ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
ရောမ 14:6 - Common Language Bible နေ့ထူးနေ့မြတ်ကိုစောင့်ထိန်းသူသည်သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စောင့်ထိန်းခြင်းဖြစ်၏။ မည်သည့်အစားအစာ များကိုမဆိုစားတတ်သူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စားခြင်းဖြစ်သည်။ သူသည်လည်းထိုအစား အစာအတွက်ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်းသည်။ အချို့သောအစား အစာကိုရှောင်ကြဉ်သောသူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် ရှောင်ကြဉ်ခြင်းဖြစ်၏။ သူသည်လည်းဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း သည်။- Garrad Bible နေ့ ကို ထောက် သူ သည် အ ရှင် ဘု ရား အ ဖို့ ထောက် သည့် အ လျောက် စား သူ သည် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း သည် နှင့် အ ရှင် ဘု ရား အ ဖို့ စား၏။ မ စား သူ လည်း အ ရှင် ဘု ရား အ ဖို့ ရှောင် လျက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း၏။ Judson Bible နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရားကို ထောက်၍ စောင့်၏။ နေ့ရက်ကို မစောင့်သောသူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စားသောသူသည် သခင်ဘုရားကို ထောက်သောစိတ်နှင့် စား၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မစားသောသူသည်လည်း၊ သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ၍၊ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။- မြန်မာ့စံမီသမ္မာကျမ်း နေ့ရက်ကိုစောင့်ထိန်းသောသူသည် သခင်ဘုရားအတွက်စောင့်ထိန်း၏။ စားသောသူသည်လည်း သခင်ဘုရားအတွက်စား၏။ အကြောင်းမူကား သူသည် ဘုရားသခင်ကိုကျေးဇူးတင်၏။ မစားသောသူသည်လည်း သခင်ဘုရားအတွက်မစားဘဲနေ၍ ဘုရားသခင်ကိုကျေးဇူးတင်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နေ့တစ်နေ့ကို အထူးနေ့အဖြစ် အလေးထားသောသူသည် ဘုရားသခင်ကို ထောက်၍ အလေးထားခြင်း ဖြစ်၏။ အစားအစာအားလုံးကို စားသောသူသည် ဘုရားသခင်ကို ထောက်၍ စားခြင်း ဖြစ်၏။ သူသည် ထိုအစာအတွက် ဘုရားသခင်ကို ကျေးဇူးတင်၏။ မစားသောသူသည်လည်း ဘုရားသခင်ကို ထောက်၍ မစားဘဲနေခြင်း ဖြစ်၏။ သူသည်လည်း ဘုရားသခင်ကို ကျေးဇူးတင်၏။ |
ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
ထိုနေ့ညသည်ထာဝရဘုရားကသူတို့ ကိုအီဂျစ်ပြည်မှထုတ်ဆောင်ရန်စောင့်ကြပ် ကြည့်ရှုသောညဖြစ်၏။ သို့ဖြစ်၍ဣသရေလ အမျိုးအစဉ်အဆက်တို့သည် ထိုညကို ထာဝရဘုရားထုတ်ဆောင်တော်မူရာည အထိမ်းအမှတ်ပွဲတော်အဖြစ်နှစ်စဉ် ကျင်းပကြလေသည်။
မောရှေက``ယနေ့သည်သင်တို့အလုပ်မှရပ် နားရာနေ့၊ ထာဝရဘုရားအတွက်ဆက်ကပ် သောဥပုသ်နေ့ဖြစ်သဖြင့် ယမန်နေ့ကချန် ထားသောစားစရာကိုစားကြလော့။ စခန်း အပြင်ဘက်၌စားစရာရှာတွေ့နိုင်မည် မဟုတ်။-
သင်တို့သည်အစာရှောင်လျက်တစ်ရက်တာမျှ မိမိကိုယ်ကိုနှိမ့်ချခြင်းကိုငါနှစ်သက်သည် ဟုထင်မှတ်ကြသလော။ ဒုက္ခခံလျက်မြက်ပင် များသဖွယ်ဦးခေါင်းများကိုကိုင်းညွှတ်၍ မိမိတို့ထိုင်ရန်လျှော်တေအဝတ်နှင့်ပြာ ကိုခင်းတတ်ကြ၏။ ဤအပြုအမူကား အစာရှောင်ခြင်းဟု သင်တို့ခေါ်ဆိုကြသည့် အရာပေလော။ ယင်းသို့သင်တို့ပြုမူသော နေ့ရက်ကို ငါနှစ်သက်မြတ်နိုးတော်မူ သည်ဟုသင်တို့ထင်မှတ်ကြပါသလော။
ယေရုရှလင်မြို့နှင့်ယုဒပြည်တစ်ပြည် လုံးတွင်ရှိသမျှသောအိုးတို့ကိုလည်း သန့်ရှင်းမြင့်မြတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားအားဝတ်ပြုကိုးကွယ် မှုတွင်အသုံးပြုရန်အတွက် သီးသန့်ထား ရှိကြလိမ့်မည်။ ထိုနေ့ရက်ကာလကျ ရောက်လာသောအခါ အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဗိမာန်တော်တွင် အဘယ် သို့သောရောင်းဝယ်သူတစ်ဦးတစ်ယောက် မျှရှိတော့မည်မဟုတ်။ ပရောဖက်ဇာခရိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
ကိုယ်တော်သည်လူပရိသတ်တို့ကိုမြက်ခင်းပေါ် တွင်ထိုင်စေတော်မူ၏။ ထိုနောက်မုန့်ငါးလုံးနှင့်ငါး နှစ်ကောင်ကိုယူ၍ကောင်းကင်သို့မျှော်ကြည့်လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်များကိုဖဲ့၍တပည့်တော်တို့အားပေး တော်မူ၏။ တပည့်တော်တို့သည်လည်းလူတို့အား ဝေပေးကြ၏။-
မုန့်ခုနစ်လုံးနှင့်ငါးကိုယူ၍ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့် နှင့်ငါးကိုဖဲ့၍တပည့်တော်တို့အားပေးတော် မူ၏။ တပည့်တော်တို့သည်လည်းလူပရိသတ် တို့အားတစ်ဆင့်ပေးဝေကြ၏။-
လူတို့က ``အကျွန်ုပ်တို့သည်ဘုရားသခင် အလိုတော်ရှိသည့်အရာကိုဆောင်ရွက်နိုင် ရန် အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး လျှောက်ကြ၏။
သင်တို့သည်အချို့သောနေ့၊ လ၊ ရာသီနှင့်နှစ်များ ကိုအထူးဂရုစိုက်အရေးပေးနေကြသည်။-