သို့သော်သင်တို့က ``အကျွန်ုပ်တို့အားနေရာ ပေးရန်သံလွင်ယဉ်ကိုင်းများကိုခုတ်ဖြတ် သည်မဟုတ်ပါလော'' ဟုဆိုလိမ့်မည်။-
အ မြစ် က သင့် ကို ထောက် မ၏။ ကျွန်ုပ် ကို ဆက် ထား ရန် အ ကိုင်း အ ခက် များ ကို ချိုး ပစ် တော် မူ သည် ဟု သင် ဆို လျှင်၊
ငါ့ကိုဆက်၍စိုက်ခြင်းငှာ ထိုအခက်တို့ကို ချိုးဖဲ့ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။-
ထိုအခါ သင်က “ငါ့ကို ကိုင်းဆက်ကူးရန်အတွက် အကိုင်းအခက်များသည် ခုတ်ဖြတ်ခြင်းခံရကြသည်”ဟု ဆိုလိမ့်မည်။
သင်က “ကျွန်ုပ်ကို ကိုင်းဆက်ကူးရန်အတွက် ထိုအကိုင်းအခက်တို့ကို ခုတ်ဖြတ်ပြီ” ဟု ဆိုလိမ့်မည်။
လူတို့သည်သံလွင်ပင်၏အကိုင်းအချို့ကို ခုတ်ဖြတ်လိုက်ပြီးနောက်ကျန်ရှိသည့်အငုတ် တွင် ရိုင်းသောသံလွင်ကိုင်းကိုဆက်၍စိုက် တတ်ကြ၏။ ထိုရိုင်းသောသံလွင်အကိုင်းသည် သံလွင်ပင်၏အမြစ်နှင့်ပင်စည်မှပင်ရည် သြဇာကိုမှီဝဲရသကဲ့သို့ လူမျိုးခြား ဖြစ်သူသင်တို့သည်ယုဒအမျိုးသားတို့ ထံမှအကျိုးကျေးဇူးများစွာခံယူရ ရှိကြ၏။-
``ထိုသို့ဖြစ်ပါမူဘုရားသခင်သည်လူတို့ ကိုအဘယ်သို့လျှင်အပြစ်တင်နိုင်ပါမည်နည်း။ အဘယ်သူသည်ကိုယ်တော်၏အလိုတော်ကို ဆန့်ကျင်ဘက်ပြုနိုင်ပါမည်နည်း'' ဟူ၍မေး မြန်းလိုသူရှိလိမ့်မည်။-