ထိုသူတို့သည်သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်ကသူတို့အား ``ရှောလု နှင့်ဗာနဗတို့ကို ငါ၏အမှုတော်ဆောင်ရန် အတွက်သီးသန့်ရွေးချယ်ကြလော့'' ဟုမိန့် တော်မူ၏။
ရောမ 11:13 - Common Language Bible လူမျိုးခြားဖြစ်သူသင်တို့အားယခုငါပြော လို၏။ ငါသည်လူမျိုးခြားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည့်ကာလပတ်လုံးမိမိ ၏အလုပ်တွင်ဂုဏ်ယူဝါကြွားမည်။- Garrad Bible လူ မျိုး ခြား ဖြစ် သူ သင် တို့ အား ဆို သော ငါ သည် လူ မျိုး ခြား တို့ ဆိုင် ရာ တ မန် တော် ဖြစ် သည့် အ လျောက်၊ ထို ရာ ထူး ကို ဂုဏ် တင် သည် မှာ ကိုယ့် အ မျိုး သား ချင်း တို့၌ အား ကျ သော သ ဘော ဖြစ် ပွား စေ၍ အ ချို့ ကို ကယ် တင် ခွင့် ရ ကောင်း ရ လိမ့် မည် ဟု မျှော် လင့်၏။ Judson Bible ထိုသို့ဆိုသော်၊ ငါသည် တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့် အညီ၊ ထိုတမန်တော်၏အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့၏စိတ်ကို တစ်ခုခုအားဖြင့် နှိုးဆော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှာ၊ တစ်ပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် လူမျိုးခြားဖြစ်သောသင်တို့အား ငါပြောလိုသည်မှာ ငါသည် လူမျိုးခြားနှင့်ဆိုင်သော တမန်တော်ဖြစ်သည့်အလျောက် ငါ၏အမှုတော်လုပ်ငန်းကို ဂုဏ်ယူလျက် ခေတ်သစ်မြန်မာ သမ္မာကျမ်း လူမျိုးခြားဖြစ်သော သင်တို့ကို ကျွန်ုပ်ပြောမည်။ ကျွန်ုပ်သည် လူမျိုးခြားတို့၏ တမန်တော်ဖြစ်သည့်အလျောက် ထိုရာထူးကို ဂုဏ်ယူလျက် |
ထိုသူတို့သည်သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်ကသူတို့အား ``ရှောလု နှင့်ဗာနဗတို့ကို ငါ၏အမှုတော်ဆောင်ရန် အတွက်သီးသန့်ရွေးချယ်ကြလော့'' ဟုမိန့် တော်မူ၏။
သခင်ဘုရားက `သွားလော့။ ရပ်ဝေးရှိလူမျိုး ခြားတို့ထံသို့သင့်အားငါစေလွှတ်မည်' မိန့် တော်မူ၏'' ဟုဆို၏။
သို့ရာတွင်သခင်ဘုရားက ``သွားလော့။ ဤ သူကားလူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် ဣသရေလအမျိုးသားတို့အား ငါ၏အကြောင်း ကိုဟောပြောကြေညာရန်ငါရွေးချယ်ထား သူဖြစ်၏။-
ဘုရားသခင်၏ဗျာဒိတ်တော်အတိုင်း ဤသို့ သွားရောက်ခြင်းဖြစ်သည်။ ငါသည်ခေါင်းဆောင် များနှင့်သာတွေ့ဆုံကာလူမျိုးခြားတို့အား ငါဟောပြောကြေညာသည့်သတင်းကောင်း ကိုတင်ပြ၏။ ဤသို့တင်ပြရခြင်းမှာ ယခင် အခါကသော်လည်းကောင်း၊ ယခုအခါ ၌သော်လည်းကောင်း ငါကြိုးစားဆောင်ရွက် သည့်အမှုတော်ကိုအချည်းနှီးမဖြစ်စေ လိုသောကြောင့်ဖြစ်၏။-
ငါသည်ဘုရားသခင်၏လူစုတော်တွင်အသိမ် ငယ်ဆုံးဖြစ်ပေသည်။ သို့ရာတွင်ကိုယ်တော်သည် ခရစ်တော်၏အတိုင်းမသိကြွယ်ဝချမ်းသာ ခြင်းဆိုင်ရာသတင်းကောင်းကိုလူမျိုးခြား တို့အားဟောပြောကြေညာရန်နှင့်၊-
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားတမန်တော် အဖြစ်ဖြင့်လည်းကောင်း၊ လူမျိုးခြားတို့၏ ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ယုံကြည်ခြင်း တရားနှင့်သမ္မာတရားတော်ကိုဟောပြော သွန်သင်ရန်ခန့်ထားတော်မူ၏။ ငါသည်မုသား စကားကိုပြောနေသည်မဟုတ်။ မှန်သော စကားကိုပြောနေခြင်းဖြစ်သည်။