ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊-
ရောမ 1:21 - Common Language Bible သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။- Judson Bible အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုသိလျက်နှင့်ပင် ဘုရားအဖြစ်ဘုန်းတော်ကိုမချီးမွမ်း၊ ကျေးဇူးလည်းမတင်ကြပေ။ သူတို့၏တွေးတောကြံစည်မှုများသည် အချည်းနှီးဖြစ်သွား၍ သူတို့၏အသိတရားကင်းမဲ့သောစိတ်နှလုံးကိုလည်း အမှောင်ဖုံးလွှမ်းလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ဘုရားသခင်အကြောင်းကို သိကြသော်လည်း ဘုရားအဖြစ် မကိုးကွယ်၊ ကျေးဇူးလည်းမတင်ကြ။ ထို့ပြင် သူတို့သည် ဘုရားသခင်အကြောင်းကို ပညာမဲ့စွာ တွေးခေါ်လာကြသဖြင့် သူတို့၏ အသိတရားမဲ့သောစိတ်နှလုံး၌ အမှောင်ဖုံးလေ၏။ |
ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊-
ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
ဗင်္ဟာဒဒ်မင်း၏မှူးမတ်များက``ဣသရေလ အမျိုးသားတို့၏ဘုရားများသည် တောင်ကို အစိုးရသောဘုရားများဖြစ်သဖြင့် အကျွန်ုပ် တို့အားဣသရေလအမျိုးသားတို့အနိုင်ရ ကြခြင်းဖြစ်ပါသည်။ အကျွန်ုပ်တို့သည်သူတို့ နှင့်လွင်ပြင်တွင်တိုက်ခိုက်ရကြပါမူသူတို့ အားဧကန်မုချအနိုင်ရကြပါလိမ့်မည်။-
သူတို့သည်ကိုယ်တော်၏သြဝါဒတော်တို့ကို မနာခံကြ။ ဘိုးဘေးတို့နှင့်ကိုယ်တော်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ကိုယ်တော်၏သတိပေးချက်များကိုလည်း ဂရုမစိုက်ကြ။ သူတို့သည်အသုံးမကျ သည့်အရာများကိုကိုးကွယ်သဖြင့် အသုံး မကျသူများဖြစ်လာကြ၏။ ထို့ပြင်ပတ် ဝန်းကျင်ရှိလူမျိုးတို့၏အတုကိုမယူ ကြရန် ထာဝရဘုရားမိန့်တော်မူသည်ကို မလိုက်နာဘဲ ထိုသူတို့၏ဋ္ဌလေ့ထုံးစံ များကိုလိုက်လျှောက်ကျင့်သုံးကြလေ သည်။-
ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ငါသည်သူတို့အားခေါင်းမာမြဲမာ စေရန်နှင့် သူတို့အလိုအတိုင်းပြုကျင့်စေရန်အခွင့်ပေး၏။
ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည်လာ၍ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်ရှင်ကြီးမြတ်တော်မူပုံကို ထောမနာပြုကြပါလိမ့်မည်။
ငါတွေ့သောအရာ တခုတည်းဟူမူကား၊ ဘုရား သခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူ သော်လည်း၊ လူတို့သည် များပြာသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။
အခြားအမျိုးသားတို့နှင့်ကမ္ဘာပေါ်တွင်အမှောင် လွှမ်းလျက်နေမည်ဖြစ်သော်လည်း၊ သင်၏အပေါ်၌မူထာဝရဘုရား၏အလင်းတော် ထွန်းတောက်လျက်နေလိမ့်မည်။ မျက်နှာတော်မှဘုန်းအသရေရောင်ခြည်တော်သည် သင့်အပေါ်သို့သက်ရောက်၍ တည်နေတော်မူလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
``အဘယ်သူသည်လူ၏စိတ်နှလုံးကို သိနားလည်နိုင်သနည်း။ လူ၏စိတ်နှလုံးသည်အရာခပ်သိမ်းထက် စဉ်းလဲတတ်၏။ ထိုစိတ်နှလုံးတွင်ကုသ၍မရနိုင်သောအနာ ရှိ၏။''
