ကတိတော်ရှိသည့်အတိုင်းကွန်တော်မျိုး မလဲစိမ့်သောငှာစောင့်ထိန်းတော်မူပါ။ အပြစ်ဒုစရိုက်သည်ကွန်တော်မျိုးအား အစိုးမရပါစေနှင့်။
ရောမ 7:21 - Common Language Bible သို့ဖြစ်၍ငါတွေ့ရှိရသောသဘောတရားမှာ ငါသည်အကျင့်ကောင်းကိုကျင့်လိုသောအခါ အကျင့်ဆိုးကိုသာကျင့်နိုင်ခြင်းဖြစ်သည်။- Garrad Bible သို့ ဖြစ်၍ အ ကောင်း ပြု ရန် သ ဘော ရှိ သော် လည်။ အ ဆိုး ဘက် စပ် လျက် နေ သော တ ရား ကို ငါ တွေ့ သည် မှာ၊ Judson Bible ထိုသို့ ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ကောင်းသောအမှုကိုပြုလိုသောငါ၌ မကောင်းသောအမှုရှိနေသည်ဟူသောသဘောတရားကို ငါတွေ့၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကောင်းသောအပြုအမူကို ပြုလိုသော ကျွန်ုပ်၌ မကောင်းသောအပြုအမူ ရှိနေသည်ဟူသော သဘောတရားကို ကျွန်ုပ်တွေ့ရ၏။ |
ကတိတော်ရှိသည့်အတိုင်းကွန်တော်မျိုး မလဲစိမ့်သောငှာစောင့်ထိန်းတော်မူပါ။ အပြစ်ဒုစရိုက်သည်ကွန်တော်မျိုးအား အစိုးမရပါစေနှင့်။
အကျိုးမရှိသည့်အရာမားကိုအာရုံပြုမှုနှင့် ကင်းဝေးစေတော်မူ၍ ကွန်တော်မျိုးအားကိုယ်တော်ရှင်၏ ကတိတော်အတိုင်းကေးဇူးပြုတော်မူပါ။
ရေတွက်၍မရနိုင်အောင်များမြောင်သော ဘေးဒုက္ခတို့သည်ကျွန်တော်မျိုးအားဝိုင်းရံလျက် ရှိပါသည်တကား။ ကျွန်တော်မျိုး၏အပြစ်များကကျွန်တော်မျိုးအား လိုက်၍မီသဖြင့်ကျွန်တော်မျိုးသည် မမြင်နိုင်တော့ပါ။ ယင်းအပြစ်တို့သည်ကျွန်တော်မျိုးဦးခေါင်းမှ ဆံပင်ထက်များပြားသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ပျက်အားလျော့ပါပြီ။
သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက်ယော်ဒန်မြစ်မှပြန်လာတော်မူစဉ် ဝိညာဉ်တော်သည်ကိုယ်တော်ကိုတောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။ ထိုအရပ်တွင်အရက် လေးဆယ်ပတ်လုံးမာရ်နတ်၏စုံစမ်းသွေးဆောင် ခြင်းကိုခံတော်မူ၏။-
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား အပြစ်ကူးသူတိုင်းသည် အပြစ်၏ကျွန်ဖြစ်၏။-
ထို့ကြောင့်သင်တို့သည် မိမိတို့ကိုယ်ခန္ဓာ၏ အလိုဆန္ဒသို့မလိုက်စေရန်အပြစ်တရား က သင်တို့၏သေတတ်သောကိုယ်ခန္ဓာကိုအစိုး မရစေနှင့်။-
အပြစ်တရားသည်သင်တို့အားအစိုးမရစေ နှင့်။ အဘယ်ကြောင့်ဆိုသော်သင်တို့သည်ပညတ် တရားလက်အောက်၌မရှိ။ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ရှိကြသော ကြောင့်တည်း။
သို့သော်ငါ၏ကိုယ်ခန္ဓာအတွင်း၌ ငါ၏စိတ်က နှစ်သက်သည့်သဘောတရားနှင့်ဆိုင်ပြိုင်တိုက် ခိုက်လျက်နေသည့်အခြားသဘောတရားတစ်ခု ရှိ၏။ ထိုသဘောတရားသည်ငါ၏အတွင်း၌ ထကြွလှုပ်ရှား၍ ငါ့အားအပြစ်တရား၏ လက်သို့အပ်နှံသည်ကိုငါမြင်ရ၏။-
ငါတို့အရှင်သခင်ယေရှုခရစ်အားဖြင့်ကယ် ဆယ်တော်မူသောဘုရားသခင်၏ကျေးဇူး တော်သည်ကြီးလှစွတကား။ အချုပ်အားဖြင့်ငါ၏ဖြစ်ရပ်ကိုဖော်ပြရသော် ငါသည်စိတ်အားဖြင့် ဘုရားသခင်၏တရားတော် အောက်အစေခံသော်လည်းဇာတိသဘောအား ဖြင့်အပြစ်တရားအောက်အစေခံ၏။
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-
ထို့ကြောင့်ကိုယ်တော်သည်လူတို့၏အပြစ်များ ကိုဖြေလွှတ်အံ့သောငှာကရုဏာ၊ သစ္စာနှင့် ပြည့်ဝသည့်ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်နိုင် ရန် အရာရာ၌မိမိ၏ညီအစ်ကိုများနှင့် တူညီရပေသည်။-
ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။-
သူတို့သည်ထိုသူတို့အားလွတ်လပ်မှုကို ကတိပေးခဲ့သော်လည်း မိမိတို့ကိုယ်တိုင် ပင်လျှင်ပျက်စီးစေမည့်အကျင့်များ၏ ကျွန်ဖြစ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် လူသည် မိမိအားစိုးမိုးသည့်အရာဟူ သမျှ၏ကျွန်ဖြစ်သောကြောင့်တည်း။-