ရောမ 13:13 - Common Language Bible ငါတို့သည်အလင်းတွင်ကျင်လည်သူများ ကဲ့သို့ကောင်းမွန်လျောက်ပတ်စွာပြုမူကျင့်ကြံ ကြရမည်။ အရက်သေစာသောက်ကြူးခြင်း၊ အကျင့်ဖောက်ပြားခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့်မနာလိုခြင်းတို့ကို ရှောင်ကြဉ်ကြရမည်။- Garrad Bible အ လင်း ဆိုင် ရာ လက် နက် စုံ ကို ဆင် ယင် ကြ သည့် ပြင် ပျော် ပါး၍ မူး ယစ် ခြင်း၊ မှား ယွင်း၍ ကာ မ ဂုဏ် လိုက် စား ခြင်း၊ ခိုက် ရန် ဖြစ်၍ ဆိုင် ပြိုင် ခြင်း များ ကို ရှောင် လျက် နေ့ အ ခါ နှင့် သင့် လျော် သော အ ကျင့် အ ကြံ များ ကို ပြု မူ ကြ ကုန် အံ့။ Judson Bible ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့။- မြန်မာ့စံမီသမ္မာကျမ်း အပျော်ကြူးခြင်းနှင့်သောက်စားမူးယစ်ခြင်းတို့၌လည်းကောင်း၊ ကိလေသာရှုပ်ထွေးခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့၌လည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်းနှင့်မနာလိုခြင်းတို့၌လည်းကောင်း မကျင်လည်ကြဘဲ နေ့အချိန်၌လျှောက်လှမ်းသကဲ့သို့ တင့်တယ်လျောက်ပတ်စွာ အသက်ရှင်လျှောက်လှမ်းကြကုန်စို့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နေ့အချိန်၌ ပြုမူနေထိုင်သကဲ့သို့ သင့်တင့်လျောက်ပတ်စွာ ပြုမူနေထိုင်ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ကိလေသာလွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့် မနာလိုခြင်းတို့ကို ရှောင်ကြဉ်ရမည်။ |
ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
``အခါတစ်ပါး၌သူဌေးတစ်ဦးရှိ၏။ သူသည် နေ့စဉ်ကမ္ဗလာနီနှင့်ပိတ်ချောထည်များကို ဝတ်ဆင်လျက်စည်းစိမ်ခံစားလျက်နေ၏။-
``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။-
ဤသူတို့သည်သင်တို့ထင်မှတ်သည်အတိုင်း မူးယစ်နေသူများမဟုတ်။ ယခုနံနက်ကိုး နာရီမျှသာရှိသေး၏။-
သင်တို့သည်လောကီသားများအဆင့်အတန်း ၌သာနေကြသေး၏။ အချင်းချင်းမနာလို လျက်၊ ရန်ဖြစ်လျက်နေကြသည်မှာလောကီ သားအဆင့်အတန်း၌ပင်သင်တို့ရှိနေကြ သေး၍မဟုတ်ပါလော။ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြခြင်းပင်မဟုတ်ပါလော။-
လူ့ဇာတိနှင့်ဆိုင်သောအပြုအမူများမှာ သိသာထင်ရှား၏။ ထိုအရာများကားကာမ ဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းခြင်း၊ အကျင့် ပျက်ခြင်း၊-
ငြူစူခြင်း၊ သေရည်သောက်ကြူးခြင်း၊ သောက်စား ပျော်ပါးခြင်းအစရှိသည်တို့ဖြစ်၏။ ဤနည်း အတိုင်းပြုကျင့်ကြသူတို့သည်ဘုရားသခင် ၏နိုင်ငံတော်ကိုအပိုင်ရကြမည်မဟုတ်။
သို့ဖြစ်၍သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သောကြောင့် အကျဉ်းခံရသူငါ သည်သင်တို့အားနှိုးဆော်ပါ၏။ သင်တို့ သည်ဘုရားသခင်ရွေးချယ်ခေါ်ယူတော် မူခြင်းကိုခံရသည်နှင့်အညီကျင့်ကြံ ပြုမူကြလော့။-
