သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ပြီးလျှင် ``လွန်စွာပါးနပ်လိမ္မာသည့်အမှုကိုငါတို့ကြံစည်၍ ပြီးလေပြီ'' ဟုဆိုကြ၏။ လူ၏စိတ်နှလုံးနှင့်အကြံအစည်ကိုသိရှိရန် လွန်စွာပင်ခက်ခဲနက်နဲလှပါသည်တကား။
ရောမ 8:39 - Common Language Bible ကောင်းကင်အထက်အရာဖြစ်စေ၊ မြေအောက် အရာဖြစ်စေ၊ ဖန်ဆင်းထားသောမည်သည့်အရာ ပင်ဖြစ်စေ၊ ငါတို့အရှင်ခရစ်တော်ယေရှုအား ဖြင့်ဘုရားသခင်ဖော်ပြတော်မူသောမေတ္တာတော် နှင့် ငါတို့အားမကွဲမကွာစေနိုင်ဟုငါဧကန် အမှန်သိသောကြောင့်တည်း။ Garrad Bible ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။ Judson Bible အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ၊ ဖန်ဆင်းတော်မူသောအခြားမည်သည့်အရာပင်ဖြစ်စေ ငါတို့၏သခင်ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို မကွဲကွာစေနိုင်ဟု ငါသည် ယုံကြည်စိတ်ချ၏။ |
သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ပြီးလျှင် ``လွန်စွာပါးနပ်လိမ္မာသည့်အမှုကိုငါတို့ကြံစည်၍ ပြီးလေပြီ'' ဟုဆိုကြ၏။ လူ၏စိတ်နှလုံးနှင့်အကြံအစည်ကိုသိရှိရန် လွန်စွာပင်ခက်ခဲနက်နဲလှပါသည်တကား။
လူစိတ်နှလုံး၌ ပညာအကြံသည် နက်သော ရေနှင့်တူသော်လည်း၊ ဥာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။
ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သောသမင် ဒရယ်များကို တိုင်တည်၍၊ သင်တို့ကို ငါမှာထား၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သစ် ပင်မှခုတ်ဖြတ်ချလိုက်သည့်သစ်ကိုင်းများ သဖွယ် သူတို့အားပြိုလဲပျက်စီးစေတော်မူ လိမ့်မည်။ သူတို့တွင်မာန်မာနထောင်လွှားဆုံး၊ အကြီးမြတ်ဆုံးသောသူတို့ကိုခုတ်လှဲ ရှုတ်ချတော်မူလိမ့်မည်။-
မိုးကောင်းကင်ကိုအစိုးရသည့်နတ်များ နှင့်လောကီဘုရင်တို့အား ထာဝရဘုရား အပြစ်ဒဏ်ခတ်တော်မူမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။-
ထိုသစ်ပင်သည်ကမ္ဘာမြေပေါ်တွင်ရှိသမျှ သောလူအပေါင်းတို့မြင်ရကြသည်တိုင် အောင် မိုးကောင်းကင်အထိမြင့်မားလာ လေသည်။-
မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်ခမည်းတော်ကိုယ်တိုင် ပင် သင်တို့အားချစ်တော်မူသောကြောင့်ဖြစ်၏။ သင်တို့သည်ငါ့ကိုချစ်၍ ငါသည်ဘုရားသခင် ထံတော်မှလာကြောင်းကိုလည်းယုံကြည်သဖြင့် ခမည်းတော်သည်သင်တို့အားချစ်တော်မူ၏။-
အကျွန်ုပ်အပေါ်၌ကိုယ်တော်ရှင်ထားတော်မူ သောမေတ္တာတော်သည်သူတို့၌ကိန်းအောင်း၍ အကျွန်ုပ်သည်လည်းသူတို့၏စိတ်နှလုံးတွင် ကိန်းအောင်းနိုင်စေရန်ကိုယ်တော်အကြောင်း ကိုသူတို့အားအကျွန်ုပ်ကြားသိစေခဲ့ပါ ပြီ။ ဆက်လက်၍လည်းကြားသိစေပါဦးမည်'' ဟုမြွက်ဆိုတော်မူ၏။
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
ဘုရားသခင်ချစ်တော်မူသဖြင့်မိမိ၏ လူစုတော်ဝင်ဖြစ်စေရန် ရွေးကောက်တော်မူ သည့်ရောမအသင်းတော်ဝင်အပေါင်းတို့ ထံသို့ဤစာကိုရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကိုသင်တို့ခံစားရကြပါစေသော။
ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။-
သို့ရာတွင်ငါတို့သည်အပြစ်ကူးလျက်ရှိနေ ကြစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်အသေ ခံတော်မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် ငါတို့အားအဘယ်မျှချစ်တော်မူကြောင်းကို ထင်ရှားစွာပြတော်မူ၏။-
အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။
သို့ဖြစ်၍ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သူတို့သည် ဘုရားသခင်၏အပြစ် ဒဏ်စီရင်ခြင်းနှင့်ယခုကင်းလွတ်ကြ၏။-
သို့ဖြစ်၍အဘယ်သူသည်ငါတို့အားခရစ် တော်၏မေတ္တာတော်နှင့်ကွဲကွာစေနိုင်မည်နည်း။ ဒုက္ခရောက်ခြင်း၊ ကျဉ်းကျပ်ခြင်း၊ အညှဉ်းပန်း ခံရခြင်း၊ ငတ်မွတ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဘေးအန္တရာယ်နှင့်တွေ့ခြင်း၊ ကွပ်မျက်ခံရခြင်း တို့သည်ကိုယ်တော်၏မေတ္တာတော်နှင့်ငါတို့ကို ကွဲကွာစေနိုင်မည်လော။
ဧဝသည်မြွေ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စားခံရသကဲ့သို့သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အားအကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကိုစွန့်လွှတ်လိုက်ကြမည် လောဟုငါစိုးရိမ်မိ၏။-
သို့မှသာစာတန်အားငါတို့အပေါ်အနိုင်မရ စေရန်တားဆီးနိုင်ပေမည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်စာတန်၏အကြံအစည်များ ကိုသိကြသောကြောင့်တည်း။
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်ရှေ့တော်တွင်အပြစ် ဆိုဖွယ်မရှိဘဲ သန့်ရှင်းမြင့်မြတ်သူများ ဖြစ်နိုင်ကြစေရန်ကမ္ဘာမတည်မရှိမီ ကပင်ငါတို့ကိုဘုရားသခင်ရွေးချယ် ထားတော်မူပေသည်။ ဘုရားသခင်သည် မိမိမေတ္တာတော်ကြောင့်၊-
ငါသည်အောင်မြင်မှုကိုရရှိပြီ၊ အြုပစ်ဆိုဖွယ်မရှိသူ ဖြစ်ပြီဟုမဆိုလို။ သို့ရာတွင်ထိုဆုကိုငါ့အားပေး ရန်အတွက်ခရစ်တော်ယေရှုသည်ငါ့ကိုဆွဲဆောင် ရရှိတော်မူပြီဖြစ်ရာငါသည်ထိုဆုကိုရရှိနိုင်ရန် ကြိုးစားလျက်နေ၏။-
အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-
ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-
သူသည်လူတို့ကိုးကွယ်သောအမည်ခံ ဘုရားမှန်သမျှကိုအတိုက်အခံပြု၍ မိမိသည်ဘုရားတကာတို့ထက်တန်ခိုး ကြီးသည်ဟုဆိုလိမ့်မည်။ သူသည်ဘုရား သခင်၏ဗိမာန်တော်ထဲသို့ပင်လျှင်ဝင်၍ ထိုင်ကာမိမိကိုယ်ကိုဘုရားဟုကြေ ညာလိမ့်မည်။
ငါတို့အပေါ်ဘုရားသခင်မေတ္တာထားရှိ တော်မူကြောင်းငါတို့ကိုယ်တိုင်သိ၍ယုံ ကြည်ကြ၏။ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော် မူ၏။ ချစ်တတ်သောသူသည်ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းရှိ၏။ ဘုရားသခင်သည် လည်းထိုသူနှင့်တစ်လုံးတစ်ဝတည်းရှိတော် မူ၏။-
ဘုရားသခင်သည်ငါတို့အားရှေးဦးစွာချစ် တော်မူသောကြောင့်ငါတို့သည်ကိုယ်တော်ကို ချစ်ကြ၏။-
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-
ထိုသူတို့မှလွဲ၍ အခြားသွာတိရမြို့အသင်း တော်ဝင်တို့သည်ဤဆိုးညစ်သည့်အယူဝါဒ ကိုမလိုက်နာကြ။ စာတန်၏နက်နဲသည့်လျှို့ဝှက် ချက်များဟုသူတစ်ပါးတို့ခေါ်ဝေါ်ကြသည့် အရာများကိုလည်းမခံမယူကြ။ သင်တို့ အပေါ်သို့အခြားဝန်ထုပ်ကိုငါမတင်။-
ကောင်းကင်တမန်သည်နဂါးကိုတွင်းနက်ကြီး ထဲသို့ပစ်ချကာတွင်းကိုပိတ်ပြီးနောက် အနှစ် တစ်ထောင်ကုန်ဆုံးသည့်တိုင်အောင်လူမျိုးတကာ တို့အားမှောက်မှားလမ်းလွဲမှုမပြုနိုင်စေရန် တံဆိပ်ခတ်နှိပ်၍ထား၏။ အနှစ်တစ်ထောင် ကုန်ဆုံးချိန်၌သူ့အားခေတ္တလွှတ်ပေးရမည်။
ထိုနောက်အနှစ်တစ်ထောင်ကုန်လွန်သောအခါ စာတန်သည်အကျဉ်းကျရာမှလွတ်ပြီးလျှင်၊-