ထိုမှတစ်ပါးလည်းသင်တို့သည်ညီအစ်ကိုအချင်း ချင်းနှင့်သာလျှင်နှုတ်ဆက်ကြမည်ဆိုပါက သင်တို့ ၏အပြုအမူသည်အဘယ်သို့ထူးခြားမှုရှိနိုင် ပါမည်နည်း။ ဘုရားသခင်ကိုမသိသောသူများ ပင်လျှင်ဤသို့ပြုကြသည်။-
ရောမ 16:12 - Common Language Bible သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သူ တရုဖဲနနှင့်တရုဖောသကိုနှုတ်ဆက်လိုက်၏။ ငါ၏ရင်းနှီးသောမိတ်ဆွေပေရသိကိုနှုတ်ဆက် ကြလော့။ သူသည်သခင်ဘုရား၏အမှုတော်ကို အလွန်ကြိုးစားဆောင်ရွက်သူဖြစ်ပေသည်။- Garrad Bible အ ရှင် ဘု ရား အ မှု တော်၌ ကြိုး စား အား ထုတ် သူ တ ရု ဖဲ န နှင့် တ ရု ဖော သ တို့ ကို နှုတ် ဆက် ကြ လော့။ အ ရှင် ဘု ရား အ မှု တော်၌ များ စွာ ကြိုး စား အား ထုတ် ခဲ့ သူ ချစ် ဆွေ ပေ ရ တိ ကို နှုတ် ဆက် ကြ လော့။ Judson Bible သခင်ဘုရား၏အမှုတော်ကို ကြိုးစားသောမိန်းမ၊ တရုဖဲနနှင့် တရုဖောသကိုလည်းကောင်း၊ သခင်ဘုရား၏ အမှုတော်ကို အလွန်ကြိုးစား၍ ချစ်အပ်သောမိန်းမ ပေရသိကိုလည်းကောင်း နှုတ်ဆက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရား၌ကြိုးစားလုပ်ဆောင်နေသူ တရုဖဲနနှင့်တရုဖောသတို့ကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၌အလွန်ကြိုးစားလုပ်ဆောင်သူ ငါချစ်သောပေရသိကို နှုတ်ဆက်ပေးကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဘုရား၏ အမှုတော်ကို ကြိုးစားလုပ်ဆောင်ကြသည့် အမျိုးသမီးများဖြစ်သော တရုဖဲနနှင့် တရုဖောသကိုလည်းကောင်း၊ အလုပ်အလွန်ကြိုးစားသည့် ချစ်သော ပေရသိကိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။ |
ထိုမှတစ်ပါးလည်းသင်တို့သည်ညီအစ်ကိုအချင်း ချင်းနှင့်သာလျှင်နှုတ်ဆက်ကြမည်ဆိုပါက သင်တို့ ၏အပြုအမူသည်အဘယ်သို့ထူးခြားမှုရှိနိုင် ပါမည်နည်း။ ဘုရားသခင်ကိုမသိသောသူများ ပင်လျှင်ဤသို့ပြုကြသည်။-
သို့ဖြစ်၍လုပ်သားများစေလွှတ်ပေးရန်စပါးရှင် အားဆုတောင်းကြလော့'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။
ယုဒအမျိုးသားချင်းဖြစ်သူဟေရောဒျုန်ကို နှုတ်ဆက်ကြလော့။ ညီအစ်ကိုများဖြစ်သော နာကိသု၏အိမ်သူအိမ်သားတို့ကိုနှုတ်ဆက် ကြလော့။
သခင်ဘုရား၏အမှုတော်ကိုထူးချွန်စွာ ဆောင်ရွက်သူရုဖုနှင့် ငါ၏အမိသဖွယ် ဖြစ်သောသူ၏အမိကိုနှုတ်ဆက်လိုက်၏။-
သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-
သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
ဤတာဝန်လုပ်ငန်းကိုငါကြိုးပမ်းလုပ်ဆောင် လျက်ရှိစဉ်ခရစ်တော်သည် ငါ့အားကြီးမား သောတန်ခိုးစွမ်းရည်ကိုပေးတော်မူသည်။ ထို တန်ခိုးစွမ်းရည်သည်ငါ၏အထဲ၌လုပ် ဆောင်လျက်ရှိ၏။
ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-
ငါတို့သည်ကြိုးစားအားထုတ်လုပ်ဆောင်လျက် နေကြခြင်းမှာ လူအပေါင်းတို့၏ကယ်တင်ရှင် အထူးသဖြင့်ယုံကြည်သူတို့၏ကယ်တင်ရှင် ဖြစ်တော်မူ၍ အသက်ရှင်တော်မူသောဘုရား သခင်ကိုကိုးစားကြသောကြောင့်ဖြစ်၏။