အသက်ရှင်တော်မူသည့်ဘုရားတည်းဟူသော ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။ ကျွန်တော်မျိုးသည်အဘယ်အခါမှ ကိုယ်တော်ရှင်၏ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝတ်ပြုကိုးကွယ်နိုင်ပါမည်နည်း။
ရောမ 9:26 - Common Language Bible မည်သည့်အရပ်၌မဆိုသင်တို့သည် `ငါ၏ လူစုတော်မဟုတ်' ဟုအခေါ်ခံရသောသူတို့သည် `အသက်ရှင်တော်မူသောဘုရားသခင်၏ သားများ' ဟုအခေါ်ခံရကြလိမ့်မည်'' ဟူ၍မိန့်တော်မူပေသည်။- Garrad Bible ငါ့ လူ မျိုး မ ဟုတ် ဟု အ ခေါ် ခံ ရ သော နေ ရာ၌ ပင် အ သက် ရှင် တော် မူ သော ဘု ရား သ ခင့် သား များ ဟု အ ခေါ် ခံ ရ ကြ လ တ္တံ့ ဟူ ၍ လည်း ကောင်း မိန့် တော် မူ ၏။ Judson Bible သင်တို့သည် ငါ၏လူမဟုတ်ဟု ပြောဆိုရာအရပ်၌ နေသောသူတို့သည်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ‘သင်တို့သည် ငါ၏လူမျိုးမဟုတ်’ဟု သူတို့အားမိန့်ဆိုထားသော ထိုအရပ်၌ပင် သူတို့သည် ‘အသက်ရှင်တော်မူသော ဘုရားသခင်၏သားများ’ဟူ၍ ခေါ်ဝေါ်ခြင်းခံရကြလိမ့်မည်”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ‘သင်တို့သည် ငါ့လူမျိုးမဟုတ်’ ဟု ပြောဆိုခံခဲ့ရသော ထိုအရပ်၌ပင် သူတို့သည် ‘အသက်ရှင်တော်မူသော ဘုရားသခင်၏ သားသမီးများ’ ဟု အခေါ်ခံရကြလိမ့်မည်” ဟူ၍ ဖြစ်၏။ |
အသက်ရှင်တော်မူသည့်ဘုရားတည်းဟူသော ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။ ကျွန်တော်မျိုးသည်အဘယ်အခါမှ ကိုယ်တော်ရှင်၏ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝတ်ပြုကိုးကွယ်နိုင်ပါမည်နည်း။
သူတို့အားထွက်ခွာခွင့်ပြုရန် မြောက်အရပ်ကိုလည်းကောင်း၊ သူတို့အားဆီးတား၍မထားရန် တောင်အရပ်ကိုလည်းကောင်းငါပြောမည်။ ကမ္ဘာအရပ်ရပ်ရှိရပ်ဝေးနိုင်ငံများမှငါ၏ လူမျိုးတော်များပြန်လာကြပါစေ၊
ငါ၏အင်ပါယာနိုင်ငံတစ်လျှောက်လုံး ရှိလူအပေါင်းတို့၊ သင်တို့သည်ဒံယေလ ကိုးကွယ်သောဘုရားသခင်အားကြောက် ရွံ့ရိုသေကြရမည်ဖြစ်ကြောင်းငါ အမိန့်တော်ရှိသည်။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားဖြစ်တော်မူ၍၊ ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်အဘယ်အခါ ၌မျှ ပျက်စီးရလိမ့်မည်မဟုတ်။ ကိုယ်တော်၏တန်ခိုးတော်သည်လည်း အဘယ်အခါ၌မျှကုန်ဆုံးလိမ့်မည် မဟုတ်။
ပေတရုက ``အရှင်သည်အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်တည်းဟူသောခရစ် တော်ဖြစ်ပါသည်'' ဟုလျှောက်လေ၏။
ဘုရားသခင်၏ဝိညာဉ်တော်ရှေ့ဆောင်လမ်းပြ မှုကိုခံယူသောသူတို့သည် ဘုရားသခင်၏ သားများဖြစ်ကြ၏။-
ငါတို့သည်ဘုရားသခင်၏သားများဖြစ် ကြကြောင်းကိုဝိညာဉ်တော်ကိုယ်တိုင်ပင်လျှင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော် မူ၏။-
ဘုရားသခင်သည်မိမိ၏သားများကိုပေါ် လွင်ထင်ရှားစေမည့်အခြင်းအရာကို အဖန် ဆင်းခံကမ္ဘာလောကတစ်ခုလုံးကအလွန် တောင့်တစောင့်မျှော်လျက်ရှိ၏။-
ငါသည်သင်တို့၏အဖဖြစ်မည်။ သင်တို့သည် လည်းငါ၏သားသမီးများဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏'' ဟုမြွက်ဆိုတော်မူ၏။
သင်တို့အပေါင်းသည်ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ဘုရားသခင်၏သားများဖြစ် ကြ၏။-
``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-