ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ ချစ်တော်မူသောသူတို့သည်ကယ်ဆယ် ခြင်း ခံရကြစေရန်ကျွန်တော်မျိုးတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။
ရောမ 1:7 - Common Language Bible ဘုရားသခင်ချစ်တော်မူသဖြင့်မိမိ၏ လူစုတော်ဝင်ဖြစ်စေရန် ရွေးကောက်တော်မူ သည့်ရောမအသင်းတော်ဝင်အပေါင်းတို့ ထံသို့ဤစာကိုရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကိုသင်တို့ခံစားရကြပါစေသော။ Judson Bible သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကိုအမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်စေခြင်းငှာ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ်ထားတော်မူသော သင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါအဝင်ဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ သန့်ရှင်းသူများအဖြစ်ခေါ်ယူတော်မူသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ငါရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ |
ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ ချစ်တော်မူသောသူတို့သည်ကယ်ဆယ် ခြင်း ခံရကြစေရန်ကျွန်တော်မျိုးတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။
ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
ထိုနည်းတူစွာလူတို့သည်သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကိုချီးကူးစေရန် သင် တို့၏အလင်းကိုလူတို့ရှေ့၌ထွန်းလင်းစေကြ လော့။
သခင်ယေရှုက ``ငါ့ကိုကိုင်ဆွဲ၍မထားနှင့်။ ငါသည်ခမည်းတော်၏ထံသို့မတက်ရသေး။ သို့သော်ငါ၏ညီများထံသို့သွား၍ငါ့အဖ တည်းဟူသောသင်တို့၏ဘုရားသခင်ထံတော် သို့ငါတက်သွားရမည့်အကြောင်းကိုပြောကြား လော့'' ဟုမိန့်တော်မူ၏။
ထိုသူနှစ်ဦး၏လက်ဖြင့်စာတစ်စောင်ပို့လိုက် ကြ၏။ ထိုစာတွင်၊ ``သင်တို့၏ညီအစ်ကိုများဖြစ်ကြသောတမန် တော်များ၊ အသင်းတော်လူကြီးများကအန္တိ အုတ်မြို့နှင့်ရှုရိပြည်၊ ကိလိကိပြည်ရှိလူမျိုး ခြားသားများဖြစ်ကြသောညီအစ်ကိုများ အား နှုတ်ခွန်းဆက်သလိုက်ပါသည်။-
အာနနိက ``သခင်ဘုရား၊ ဤသူသည်ယေရု ရှလင်မြို့ရှိကိုယ်တော်၏လူစုတော်အားမည် မျှဒုက္ခပေးခဲ့သည်ကို လူအမြောက်မြားထံ မှအကျွန်ုပ်ကြားသိရပါ၏။-
ရောမမြို့၌နေထိုင်သောသင်တို့သည်လည်း ယေရှုခရစ်၏တပည့်များအဖြစ် ဘုရား သခင်ရွေးကောက်တော်မူသောသူများဖြစ် သောကြောင့်ထိုလူစုတွင်အပါအဝင် ဖြစ်ကြ၏။
ငါတို့သည်ယုံကြည်ခြင်းဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံမှုရရှိပြီးဖြစ်သော ကြောင့် ငါတို့အရှင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ရှေ့တော်၌ငြိမ်သက်ခြင်းကို ခံစားရကြ၏။-
