``ထာဝရဘုရားကမြေကိုကျိန်စာသင့်စေ သဖြင့် ငါတို့သည်ပင်ပန်းစွာလုပ်ကိုင်ရာမှ ဤသားသည်သက်သာရာရစေမည့်သူဖြစ် သည်'' ဟုလာမက်ဆို၍ထိုသားကိုနောဧဟု နာမည်မှည့်လေ၏။-
ရောမ 8:20 - Common Language Bible ဘုရားသခင်သည်ထိုအဖန်ဆင်းခံကမ္ဘာ လောကကိုအနတ္တဖြစ်စေရန်အပြစ်ဒဏ် စီရင်တော်မူ၏။ ထိုသို့ဖြစ်စေခြင်းမှာကမ္ဘာ လောက၏အလိုဆန္ဒကြောင့်မဟုတ်။ ဘုရား သခင်၏စီရင်ဆုံးဖြတ်တော်မူချက်ကြောင့် ဖြစ်၏။ သို့ရာတွင်မျှော်လင့်ချက်ရှိ၏။- Garrad Bible ဖန် ဆင်း တော် မူ ရာ များ သည် အ န တ္တ အောက် တွင် အ လျောက် ဘာ သာ ကြောင့် မ ဟုတ်။ ထား ခဲ့ တော် မူ သော အ ရှင် ကြောင့် နေ ရ လျက် ပင်၊ Judson Bible ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ဖန်ဆင်းခံလောကကို အကျိုးမဲ့သောအဖြစ်သို့ ရောက်ရန် စီရင်တော်မူ၏။ ထိုသို့ ဖြစ်ခြင်းမှာ ဖန်ဆင်းခံလောက၏ ဆန္ဒအရ မဟုတ်။ ဘုရားသခင် စီရင်တော်မူခြင်းအားဖြင့်သာ ဖြစ်၏။ |
``ထာဝရဘုရားကမြေကိုကျိန်စာသင့်စေ သဖြင့် ငါတို့သည်ပင်ပန်းစွာလုပ်ကိုင်ရာမှ ဤသားသည်သက်သာရာရစေမည့်သူဖြစ် သည်'' ဟုလာမက်ဆို၍ထိုသားကိုနောဧဟု နာမည်မှည့်လေ၏။-
ထိုအခါဘုရားသခင်သည်နောဧအား``ငါ သည်လူသတ္တဝါအားလုံးကိုသုတ်သင်ရန်ဆုံး ဖြတ်ပြီးပြီ။ ကမ္ဘာမြေကြီးသည်သူတို့၏ပြစ် မှုများဖြင့်ပြည့်နှက်လျက်ရှိသဖြင့် သူတို့ကို အကုန်အစင်သေကြေပျက်စီးစေမည်။-
ကိုယ်တော်သည်ကျွန်တော်မျိုး၏အသက်ကို လွန်စွာတိုစေတော်မူပါပြီတကား။ ကိုယ်တော်၏ရှေ့တော်တွင်ကျွန်တော်မျိုး၏ အသက်တာသည်ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ်သက်ရှိလူသတ္တဝါမည်သည်ကား ထွက်သက်ဝင်သက်တမျှ၊
သူတို့သည်ထိုပြည်ကိုမြေရိုင်းဖြစ်စေကြ လေပြီ။ ထိုပြည်သည်ငါ၏ရှေ့မှောက်၌လူသူ ကင်းမဲ့လျက်ရှိ၏။ တစ်ပြည်လုံးပင်စွန့်ပစ်ခြင်းခံရ၍အဘယ်သူမျှ ဂရုမစိုက်ကြ။
ကျွန်တော်မျိုးတို့၏ပြည်သည်အဘယ်မျှ ကြာကြာ ခြောက်သွေ့လျက်၊ လယ်ကွင်းများရှိမြက်တို့သည်လည်း၊အဘယ်မျှ ကြာကြာညှိုးနွမ်းလျက်နေရပါမည်နည်း။ `ငါတို့ပြုကျင့်ပုံကိုဘုရားသခင်တွေ့မြင်တော် မမူ' ဟုပြောဆိုကြသည့် ဤပြည်သူတို့၏ယုတ်မာမှုကြောင့်ငှက်များ၊ တိရစ္ဆာန်များသည်သေကြေပျက်စီးလျက်ရှိ ပါ၏။''
သို့ဖြစ်၍ဤပြည်သည်ခြောက်သွေ့လျက် သက်ရှိသတ္တဝါအပေါင်းတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ တိရစ္ဆာန်များ၊ ငှက်များ နှင့်ပင်လယ်ထဲရှိငါးများပင်သေကြေ ပျက်စီးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကျွဲနွားတို့သည်စားကျက်များမရှိသဖြင့်ဒုက္ခရောက်ကာမြည်တွန်နေကြ၏။ သိုးအုပ်များသည်လည်းဒုက္ခရောက်ရကြလေသည်။
အဖန်ဆင်းခံကမ္ဘာလောကတစ်ခုလုံးသည် သားဖွားခြင်းဝေဒနာကဲ့သို့ပြင်းပြသော ဝေဒနာဖြင့် ယခုအချိန်တိုင်အောင်ညည်း တွားလျက်ရှိကြောင်းငါတို့သိကြ၏။-
အဘယ်ကြောင့်ဆိုသော်ငါတို့သည်မျှော်လင့် ခြင်းအားဖြင့် ကယ်တင်ခြင်းကိုခံရကြသော ကြောင့်ဖြစ်၏။ ငါတို့သည်မိမိတို့မျှော်လင့် သည့်အရာကိုမမြင်နိုင်ကြ။ မြင်နိုင်ကြပါ မူငါတို့၏မျှော်လင့်ခြင်းသည်အကယ်ပင် မျှော်လင့်ခြင်းမဟုတ်။ မြင်ရသောအရာကို အဘယ်သူသည်မျှော်လင့်မည်နည်း။-