သင်တို့အပေါင်းသည်ခရစ်တော်၏ကိုယ်ခန္ဓာ တော်ဖြစ်၏။ သင်တို့အသီးသီးသည်ကား ကိုယ်ခန္ဓာတော်၏အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။-
ရောမ 12:4 - Common Language Bible ငါတို့ခန္ဓာကိုယ်တွင်အင်္ဂါအစိတ်အပိုင်းများ ရှိ၍ ထိုအင်္ဂါအစိတ်အပိုင်းအားလုံးတွင် အလုပ်တာဝန်အသီးသီးရှိကြ၏။- Garrad Bible တစ် ကိုယ် တည်း၌ အ လုပ် ချင်း မ တူ သော အင်္ဂါ အ များ ရှိ သည့် နည်း တူ၊ Judson Bible ဥပမာကား၊ ကိုယ်တစ်ခု၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုအင်္ဂါအများသည် ဆောင်ရွက်စရာအမှု တစ်ခုတည်းမရှိသကဲ့သို့၊- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်ခန္ဓာတစ်ခု၌ အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ထိုအင်္ဂါအစိတ်အပိုင်းအားလုံးသည် တူညီသောလုပ်ဆောင်မှုကို လုပ်ဆောင်ကြသည်မဟုတ်သကဲ့သို့ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်ခန္ဓာတစ်ခုတည်း၌ အင်္ဂါအစိတ်အပိုင်းများစွာ ရှိပြီး ထိုအစိတ်အပိုင်းအားလုံးသည် မတူညီသော လုပ်ဆောင်ချက်ကို လုပ်ဆောင်ကြ၏။ |
သင်တို့အပေါင်းသည်ခရစ်တော်၏ကိုယ်ခန္ဓာ တော်ဖြစ်၏။ သင်တို့အသီးသီးသည်ကား ကိုယ်ခန္ဓာတော်၏အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။-
ဝိညာဉ်ဆုကျေးဇူးကားအမျိုးမျိုးရှိ၏။ သို့ သော်ထိုဆုကျေးဇူးများကိုချပေးတော် မူသောဝိညာဉ်တော်တစ်ပါးတည်းရှိ၏။-
သင်တို့အားဘုရားသခင်ရွေးချယ်ခေါ်ယူ တော်မူခြင်းကြောင့်မျှော်လင့်ခြင်းတစ်ပါး တည်းရှိသကဲ့သို့ကိုယ်ခန္ဓာတော်တစ်ပါး တည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိတော်မူ၏။-