ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
ရောမ 9:24 - Common Language Bible ငါတို့သည်ကိုယ်တော်ခေါ်ယူတော်မူသော သူများဖြစ်ကြ၏။ ကိုယ်တော်သည်ငါတို့ကို ခေါ်ယူရာတွင်ယုဒအမျိုးသားများအထဲ မှသာမက လူမျိုးခြားများအထဲမှ လည်းခေါ်ယူတော်မူသတည်း။ Judson Bible ယုဒအမျိုးသားတို့အထဲမှသာမဟုတ်၊ တစ်ပါးအမျိုးသားတို့အထဲမှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ်တော်မူသော ငါတို့၌ ဘုန်းအာနုဘော်တော် ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှာ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဖွယ်ရှိအံ့နည်း။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ငါတို့ကို ထိုကရုဏာတော်ဆိုင်ရာအိုးခွက်များအဖြစ် ဂျူးလူမျိုးတို့ထဲမှသာမကဘဲ လူမျိုးခြားတို့ထဲမှလည်း ခေါ်ယူထားတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဂျူးလူမျိုးများထဲမှသာမက လူမျိုးခြားများထဲမှလည်း ရွေးကောက်ထားတော်မူ၏။ |
ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည် စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။
ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်၏ဆုတောင်းပတ္ထနာများကိုနားညောင်း ရန်အသင့်ရှိသော်လည်း သူတို့သည်ဆုတောင်း ပတ္ထနာမပြုကြ။ ငါသည်သူတို့ရှာလျှင် တွေ့မြင်နိုင်ရန်အသင့်စောင့်၍နေသော်လည်း သူတို့သည်ငါ့ကိုရှာရန်ပင်မကြိုးစားကြ။ ငါသည်ဤအရပ်တွင်ရှိ၏။ ငါသည်ကူမမည် ဟုဖြေကြားရန်အသင့်ရှိသော်လည်း၊ ဣသ ရေလအမျိုးသားတို့သည်ငါ့ထံသို့ဆု တောင်းပတ္ထနာမပြုကြ။-
ဘုရားသခင်သည်ရှေးဦးစွာလူမျိုးခြားတို့ အနက်အချို့သောသူတို့ကို မိမိ၏လူစု တော်ဝင်များဖြစ်စေရန်ရွေးထုတ်ခြင်းအား ဖြင့် သူတို့ကိုဂရုစိုက်တော်မူကြောင်းရှိမုန် ရှင်းပြခဲ့ပြီ။-
ယုဒလူမျိုး၊ လူမျိုးခြားဟူ၍ခွဲခြားမှု မရှိတော့သဖြင့်လူတိုင်းပါဝင်၏။ ဘုရား သခင်သည်လူအပေါင်းတို့၏အရှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်အားဆုတောင်းသမျှ သောသူတို့အားကြွယ်ဝစွာကောင်းချီးပေး တော်မူ၏။-
ဘုရားသခင်သည်သစ္စာစောင့်တော်မူ၏။ ကိုယ်တော် သည်သင်တို့အားမိမိ၏သားတော်တည်းဟူသော ငါတို့အရှင်သခင်ယေရှုခရစ်နှင့်မိတ်သဟာယ ဖွဲ့စေရန် သင်တို့ကိုရွေးကောက်တော်မူပေသည်။
သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။-
သို့ဖြစ်၍ယုဒအမျိုးသား၊ လူမျိုးခြားဟူ၍ လည်းကောင်း၊ အရေဖျားလှီးခံသူမခံသူဟူ ၍လည်းကောင်း၊ မယဉ်ကျေးသူ၊ လူရိုင်း၊ ကျွန်၊ လွတ်လပ်သူဟူ၍လည်းကောင်းကွဲပြားခြား နားမှုမရှိတော့ချေ။ ခရစ်တော်သည်အလုံး စုံတို့၌ရှိ၍အလုံးစုံဖြစ်တော်မူသတည်း။
ဘုရားသခင်ရွေးချယ်ခေါ်ယူတော်မူခြင်း ကို ခံရသောသန့်ရှင်းသူညီအစ်ကိုတို့၊ သခင် ယေရှုအကြောင်းကိုစဉ်းစားဆင်ခြင်ကြ လော့။ ငါတို့၏ဘာသာတရားတော်ဆိုင်ရာ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူစေရန် ကိုယ် တော်အားဘုရားသခင်စေလွှတ်တော်မူ၏။-
သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှ ယင်းသို့ဆင်းရဲဒုက္ခရောက်ကြပြီးနောက်ကျေးဇူး တော်အပေါင်း၏အရှင်၊ သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ထာဝရ ဘုန်းအသရေတော်ကိုဝင်စားခွင့်ပေးရန်ဖိတ် ခေါ်တော်မူသောအရှင်၊ ဘုရားသခင်ကိုယ်တော် တိုင်သင်တို့အားအပြစ်ဆိုဖွယ်မရှိအောင်ပြု ပြင်ပေးတော်မူ၍ သင်တို့အားခိုင်ခံ့စေတော်မူ ပြီးလျှင်ခွန်အားနှင့်ပြည့်ဝစေလျက်ကြံ့ခိုင် စွာရပ်တည်စေတော်မူလိမ့်မည်။-
ထိုနောက်ကောင်းကင်တမန်က``သိုးသူငယ်တော် ၏ထိမ်းမြားမင်္ဂလာပွဲသို့ဖိတ်ခေါ်ခြင်းခံရသူ တို့သည်မင်္ဂလာရှိကြ၏ဟုရေးမှတ်ထားလော့'' ဟူ၍လည်းကောင်း``ဤစကားသည်ဘုရားသခင် ၏နှုတ်တော်ထွက်စကားပင်ဖြစ်၏'' ဟူ၍လည်း ကောင်းငါ့အားမြွက်ဆို၏။