သို့ဖြစ်၍သင်တို့သည်ဘုရားမဲ့သူများနည်း တူဆက်လက်မကျင့်ကြံကြရန် သခင်ဘုရား ၏နာမတော်ကိုအမှီပြု၍ငါသတိပေး လို၏။ သူတို့၏အကြံအစည်များကား အချည်းနှီးသာဖြစ်သည်။-
သို့ဖြစ်၍သင်တို့ပြုကျင့်ပုံကိုသတိပြုကြ လော့။ ပညာမဲ့သူများကဲ့သို့မဟုတ်ဘဲပညာ ရှိသူများကဲ့သို့ပြုကျင့်ကြလော့။-
သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။-
အခါတစ်ပါးကသင်တို့သည်မှောင်မိုက်တွင် နေထိုင်ခဲ့ကြ၏။ ယခုအခါ၌မူသခင် ဘုရား၏လူစုတော်ဝင်များဖြစ်လာကြ သဖြင့်အလင်းသို့ရောက်ရှိကြလေပြီ။ သို့ ဖြစ်၍အလင်း၌ကျင်လည်သူများကဲ့သို့ ပြုကျင့်ကြလော့။-
ယခုသင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင် ကြရန်ပင်ဖြစ်ပေသည်။ သင်တို့ထံသို့ငါပြန် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေသာသနာ တော်တည်တံ့ကြီးပွားရေးအတွက်ကြံ့ခိုင်စွာ ရပ်တည်၍တစ်စိတ်တစ်သဘောတည်း၊ ရည်ရွယ် ချက်တစ်ခုတည်းဖြင့်သတင်းကောင်းနှင့်ဆိုင် သောယုံကြည်ခြင်းတရားအတွက်သင်တို့တိုက်ပွဲ ဝင်လျက်ရှိကြကြောင်းကိုငါကြားသိလို၏။-
ကြွားဝါလိုသောစိတ်၊ ကျော်စောကိတ္တိကိုတပ်မက် သောစိတ်တို့ဖြင့်အဘယ်အမှုကိုမျှမပြုကြ နှင့်။ သူတစ်ပါးသည်မိမိထက်သာသည်ဟု အစဉ်ယူဆလျက်စိတ်နှိမ့်ချကြလော့။-
သို့မှသာအစဉ်အမြဲသခင်ဘုရားနှစ်သက် တော်မူစေရန်လည်းကောင်း၊ ကိုယ်တော်၏ဘုန်း အသရေတော်ထွန်းတောက်စေရန်လည်းကောင်း သင်တို့ပြုမူကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်း သို့ပြုမူကျင့်ကြံသဖြင့် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသောအသီး အပွင့်များကိုဖြစ်ထွန်းစေကြလိမ့်မည်။ ဘုရားသခင်ကိုလည်းတိုး၍သိကျွမ်း လာကြလိမ့်မည်။-
သို့ဖြစ်၍ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းစွာ ကျင့်ခြင်း၊ ပြင်းပြသောတဏှာရမ္မက်၊ မကောင်းမှု ပြုလုပ်လိုသောစိတ်ရှိခြင်း၊ လောဘလွန်ကူး ခြင်းအစရှိသောလောကီအာသာရမ္မက်များ ကိုသေစေကြလော့။ (လောဘကူးခြင်းသည် ရုပ်တုကိုးကွယ်ခြင်းတစ်မျိုးပင်ဖြစ်၏။-)
ငါတို့သည်သင်တို့ကိုအားပေးစကားပြော ကြားခဲ့ကြ၏။ စိတ်သက်သာမှုကိုရရှိစေခဲ့ ကြ၏။ ကိုယ်တော်၏နိုင်ငံတော်သို့ဝင်ခွင့်နှင့် ဘုန်းအသရေကိုခံယူခွင့်ရနိုင်စိမ့်သောငှာ သင်တို့အားခေါ်ယူရွေးကောက်တော်မူသော ဘုရားသခင်နှစ်သက်တော်မူသည့်အကျင့် မျိုးကိုကျင့်ကြစေရန်တိုက်တွန်းနှိုးဆော်ခဲ့ ကြ၏။
ဤနည်းအားဖြင့်သင်တို့သည်အသင်းတော်ဝင် မဟုတ် သူတို့၏ကြည်ညိုလေးစားခြင်းကိုခံရ ကြလိမ့်မည်။ အဘယ်သူကိုမျှမှီခိုရန်လည်း လိုလိမ့်မည်မဟုတ်။
ကျမ်းစာတော်က``ငါတို့အထဲသို့ဘုရားသခင် ပေးသွင်းတော်မူသောဝိညာဉ်သည်ကြောက်မက် ဖွယ်ကောင်းသည့်အလိုဆန္ဒများနှင့်ပြည့်ဝ၏'' ဟုအကြောင်းမဲ့ဖော်ပြသည်ဟုမထင်ကြနှင့်။-
သင်၏သားသမီးအချို့တို့သည်ခမည်းတော် ဘုရားပညတ်တော်မူခဲ့သည့်အတိုင်း သမ္မာ တရားတော်၌ကျင်လည်လျက်နေကြကြောင်း တွေ့ရသဖြင့်ငါအလွန်ဝမ်းမြောက်၏။-