ဤမျှော်လင့်ခြင်းသည်ငါတို့အားစိတ်ပျက် စေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်ငါတို့အားပေးသနား တော်မူသောသန့်ရှင်းသောဝိညာဉ်တော်အား ဖြင့် ငါတို့၏စိတ်နှလုံးထဲသို့မေတ္တာတော်ကို သွန်းလောင်းတော်မူသောကြောင့်တည်း။
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
ကောင်းကင်အထက်အရာဖြစ်စေ၊ မြေအောက် အရာဖြစ်စေ၊ ဖန်ဆင်းထားသောမည်သည့်အရာ ပင်ဖြစ်စေ၊ ငါတို့အရှင်ခရစ်တော်ယေရှုအား ဖြင့်ဘုရားသခင်ဖော်ပြတော်မူသောမေတ္တာတော် နှင့် ငါတို့အားမကွဲမကွာစေနိုင်ဟုငါဧကန် အမှန်သိသောကြောင့်တည်း။
ဟောရှေကျမ်းတွင်ကိုယ်တော်က ငါ၏လူစုတော်မဟုတ်သူတို့ကို `ငါ၏လူစုတော်' ဟုငါခေါ်မည်။ ငါမချစ်သောလူမျိုးကိုငါချစ်သောလူမျိုး ဟုငါခေါ်မည်။
သို့ရာတွင်ယုဒအမျိုးသားဖြစ်စေ၊ လူမျိုးခြား ဖြစ်စေရွေးကောက်တော်မူခြင်းခံကြရသူတို့ အတွက်မူကား ခရစ်တော်သည်ဘုရားသခင်၏ တန်ခိုးတော်၊ ဘုရားသခင်၏ဉာဏ်ပညာတော် ဖြစ်ပေသည်။-
သခင်ယေရှု၏ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်၏မိတ် သဟာယတော်သည်သင်တို့အပေါင်းနှင့်အတူ ရှိပါစေသော။ ကောရိန္သုသြဝါဒစာဒုတိယစောင်ပြီး၏။
ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါ စေသော။ အာမင်။ ဂလာတိသြဝါဒစာပြီး၏။
ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကို သင်တို့ခံစားရပါစေသတည်း။
အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်သည် ညီအစ်ကိုအပေါင်းတို့အားငြိမ်သက်ခြင်း၊ ချစ် ခြင်း၊ ယုံကြည်ခြင်းကိုချပေးတော်မူပါစေ သော။-
ဗင်္ယာမိန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``ဗင်္ယာမိန်အနွယ်ကိုထာဝရဘုရားချစ်၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားတစ်နေကုန် စောင့်ရှောက်တော်မူ၏။ သူတို့သည်ကိုယ်တော်၏အကာအကွယ် အောက်တွင်လုံခြုံစွာနေကြရ၏။''
သင်တို့သည်ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်ထံတော်မှကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကိုခံစားရကြပါစေသော။
ခရစ်တော်ထံမှရရှိသည့်စွမ်းရည်အားဖြင့် ငါသည်မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။
ငါတို့၏အဖဘုရားသခင်သည်ကမ္ဘာအဆက် ဆက် ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။
သင်တို့အပေါင်းသည်သခင်ယေရှုခရစ်၏ ကျေးဇူးတော်ကိုခံစားရကြပါစေသော။ ဖိလိပ္ပိသြဝါဒစာပြီး၏။
ကောလောသဲမြို့ရှိဘုရားသခင်၏လူစုတော် ဝင်များဖြစ်သူ၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ခရစ်တော်ကိုသစ္စာရှိသူညီ အစ်ကိုများထံသို့စာရေးလိုက်ပါသည်။ သင် တို့သည်ငါတို့အဖဘုရားသခင်ထံတော် မှကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ကြရပါစေသော။
သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင်များ ဖြစ်ကြ၏။ ကိုယ်တော်သည်သင်တို့ကိုချစ်၍ မိမိ ပိုင်ဆိုင်သူများဖြစ်ရန်ရွေးချယ်တော်မူသဖြင့် ကရုဏာပြခြင်း၊ သနားကြင်နာခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း တို့ကိုဝတ်ဆင်ကြလော့။-
သင်တို့ကိုလမ်းပြရန်ခရစ်တော်ထံမှရရှိ သည့်ငြိမ်သက်ခြင်းနှင့်အညီ သင်တို့ဆုံးဖြတ် ချက်များချမှတ်ကြလော့။ ထိုငြိမ်သက်ခြင်း ကိုသင်တို့ခံစားနိုင်ကြစေရန်ဘုရားသခင် သည်သင်တို့ကိုတစ်ခုတည်းသောကိုယ်ခန္ဓာ အဖြစ်ခေါ်ယူရွေးကောက်တော်မူခဲ့၏။ သို့ ဖြစ်၍ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-
ပေါလု၊ သိလွာနုနှင့်တိမောသေတို့ထံမှ ခမည်းတော် ဘုရားသခင်နှင့်သခင်ယေရှု ခရစ်၏လူစုတော်ဖြစ်သည့် သက်သာလော နိတ်အသင်းတော်ဝင်တို့ထံသို့စာရေးလိုက် ပါသည်။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ ခံစားရကြပါစေသတည်း။
ညီအစ်ကိုတို့၊ ဘုရားသခင်သည်သင်တို့ ကိုချစ်တော်မူ၍ရွေးကောက်တော်မူကြောင်း ကိုငါတို့သိ၏။-
ဘုရားသခင်သည်ငါတို့အားကာမဂုဏ်လိုက် စားမှု၌ မွေ့လျော်စေရန်ခေါ်ယူရွေးကောက်တော် မူသည်မဟုတ်။ သန့်ရှင်းဖြူစင်စွာပြုမူကျင့် ကြံနေထိုင်ကြစေရန်ခေါ်ယူရွေးကောက်တော် မူပေသည်။-
ငါတို့အရှင်သခင်ယေရှုခရစ်၏ကျေးဇူး တော်ကိုသင်တို့ခံစားရကြပါစေသော။ သက်သာလောနိတ်သြဝါဒစာပထမ စောင်ပြီး၏။
ငါတို့၏အဖဘုရားသခင်နှင့်အရှင်သခင် ယေရှုခရစ်ထံတော်မှ ကျေးဇူးတော်နှင့်ငြိမ် သက်ခြင်းကိုသင်တို့ခံစားရကြပါစေ သတည်း။
ငြိမ်သက်ခြင်း၏အရှင်သခင်ဘုရားကိုယ်တော် တိုင်သင်တို့အား အခါခပ်သိမ်းနည်းအမျိုးမျိုး ဖြင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ စေသော။ သခင်ဘုရားသည်သင်တို့နှင့်အတူ ရှိတော်မူပါစေသော။
ငါတို့အရှင်သခင်ယေရှုခရစ်၏ကျေးဇူး တော်ကိုသင်တို့အားလုံးခံစားရကြပါ စေသတည်း။ သက်သာလောနိတ်သြဝါဒစာဒုတိယစောင်ပြီး၏။
ယုံကြည်ခြင်းအားဖြင့်ငါ၏သားစစ်ဖြစ် သောတိမောသေထံသို့စာရေးလိုက်ပါသည်။ သင်သည်အဖဘုရားသခင်နှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှ ကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
သခင်များသည်ယုံကြည်သူများဖြစ်လျှင် သူတို့သည်ညီအစ်ကိုများပင်ဖြစ်ကြသည် ဟုဆိုကာမလေးမခန့်မပြုရ။ မိမိတို့ ၏အစေခံမှုကြောင့်အကျိုးခံစားရသူ တို့မှာ မိမိတို့ချစ်မြတ်နိုးသောယုံကြည် သူများဖြစ်သောကြောင့် သူတို့၏အစေ ကိုပို၍ခံရကြပေမည်။ သင်ဆုံးမသြဝါဒပေးရာတွင်ဤအရာ များကိုဖော်ပြရမည်။-
ငါ၏ချစ်သောတိမောသေထံသို့စာရေး လိုက်ပါသည်။ သင်သည်ခမည်းတော်ဘုရားနှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
သခင်ဘုရားသည်သင်နှင့်အတူရှိတော်မူ ပါစေသော။ သင်တို့အပေါင်းသည်ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာဒုတိယစောင်ပြီး၏။
