ငါ၏သန့်ရှင်းမြင့်မြတ်မှုသည်ထိတ်လန့်အံ့သြ ဖွယ်ဖြစ်သဖြင့်၊ ငါသည်လူတို့တိုက်မိ၍လဲ စရာကျောက်နှင့်တူ၏။ ယုဒပြည်သူများ၊ ဣသရေလပြည်သူများနှင့်ယေရုရှလင် မြို့သားတို့အား ထောင်ဖမ်းမည့်ကျော့ကွင်း နှင့်လည်းတူ၏။-
ရောမ 9:32 - Common Language Bible အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူတို့၏လုပ်ဆောင်ချက်သည်ဘုရားသခင် အားယုံကြည်မှုအပေါ်၌အခြေမပြုဘဲ မိမိတို့၏အကျင့်သီလအပေါ်၌အခြေ ပြုသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ကျမ်းစာတော် တွင်ဖော်ပြသည့်ကျောက်ကိုတိုက်မိ၍လဲ ကြ၏။- Garrad Bible အ သို့ နည်း ဟု ဆို သော် ယုံ ကြည် ခြင်း အား ဖြင့် မ ဟုတ်။ ကိုယ် ကျင့် အား ဖြင့် လိုက် ရှာ၍ တိုက် လဲ ရာ ကျောက် ကို တိုက် လဲ ကြ သော ကြောင့် တည်း။ Judson Bible အဘယ်ကြောင့် မမီကြသနည်း။ ယုံကြည်ခြင်းအားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြသတည်း။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့် မပေါက်ရောက်သနည်း။ ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲ အကျင့်အားဖြင့်ရရှိနိုင်သကဲ့သို့ ကြိုးစားသောကြောင့်ဖြစ်၏။ သူတို့သည် ခလုတ်တံသင်းဖြစ်သောကျောက်ကို တိုက်မိကြပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်နည်း။ ထိုသူတို့သည် ဖြောင့်မတ်ကြောင်း သတ်မှတ်ခံရရန် ဘုရားသခင်ကို ယုံကြည်မည့်အစား ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ကြိုးပမ်းကြသောကြောင့် ဖြစ်၏။ သူတို့သည် ကျမ်းစာတွင် ဖော်ပြထားသည့် ဆူးငြောင့်ခလုတ်ဖြစ်သောကျောက်ကို တိုက်မိကြ၏။ |
ငါ၏သန့်ရှင်းမြင့်မြတ်မှုသည်ထိတ်လန့်အံ့သြ ဖွယ်ဖြစ်သဖြင့်၊ ငါသည်လူတို့တိုက်မိ၍လဲ စရာကျောက်နှင့်တူ၏။ ယုဒပြည်သူများ၊ ဣသရေလပြည်သူများနှင့်ယေရုရှလင် မြို့သားတို့အား ထောင်ဖမ်းမည့်ကျော့ကွင်း နှင့်လည်းတူ၏။-
လူအများပင်တိုက်မိ၍လဲကြလိမ့်မည်။ သူတို့သည်ယင်းသို့လဲကျကာကျိုးပဲ့၍ သွားကြလိမ့်မည်။ သူတို့သည်ကျော့ကွင်း တွင်မိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်၏အပေါ်၌အကြည်ညိုပျက်ကြ၏။ သခင်ယေရှုကလည်း ``ပရောဖက်သည်မိမိမြို့ နှင့်မိမိအိမ်မှလွဲ၍အဘယ်အရပ်တွင်မဆို ဂုဏ်အသရေရှိ၏'' ဟုမိန့်တော်မူသည်။-
ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊-
ငါ့အပေါ်၌ယုံမှားခြင်းကင်းသူသည်မင်္ဂ လာရှိ၏'' ဟုယောဟန်၏တပည့်များအား ဖြေကြားတော်မူ၏။
သူတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက် သွယ်နိုင်မည့်လမ်းစဉ်ကိုမသိသဖြင့် ထိုလမ်း စဉ်ကိုမလိုက်ဘဲမိမိတို့ကိုယ်တိုင်တီထွင် သည့်လမ်းစဉ်ကိုလိုက်ကြပေသည်။-
သို့ဖြစ်၍ယုဒအမျိုးသားတို့သည်ခလုတ် တိုက်၍လဲပြီလောဟုမေးသော် အဘယ်နည်း နှင့်မျှလဲ၍မနေရပါ။ သူတို့အပြစ်ကူး ခြင်းကြောင့်လူမျိုးခြားတို့သည်ကယ်တင်ခြင်း ကိုရရှိလာကြသဖြင့် ယုဒအမျိုးသား တို့သည်လူမျိုးခြားတို့အားမနာလိုစိတ် ရှိလာကြသည်။-
သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။-
ငါတို့ကမူလက်ဝါးကပ်တိုင်တွင်အသေခံ တော်မူသောခရစ်တော်၏အကြောင်းကိုဟော ပြောကြေညာကြ၏။ ထိုအကြောင်းအရာသည် ယုဒအမျိုးသားတို့အတွက်မနှစ်မြို့စရာ၊ လူမျိုးခြားတို့အတွက်အနက်အဋ္ဌိပ္ပါယ်မရှိ သည့်အရာဖြစ်၏။-
အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင် ``ငါသည်အဖိုးတန်ကျောက်တစ်လုံးကို ရွေးချယ်၍၊ ဇိအုန်တောင်ပေါ်မှာထောင့်ချုပ်ကျောက်အဖြစ် ချထား၏။ မည်သူမဆိုထိုအရှင်ကိုယုံကြည်လျှင် စိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဖော်ပြပါရှိသောကြောင့်ဖြစ်၏။
အခြားကျမ်းတစ်ပုဒ်တွင်၊ ``ထိုကျောက်သည်လူတို့အားခလုတ်ထိစေ၍ ပြိုလဲစေသောကျောက်ဖြစ်၏'' ဟုဖော်ပြပါရှိ၏။ သူတို့သည်နှုတ်ကပတ်တော် ကို မယုံကြည်ကြသဖြင့်ခလုတ်ထိရကြ၏။ ဤကားထိုသူတို့အတွက်ဘုရားသခင်၏ အလိုတော်ပင်ဖြစ်သတည်း။