တွေ့သောအခါ ``ကိုယ်တော်ကိုလူအပေါင်းတို့ ရှာနေကြပါသည်'' ဟုလျှောက်ကြ၏။
ရှင်မာကု 1:38 - Common Language Bible ကိုယ်တော်က ``အနီးအနားရှိရွာများသို့သွားကြ ကုန်စို့။ ထိုရွာများတွင်လည်းငါတရားဟောရမည်။ ထို့ကြောင့်ငါကြွလာခဲ့ခြင်းဖြစ်သည်'' ဟုတပည့် တော်တို့အားမိန့်တော်မူ၏။ Garrad Bible ကိုယ် တော် က အ နီး ရှိ မြို့ ရွာ များ တွင် လည်း ငါ ဟော ခွင့် ရ စေ ရန် သွား ကြ ဦး အံ့။ ထို အ ကြောင်း နှင့် ငါ ရောက် လာ သည် ဟု မိန့် တော် မူ ပြီး နောက်၊ Judson Bible ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှာ သွားကြကုန်အံ့။ ထိုသို့အလို့ငှာ ငါကြွလာပြီဟု မိန့်တော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“အနီးအနားရှိ အခြားသောမြို့ရွာများတွင်လည်း ငါဟောပြောနိုင်ရန် ထိုမြို့ရွာများသို့ ငါတို့သွားကြစို့။ အကြောင်းမူကား ငါသည် ဤအတွက်လာ၏”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယေရှုက “အနီး၌ ရှိသည့် အခြားမြို့များသို့လည်း သွားကြစို့။ ငါသည် ထိုမြို့များတွင်လည်း ဟောပြောရမည်။ ထိုအတွက်ပင် ငါလာသည်” ဟု မိန့်တော်၏။ မြန်မာ ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှာ သွားကြကုန်အံ့။ ထိုသို့အလို့ငှာ ငါကြွလာပြီဟု မိန့်တော်မူ၍၊- |
တွေ့သောအခါ ``ကိုယ်တော်ကိုလူအပေါင်းတို့ ရှာနေကြပါသည်'' ဟုလျှောက်ကြ၏။
ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး လှည့်လည်တော်မူ၍ တရားဇရပ်များတွင်တရား ဟောတော်မူ၏။ ထို့အပြင်နတ်မိစ္ဆာများကိုနှင် ထုတ်တော်မူ၏။
သူငယ်တော်က ``အဘယ်ကြောင့်အကျွန်ုပ်ကိုရှာ ကြပါသနည်း။ အကျွန်ုပ်သည်ခမည်းတော်၏အိမ် တွင်ရှိနေရမည်ကိုမသိကြပါသလော'' ဟု ပြန်ပြော၏။-
သို့ရာတွင်ကိုယ်တော်က ``ငါသည်အခြားမြို့ များတွင်လည်းဘုရားသခင်၏နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောကြေညာ ရမည်။ ထိုသို့ဟောပြောကြေညာရန်အတွက်ငါ့ ကိုဘုရားသခင်စေလွှတ်တော်မူသည်'' ဟု မိန့်တော်မူ၏။
ငါသည်ခမည်းတော်ထံမှထွက်ခွာ၍ ဤ လောကသို့ကြွလာခဲ့၏။ ယခုဤလောက မှထွက်ခွာ၍ ခမည်းတော်၏ထံသို့ငါသွား တော့မည်'' ဟုမိန့်တော်မူ၏။
ဤလောကတွင်အကျွန်ုပ်သည်ကိုယ်တော်၏ ဘုန်းအသရေကိုထွန်းတောက်စေပါပြီ။ ကိုယ် တော်အကျွန်ုပ်အားပေးအပ်တော်မူသောအမှု တော်ကိုအပြီးတိုင်ဆောင်ရွက်ပြီးပါပြီ။-
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှု တော်မြတ်ကိုနေ့အချိန်၌ငါတို့လုပ်ဆောင် ကြရမည်။ အဘယ်သူမျှမလုပ်ဆောင်နိုင် သည့်ညဥ့်အချိန်ကျရောက်လာလိမ့်မည်။-