ငါတို့နည်းတူယုံကြည်သူ၊ ယုံကြည်ခြင်းအား ဖြင့် ငါ၏သားစစ်ဖြစ်သူတိတုထံသို့ဤစာ ကိုငါရေးသားပေးပို့လိုက်ပါသည်။ ခမည်းတော်ဘုရားသခင်နှင့်ငါတို့၏ကယ် တင်ရှင်ခရစ်တော်ယေရှုသည် သင့်အားကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူ ပါစေသတည်း။
သခင်ယေရှုခရစ်၏ကျေးဇူးတော်ကိုသင် တို့အားလုံးခံစားရကြပါစေသော။ ဖိလေမုန်သြဝါဒစာပြီး၏။
ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှု ခရစ်၏ထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကို သင်တို့အားလုံးခံစားရကြပါစေ သော။
ဘုရားသခင်နှင့်သခင်ယေရှုခရစ်၏အစေ ခံဖြစ်သူယာကုပ်သည် ကမ္ဘာအရပ်ရပ်သို့ပျံ့နှံ့ လျက်ရှိသည့်ဘုရားသခင်၏လူစုတော်ဝင် အပေါင်းတို့ထံသို့မေတ္တာပို့သလိုက်ပါသည်။
သင်တို့အားရွေးကောက်တော်မူသောအရှင် သည်မြင့်မြတ်သန့်ရှင်းတော်မူ၏။ သို့ဖြစ်၍ သင်တို့ပြုကျင့်သမျှတို့သည်မြင့်မြတ် သန့်ရှင်းရမည်။-
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-
ခမည်းတော်ဘုရားသခင်ထံမှလည်းကောင်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်ထံတော် မှလည်းကောင်း၊ ကျေးဇူးတော်၊ ကရုဏာတော် နှင့်ငြိမ်သက်ခြင်းသည်သမ္မာတရားကိုသိ၍ အချင်းချင်းချစ်ကြသောငါတို့အပေါ်သို့ သက်ရောက်ပါစေသော။
``ဧဖက်မြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ ဤသို့စာရေး၍သြဝါဒပေးလိုက်လော့။ ဤသြဝါဒသည်ကြယ်ခုနစ်လုံးကိုလက်ယာ လက်တွင်ကိုင်ကာ ရွှေမီးခွက်ခုနစ်ခုအကြား တွင်သွားလာနေသူ၏ထံမှဖြစ်၏။-
``ပေရဂံမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ထက်မြက်သောသန်လျက် ဆောင်ထားသူ၏ထံမှဖြစ်၏။-
သွာတိရမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်ဘုရားသခင်၏သားတော် ထံမှဖြစ်၏။ ထိုအရှင်၏မျက်စိတော်များသည် မီးလျှံသဖွယ်တောက်ပလျက်၊ ခြေတော်များ သည်တောက်ပြောင်သောကြေးဝါကဲ့သို့ဖြစ်၏။-
အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော် မူသောစကားများကိုကြားတတ်သော နားရှိသူတို့ကြားပါစေ။
စမုရနမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်အစနှင့်အဆုံးဖြစ်သူ၊ သေပြီးမှအသက်ပြန်၍ရှင်လာသူ၏ထံမှ ဖြစ်သည်။-
သခင်ယေရှု၏ကျေးဇူးတော်ကိုလူတိုင်း ခံစားရကြပါစေသော။ ဋ္ဌမ္မသစ်ကျမ်းတို့တွင်နောက်ဆုံးကျမ်းတည်း ဟူသောရှင်ယောဟန်စီရင်ရေးထားသောဗျာဒိတ် ကျမ်းပြီး၏။
``လောဒိကိအသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်ဖန်ဆင်းတော်မူ သောအရာအပေါင်းတို့၏အစမူလဖြစ်တော် မူသော၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံဖြစ် တော်မူသောအာမင်၏ထံမှဖြစ်သည်။-
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိသူ တို့ကြားပါစေ။
``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-