ကိုယ်တော်သည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူလျက် ပေတရုအား ``အချင်းစာတန်၊ ငါ့ထံမှခွာသွားလော့။ သင်သည်ဘုရားသခင် ၏ရှုထောင့်ကမတွေး၊ လူ၏ရှုထောင့်ကသာ တွေး၏'' ဟုဆုံးမတော်မူ၏။
ရောမ 8:5 - Common Language Bible လူ့ဇာတိသဘော၏စေခိုင်းမှုအရအသက် ရှင်သူတို့သည် လူ့ဇာတိသဘောနှင့်ဆိုင်သော အရာများကိုသာစိတ်စွဲလမ်းကြ၏။ သို့ရာ တွင်ဝိညာဉ်တော်၏ညွှန်ကြားချက်အရ အသက်ရှင်သူတို့မူကား ဝိညာဉ်တော်အလို ရှိသောအရာများကိုစိတ်စွဲလမ်းကြ၏။- Garrad Bible ရုပ် ခ န္ဓာ အောက် နေ သူ တို့ သည် ရုပ် ခ န္ဓာ ဆိုင် ရာ များ ကို စွဲ လမ်း ကြ သည့် နည်း တူ နာမ် ခ န္ဓာ အောက် နေ သူ တို့ သည် နာမ် ခ န္ဓာ ဆိုင် ရာ များ ကို စွဲ လမ်း ကြ၏။ Judson Bible ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား၊ ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သွေးသားဇာတိအလိုအတိုင်း အသက်ရှင်သောသူတို့သည် သွေးသားဇာတိနှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်သောသူတို့မူကား ဝိညာဉ်တော်နှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူ့ဗီဇစိတ် အလိုအတိုင်း အသက်ရှင်သောသူတို့သည် လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းကြ၏။ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သောသူတို့မှာ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းကြ၏။ |
ကိုယ်တော်သည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူလျက် ပေတရုအား ``အချင်းစာတန်၊ ငါ့ထံမှခွာသွားလော့။ သင်သည်ဘုရားသခင် ၏ရှုထောင့်ကမတွေး၊ လူ၏ရှုထောင့်ကသာ တွေး၏'' ဟုဆုံးမတော်မူ၏။
အသွေးအသားအားဖြင့်မွေးဖွားသူသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည်ဝိညာဉ်ဖြစ်၏။-
သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌အကယ်ပင်ကျိန်းဝပ်တော်မူ လျှင် သင်တို့သည်ဇာတိသဘောလှုံ့ဆော်သည့် အတိုင်းမဟုတ်ဘဲဝိညာဉ်တော်သွန်သင်သည့် အတိုင်းပြုမူကျင့်ကြံ၏။ ခရစ်တော်၏ဝိညာဉ် တော်မကျိန်းဝပ်သောသူသည်ခရစ်တော်နှင့် မည်သို့မျှမသက်ဆိုင်။-
မြေကြီးသားတို့သည်မြေမှုန့်မှဖန်ဆင်းထားသော သူနှင့်တူကြ၏။ ကောင်းကင်ဘုံနှင့်ဆိုင်သောလူတို့ သည်ကောင်းကင်ဘုံမှလာသောသူနှင့်တူကြ၏။-
ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-
ငါတို့သည်ဤလောက၌အသက်ရှင်နေ ထိုင်လျက်ရှိကြသည်မှန်သော်လည်း လောကီ အကျိုးကိုမျှော်ကိုး၍တိုက်ပွဲဝင်နေကြ သည်မဟုတ်။-
အဘယ်ကြောင့်ဆိုသော်လူ့ဇာတိအလိုသည် ဝိညာဉ်တော်အလိုနှင့်ဆန့်ကျင်လျက်နေ၍ ဝိညာဉ်တော်အလိုသည်လည်း လူ့ဇာတိအလို နှင့်ဆန့်ကျင်လျက်နေသောကြောင့်ဖြစ်၏။ လူ့ ဇာတိသဘောနှင့်ဝိညာဉ်တော်သည်ရန်သူ များဖြစ်ကြ၏။ သို့ဖြစ်၍သင်တို့သည်မိမိ တို့အလိုဆန္ဒရှိသည်အတိုင်းမပြုနိုင်ကြ။-
အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-