဲ့သူများပါတကား။ လောက နှင့်မိတ်ဖွဲ့သောသူတို့သည်ဘုရားသခင်အား ရန်ဘက်ပြုသူများဖြစ်သည်ကို သင်တို့မသိ နားမလည်ကြသလော။ လောက၏မိတ်ဆွေ ဖြစ်လိုသူသည်ဘုရားသခင်၏ရန်သူဖြစ်၏။-
ဤနည်းအားဖြင့်သင်တို့သည်ငါတို့ကိုအရှင် သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှု ခရစ်၏ထာဝရနိုင်ငံတော်သို့ဝင်နိုင်ရန် အခွင့် အရေးအပြည့်အဝကိုရရှိကြလိမ့်မည်။