ရောမ 4:12 - Common Language Bible သူသည်အရေဖျားလှီးမင်္ဂလာခံသူတို့၏ အဖလည်းဖြစ်ပေသည်။ တစ်နည်းကားသူ သည်အရေဖျားလှီးမင်္ဂလာကိုခံကြရုံမက ငါတို့အဖအာဗြဟံအရေဖျားလှီးမင်္ဂလာ ကိုမခံမီက ဘုရားသခင်ကိုယုံကြည်ခြင်း စံနမူနာကိုလိုက်သူတို့၏အဖလည်းဖြစ် သည်။ Judson Bible ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှာလည်းကောင်း၊ အရေဖျားလှီးခြင်းကို ခံသည်သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမီ ရှိသော ယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့၏အဘ ဖြစ်အံ့သောငှာလည်းကောင်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမီရှိသော ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျားလှီးခြင်း၏ လက္ခဏာကို ခံရသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် အာဗြဟံအား အရေဖျားလှီးထားသောသူတို့၏အဖဖြစ်စေရန်နှင့် အရေဖျားလှီးထားသောသူသာမကဘဲ အရေဖျားမလှီးမီကပင် ငါတို့အဖအာဗြဟံ၌ရှိသော ယုံကြည်ခြင်းခြေရာကို လိုက်လျှောက်သောသူတို့၏အဖလည်း ဖြစ်စေရန်အတွက်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတို့အတွက်လည်း အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။ သို့သော် အာဗြဟံအရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီက ရှိခဲ့သောယုံကြည်ခြင်းမျိုးသည် ထိုသူတို့၌ ရှိရမည်ဖြစ်၏။ |
တိုင်းနိုင်ငံတို့ကိုအုပ်စိုးသည့်မင်းတို့သည် လာ၍ အာဗြဟံကိုးကွယ်သောထာဝရဘုရား၏ လူစုတော်နှင့်အတူစုဝေးကြကုန်၏။ ကိုယ်တော်သည်လောကစစ်တပ်ရှိသမျှတို့ ထက် တန်ခိုးကြီးတော်မူ၏။ ကိုယ်တော်သည်တန်ခိုးအကြီးဆုံးဘုရင် ဖြစ်တော်မူပါ၏။
သင်သည် သူတော်ကောင်းတို့၏ လမ်းသို့ရှောက်၍၊ ဖြောင့်မတ်သော သူတို့၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်ရှိပျက်စီးယိုယွင်းနေသောမြို့များတွင် နေထိုင်သူတို့က`အာဗြဟံသည်လူတစ်ဦး မျှသာဖြစ်သော်လည်းဤပြည်တစ်ပြည်လုံး ကိုအပိုင်ရရှိခဲ့၏။ ယခုငါတို့သည်ကား အရေအတွက်အားဖြင့်များသည်ဖြစ်၍ဤ ပြည်ကိုငါတို့အပိုင်ရကြပြီ' ဟုပြောဆို နေကြ၏။
အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟူ၍ ပြောဆိုရုံမျှဖြင့် သင်တို့သည်အပြစ်မှလွတ်ငြိမ်း ခွင့်ကိုရရှိလိမ့်မည်ဟုမထင်ကြနှင့်။ ဘုရားသခင် သည်ဤကျောက်ခဲများမှ အာဗြဟံ၏သားများ ကိုဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
သူ့အားဘုရားသခင်ယင်းသို့လက်ခံတော်မူ ပြီးမှအာဗြဟံသည်အရေဖျားလှီးမင်္ဂလာ ခံရ၏။ ထိုအရေဖျားလှီးမင်္ဂလာကားဘုရား သခင်သည်အာဗြဟံ၏ယုံကြည်မှုကိုထောက် လျက် အရေဖျားလှီးမင်္ဂလာမခံမီဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူကြောင်းကိုသက်သေပြ သောအမှတ်လက္ခဏာပင်ဖြစ်၏။ သို့ဖြစ်၍ အာဗြဟံသည်အရေဖျားလှီးမင်္ဂလာကို မခံသော်လည်းဘုရားသခင်ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံသူအပေါင်းတို့၏အဖဖြစ်လာ ၏။-
ဘုရားသခင်သည် အာဗြဟံနှင့်သားမြေးတို့ အားကမ္ဘာလောကကို ပိုင်စေတော်မူမည်ဟုကတိ ထားတော်မူခဲ့၏။ ဤသို့ကတိထားတော်မူခြင်း မှာအာဗြဟံသည်ပညတ်တရားကိုစောင့်ထိန်း သောကြောင့်မဟုတ်၊ ဘုရားသခင်ကိုယုံကြည် သဖြင့်သူ့အားဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံတော်မူသောကြောင့်ဖြစ်၏။-
ငါသည်တိတုအားသင်တို့ထံသို့သွားရန် တောင်းပန်စေလွှတ်ခဲ့၏။ အခြားခရစ်ယာန် ညီအစ်ကိုတစ်ဦးကိုလည်းသူနှင့်အတူ ထည့်လိုက်၏။ တိတုသည်သင်တို့ထံမှ အခွင့်ကောင်းယူခဲ့သည်ဟုဆိုမည်လော။ သူနှင့်ငါသည်သဘောချင်းတူ၍တစ် လမ်းတည်းလိုက်လျှောက်ကျင့်သုံးကြ သူများမဟုတ်လော။
ဤနည်းအတိုင်းပြုမူစေရန်သင်တို့အား ကိုယ်တော်ရွေးကောက်တော်မူခြင်းဖြစ်ပေ သည်။ ခရစ်တော်ကိုယ်တိုင်ပင်လျှင်သင်တို့ အတွက်ဒုက္ခဝေဒနာခံတော်မူ၍ ခြေတော် ရာကိုသင်တို့လိုက်လျှောက်နိုင်စေရန်စံနမူ နာထားခဲ့ပြီ။-