``ငြိမ်သက်ခြင်းကိုသင်တို့အားငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့ စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။-
ရောမ 8:6 - Common Language Bible ဇာတိသဘောနှင့်ဆိုင်သောအရာများကိုစိတ် စွဲလမ်းသူသည်အသက်သေလိမ့်မည်။ ဝိညာဉ် တော်နှင့်ဆိုင်သောအရာများကိုစိတ်စွဲလမ်း သူကား အသက်ရှင်သန်၍ငြိမ်သက်ခြင်းကို ရရှိလိမ့်မည်။- Garrad Bible ရုပ် ခ န္ဓာ ကို စွဲ လမ်း ခြင်း လည်း သေ ခြင်း ဖြစ် သည့် နည်း တူ နာမ် ခ န္ဓာ ကို စွဲ လမ်း ခြင်း သည် အ သက် ရှင် ခြင်း နှင့် ငြိမ် သက် ခြင်း ဖြစ်၏။ Judson Bible ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်း ဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် သေခြင်းဖြစ်၏။ ဝိညာဉ်တော်နှင့်ဆိုင်သောစိတ်သဘောမူကား အသက်ရှင်ခြင်းနှင့်ငြိမ်သက်ခြင်းဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ဆုံးရလိမ့်မည်။ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ရှင်၍ ငြိမ်းချမ်းမှုကို ရလိမ့်မည်။ |
``ငြိမ်သက်ခြင်းကိုသင်တို့အားငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့ စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။-
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
အို အဖ၊ ဤကမ္ဘာမပေါ်မတည်မီကကိုယ်တော် နှင့်အတူအကျွန်ုပ်ခံစားခဲ့ရသည့်ဘုန်းအသ ရေကို ယခုအခါ၌ရှေ့တော်တွင်အကျွန်ုပ်အား ပေးတော်မူပါ။''
အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။
ငါတို့ကိုဘုရားသခင်အုပ်စိုးတော်မူခြင်း ဆိုသည်မှာအစားအသောက်နှင့်မစပ်ဆိုင်။ သန့်ရှင်းသောဝိညာဉ်တော်မှရရှိသောငြိမ် သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့်သာစပ် ဆိုင်၏။-
ငါတို့သည်ယုံကြည်ခြင်းဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံမှုရရှိပြီးဖြစ်သော ကြောင့် ငါတို့အရှင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ရှေ့တော်၌ငြိမ်သက်ခြင်းကို ခံစားရကြ၏။-
ငါတို့သည်ဘုရားသခင်၏ရန်သူဖြစ်ကြ သော်လည်းကိုယ်တော်သည် သားတော်ကိုအသေခံ စေတော်မူခြင်းအားဖြင့်ငါတို့အားမိတ်ဆွေ ဖြစ်စေတော်မူ၏။ ယခုငါတို့သည်ဘုရားသခင် ၏မိတ်ဆွေဖြစ်လာကြပြီဖြစ်ရာ ခရစ်တော် အသက်ရှင်တော်မူခြင်းအားဖြင့်ကယ်တင်ခြင်း ကိုပို၍ခံရကြလိမ့်မည်။-
ထိုစဉ်အခါကသင်တို့ပြုကျင့်ခဲ့သောအမှု များသည်မည်သည့်အကျိုးကိုမျှမပေးခဲ့။ သင် တို့ကိုသာသေစေခဲ့၏။ ယခုအခါသင်တို့ သည်ထိုအမှုများအတွက်ရှက်ကြောက်လျက် နေကြ၏။-
အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။
အပြစ်တရားသည်အခွင့်ရကာပညတ်တော် အားဖြင့် ငါ့ကိုလှည့်စား၍ငါ့အားသေစေ ၏။
ငါတို့သည်လူ့ဇာတိသဘောကိုလိုက်လျော ၍ အသက်ရှင်ကြစဉ်အခါကပညတ်တရား ၏လှုံ့ဆော်ချက်အရအပြစ်ကူးလိုစိတ်သည် ငါတို့ကိုယ်ခန္ဓာအတွင်း၌ထကြွလှုပ်ရှား ကာငါတို့ပြုသမျှသည်သေမင်းအဖို့ ဖြစ်ခဲ့၏။-
အဘယ်ကြောင့်ဆိုသော်သင်တို့သည် မိမိတို့ ၏လူ့ဇာတိအလိုသို့လိုက်၍ပြုမူကျင့်ကြံ ပါကသေရကြမည်။ သို့သော်မိမိတို့၏ အကျင့်ဆိုးများကိုဝိညာဉ်တော်အားဖြင့် အဆက်ဖြတ်ကြမည်ဆိုလျှင်မူကား အသက်ရှင်ကြလိမ့်မည်။-
လူတို့စိတ်နှလုံးကိုသိမြင်တော်မူသော ဘုရားသခင်သည်ဝိညာဉ်တော်၏စိတ် သဘောကိုလည်းသိတော်မူ၏။ အဘယ် ကြောင့်ဆိုသော်ဝိညာဉ်တော်သည်ဘုရား သခင်၏အလိုတော်နှင့်အညီ ကိုယ်တော် ၏လူစုတော်အတွက်အသနားခံတော် မူသောကြောင့်ဖြစ်၏။
ဇာတိသဘောဆိုင်ရာအရာများကိုစိတ်စွဲ လမ်းသူသည် ဘုရားသခင်အားရန်ဖက်ပြုသူ ဖြစ်၏။ ထိုသို့စိတ်စွဲလမ်းသူသည်ဘုရားသခင် ၏တရားတော်ကိုမလိုက်လျှောက်။ အကယ်ပင် မလိုက်လျှောက်နိုင်။-
ဝိညာဉ်တော်ကဖြစ်ပေါ်စေသည့်အသီးအပွင့် မူကားချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊-
လူ့ဇာတိမြေ၌မျိုးကြဲသောသူသည်သေခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်မြေ၌မျိုးကြဲသူ သည်ဝိညာဉ်တော်မှ ထာဝရအသက်ကိုရိတ်သိမ်း ရလိမ့်မည်။-