လာဗန်က``သင်သည်ငါ၏သွေးရင်းသားရင်း ပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။ ယာကုပ် သည်လည်းဦးရီးအိမ်တွင်တစ်လကြာမျှနေ ထိုင်လေသည်။
ရောမ 11:14 - Common Language Bible ငါသည်မိမိ၏အမျိုးသားများအားမနာ လိုစိတ်ကိုရှိစေခြင်းအားဖြင့် ၎င်းတို့အထဲ မှအချို့တို့သည်ကယ်တင်ခြင်းကိုရကောင်း ရလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း တစ်နည်းနည်းဖြင့် ငါ၏အမျိုးသားချင်းတို့၌ မနာလိုစိတ်ဖြစ်ပေါ်စေ၍ သူတို့ထဲမှ အချို့တို့ကိုကယ်တင်နိုင်ရန် ငါမျှော်လင့်နေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ရရှိသည့် အကျိုးအားဖြင့် ကျွန်ုပ်၏ လူမျိုးတို့ကို သဝန်တိုစိတ်ဖြစ်စေ၍ သူတို့အထဲမှ တချို့ကို ကယ်တင်ရန် ဆန္ဒရှိ၏။ |
လာဗန်က``သင်သည်ငါ၏သွေးရင်းသားရင်း ပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။ ယာကုပ် သည်လည်းဦးရီးအိမ်တွင်တစ်လကြာမျှနေ ထိုင်လေသည်။
သင်တို့သည်ငါ၏ဆွေမျိုး၊ ငါ၏သွေးသား များဖြစ်ကြ၏။ ငါ့အားပြန်လည်ခေါ်ဆောင် ရန်အဘယ်ကြောင့်နောက်ကျနေရပါသနည်း'' ဟုမေးမြန်းစေရန်ယဇ်ပုရောဟိတ်ဇာဒုတ် နှင့်အဗျာသာတို့ကိုယုဒခေါင်းဆောင် များထံသို့စေလွှတ်တော်မူ၏။-
တစ်ဖန်ငါမေးဦးမည်။ ဣသရေလအမျိုးသား တို့သည် ထိုအမှုအရာကိုမသိနားမလည် ကြသလော။ မောရှေက၊ ``ငါသည်မရေရာသောလူမျိုးကိုအသုံးပြု သဖြင့် ငါ၏လူစုတော်အားမနာလိုစိတ်ရှိစေမည်။ မိုက်မဲသောလူမျိုးအားဖြင့်ငါ၏လူစုတော်အား အမျက်ထွက်စေမည်'' ဟုဦးစွာပထမဖြေကြား၏။
သို့ဖြစ်၍ယုဒအမျိုးသားတို့သည်ခလုတ် တိုက်၍လဲပြီလောဟုမေးသော် အဘယ်နည်း နှင့်မျှလဲ၍မနေရပါ။ သူတို့အပြစ်ကူး ခြင်းကြောင့်လူမျိုးခြားတို့သည်ကယ်တင်ခြင်း ကိုရရှိလာကြသဖြင့် ယုဒအမျိုးသား တို့သည်လူမျိုးခြားတို့အားမနာလိုစိတ် ရှိလာကြသည်။-
လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-
သင်တို့သည်လည်းငါကဲ့သို့ပြုကြလော့။ ငါ သည်လူတို့ကယ်တင်ခြင်းခံရစေရန်မိမိပြု သမျှသောအမှုတို့တွင် ကိုယ်ကျိုးကိုမငဲ့ ဘဲလူအပေါင်းတို့၏အကျိုးကိုငဲ့၍သူ တို့နှစ်သက်အောင်ပြု၏။
အချင်းအမျိုးသမီး၊ သင်သည်မိမိခင်ပွန်းဖြစ် သူကိုကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။ အချင်းအမျိုးသား၊ သင်သည်မိမိ၏ဇနီးကို ကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။
ဤလောကသို့ခရစ်တော်ယေရှုကြွလာတော် မူသည်မှာအပြစ်ကူးသူတို့အား ကယ်တင်ရန် ဖြစ်၏ဟူသောစကားသည်သစ္စာစကားဖြစ်၍ ခြွင်းချက်မရှိလက်ခံယုံကြည်ရပေမည်။ ငါ သည်အပြစ်ကူးသူတို့တွင်အဆိုးဆုံးဖြစ်၏။-
လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။-
သို့ပြုလျှင်သင်နှင့်တကွသင်၏တရားကို ကြားနာရသူအပေါင်းတို့သည်ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်။
ဘုရားသခင်သည်ငါတို့အားကယ်တင်တော်မူ ၍ မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေးကောက်တော် မူသည်မှာ ငါတို့ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်ဘဲ ကိုယ်တော်တိုင်၏အကြံ အစည်တော်နှင့်ကျေးဇူးတော်ကြောင့်ဖြစ်ပေ သည်။ ကိုယ်တော်သည်ကမ္ဘာမတည်ရှိမီကာလ ကပင်ခရစ်တော်ယေရှုအားဖြင့်ငါတို့အား ထိုကျေးဇူးတော်ကိုချပေးတော်မူ၏။-
ထို့ကြောင့်ငါသည်ဘုရားသခင်ရွေးကောက် တော်မူသောလူစုတော်၏အတွက်မည့်သည့် ဒုက္ခဆင်းရဲကိုမဆိုခံ၏။ ဤသို့ခံခြင်းမှာ သူတို့သည်လည်းထာဝရဘုန်းအသရေ နှင့်တကွယေရှုခရစ်အားဖြင့်ကယ်တင် ခြင်းကိုခံရစေရန်ဖြစ်၏။-
ငါတို့သည်ကယ်တင်ခြင်းကိုခံရကြပေ သည်။ ဤသို့ကယ်တင်ခြင်းခံရသည်မှာငါ တို့ကိုယ်တိုင်ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်။ ကိုယ်တော်သည်မိမိ၏ ကရုဏာတော်နှင့်အညီသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ငါတို့အားအသစ်သောမွေး ခြင်းနှင့်ဘဝသစ်ကိုဆေးကြောခြင်းဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။-
ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရား တော်ကိုငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင်ငါတို့သည်အပြစ်ဒဏ် စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကိုသခင် ဘုရားကိုယ်တော်တိုင် ဦးစွာပထမဟော ကြားတော်မူ၍ကြားနာရသူတို့ကငါ တို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။-
ယင်းသို့အပြစ်ကူးသူတစ်ဦးအားလမ်းမှား မှပြန်လည်ခေါ်ဆောင်ကာသူသည် ထိုသူ၏ ဝိညာဉ်ကိုသေခြင်းမှကယ်တင်၍သူ့အား များစွာသောအပြစ်တို့မှပြေလွှတ်ခွင့်ရ စေရန်ဆောင်ရွက်ပေးသူဖြစ်လိမ့်မည်။ ရှင်ယာကုပ်သြဝါဒစာပြီး၏။