အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။
ရောမ 6:18 - Common Language Bible သင်တို့သည်အပြစ်တရား၏ကျွန်ဘဝမှ လွတ်မြောက်ကြသောအခါဖြောင့်မတ်ခြင်း တရား၏ကျွန်ဖြစ်လာကြ၏။- Judson Bible သင်တို့သည် အပြစ်တရား၏လက်မှ လွတ်ကြပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အပြစ်၏လက်မှ လွတ်မြောက်ခွင့်ရပြီး ဖြောင့်မတ်ခြင်း၏ကျွန်ဖြစ်လာကြသောကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုတွင် သင်တို့သည် အပြစ်တရား၏ကျွန်အဖြစ်မှ လွတ်မြောက်၍ ဖြောင့်မတ်ခြင်းတရား၏ကျွန် ဖြစ်လာကြပြီ။ |
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။
ကိုယ်တော်ရှင်သည်ကွန်တော်မျိုးအားအသိဉာဏ် ပိုမိုပွင့်လင်းစေတော်မူမည်ဖြစ်၍ ကွန်တော်မျိုးသည်အမိန့်တော်တို့ကို စိတ်အားထက်သန်စွာလိုက်နာပါမည်။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သြဝါဒ မားကို ကြိုးစား၍လိုက်နာသဖြင့် လွတ်လပ်မှုအပြည့်အဝဖြင့်သွားလာနေထိုင် ရပါလိမ့်မည်။
ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည် သူတစ်ပါးတို့အုပ်စိုးမှုကို ခံရကြပါပြီ။ သို့ရာတွင်ကိုယ်တော်ရှင် တစ်ပါးတည်းသာလျှင်၊ ကျွန်တော်မျိုးတို့၏အရှင်သခင်ဖြစ်တော်မူပါ၏။
သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
သမ္မာတရားကိုလည်းသိသဖြင့်ထိုသမ္မာ တရားသည်သင်တို့အားလွတ်လပ်စေလိမ့် မည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍သင်တို့အားသားတော်ကလွတ်လပ် စေလျှင် သင်တို့သည်ဧကန်အမှန်လွတ်လပ် ကြလိမ့်မည်။-
အပြစ်တရားသည်သင်တို့အားအစိုးမရစေ နှင့်။ အဘယ်ကြောင့်ဆိုသော်သင်တို့သည်ပညတ် တရားလက်အောက်၌မရှိ။ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ရှိကြသော ကြောင့်တည်း။
သို့သော်သင်တို့သည်ယခုအခါအပြစ် တရား၏လက်မှလွတ်မြောက်ပြီးလျှင် ဘုရား သခင်၏ကျွန်များဖြစ်လာကြပေပြီ။ သင် တို့ရရှိသည့်အကျိုးကားကိုယ်တော်၏အတွက် မိမိတို့ကိုယ်ကိုအကြွင်းမဲ့ဆက်ကပ်ခြင်း ဖြစ်သည်။ အဆုံး၌ထာဝရအသက်ကိုရရှိ ခြင်းပင်ဖြစ်သည်။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-
ခရစ်တော်သည်ငါတို့အား ကျွန်ဘဝမှလွတ် မြောက်စေတော်မူပြီဖြစ်၍ ငါတို့သည်ကျွန် မဟုတ်ကြ။ သို့ဖြစ်၍လွတ်လပ်သူများအဖြစ် နှင့်ရပ်တည်ကြလော့။ နောက်တစ်ဖန်ကျွန်မဖြစ် ကြနှင့်။
သင်တို့သည်လွတ်လပ်သူများအနေဖြင့်ပြုမူ နေထိုင်ကြလော့။ သို့ရာတွင်ဆိုးညစ်မှု၊ တစ်စုံ တစ်ရာကိုဖုံးကွယ်ရန်အတွက်မိမိတို့၏ လွတ်လပ်မှုကိုအသုံးမပြုကြနှင့်။ သို့ရာ တွင်သင်တို့သည်ဘုရားသခင်၏ကျွန်များ အဖြစ်ဖြင့်ပြုမူနေထိုင်ကြလော့။-