ထာဝရဘုရားမိန့်တော်မူသည်ကား ``ငါ၌အဘယ်အပြစ်ကိုတွေ့ရှိ၍သင်တို့၏ ဘိုးဘေးတို့သည်ငါ့ထံမှထွက်သွားကြသနည်း။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများကို ဝတ်ပြုရှိခိုး၍ မိမိတို့ကိုယ်တိုင်ပင်တန်ဖိုးမဲ့လာကြ၏။
သူတို့သည်ခေါင်းမာလျက်မိမိဘိုးဘေး များသွန်သင်ထားခဲ့သည့်အတိုင်း ဗာလ ဘုရားကိုဝတ်ပြုရှိခိုးကြ၏။-
ထိုရုပ်တုများသည်ဣသရေလအမျိုး သားတို့အား ငါနှင့်ဝေးကွာစေပြီ။ သို့ရာ တွင်သူတို့သည်ငါပေးသည့်အဖြေကြောင့် ငါ့အားတစ်ဖန်ပြန်၍သစ္စာစောင့်ကြလိမ့် မည်။''
``ထိုနောက်ငါသည်သူတို့အားမလျောက်ပတ် သည့်ပညတ်များနှင့် အသက်ရှင်မှုကိုမပြု စုနိုင်သည့်အမိန့်တော်များကိုပေး၏။-
သူသည်ဗာလဘုရားကိုဝတ်ပြုရာ၌ ပူဇော်ဆက်သသောဂျုံစပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ ရွှေနှင့်ငွေတို့ကိုငါ့ထံမှရရှိ သည်ဟုသူမသိ။-
အပြစ်စီရင်ခြင်း၏သဘောတရားကား ဤသို့တည်း။ အလင်းတော်သည်ဤလောက သို့ရောက်ရှိလာ၏။ သို့ရာတွင်လူတို့သည် ဆိုးယုတ်သူများဖြစ်သည်အားလျော်စွာ အလင်းတော်ထက်အမှောင်ကိုနှစ်သက် ကြ၏။-
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
ထိုသူတို့အားဘုရားသခင်ကိုယ်တော်တိုင် ရှင်းလင်းစွာဖော်ပြတော်မူသဖြင့် ကိုယ်တော် ၏အကြောင်းနှင့်ပတ်သက်၍သိနိုင်ခွင့်ရှိသမျှ သောအကြောင်းအရာတို့ကိုရှင်းလင်းစွာသိရ ကြ၏။ ဤအကြောင်းကြောင့်ဘုရားသခင် သည်သူတို့အားဒဏ်ခတ်တော်မူခြင်းဖြစ်၏။-
ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။-
သူတို့သည်ကြည့်၍မမြင်နိုင်စေရန် မျက်စိမှုန်ပါစေသော။ သူတို့၏ခါးသည်လည်းထမ်းရသောဝန်ထုပ် ကြောင့် အစဉ်ကုန်းပါစေသော'' ဟုမြွက်ဆိုတော်မူ၏။
နေ့ခင်းကြောင်တောင်၌ပင်လျှင်စမ်းတဝါး ဝါးသွားရသောမျက်မမြင်ကဲ့သို့ သင်တို့ သည်လမ်းကိုရှာမတွေ့ဖြစ်လိမ့်မည်။ လုပ် ဆောင်သမျှတို့၌အောင်မြင်လိမ့်မည်မဟုတ်။ သင်တို့သည်သူတစ်ပါး၏နှိပ်စက်ခြင်း၊ လု ယူခြင်းကိုအမြဲခံရလျက်မည်သူကမျှ သင်တို့အားကယ်မည်မဟုတ်။
လူတို့သည်တစ်ကိုယ်ကောင်းစိတ်ရှိသူ၊ လောဘ ကြီးသူ၊ ကြွားဝါသူ၊ မိမိကိုယ်ကိုအထင်ကြီး သူ၊ စော်ကားသူ၊ မိဘတို့ကိုတော်လှန်သူ၊ ကျေးဇူး တရားမသိသူ၊ ဘုရားတရားမကြည်ညိုသူ၊-
မိမိတို့ဘိုးဘေးများထံမှဆက်ခံရရှိ သောအချည်းနှီးသောဘဝမှအဘယ်သို့ အဖိုးအခပေး၍ သင်တို့အားလွတ်မြောက် စေကြောင်းကိုသင်တို့သိကြ၏။ ထိုအဖိုး အခသည်ရွှေ၊ ငွေအစရှိသည့်ဖောက်ပြန် ပျက်စီးတတ်သောအရာမဟုတ်။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
ထိုကောင်းကင်တမန်က``ဘုရားသခင်တရား စီရင်တော်မူရာနေ့ရက်သည်ကျရောက်၍လာ လေပြီ။ ထိုကြောင့်ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။ ဂုဏ်တော်ကိုချီးကူးကြလော့။ ကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ပင်လယ် နှင့်စမ်းပေါက်များကိုလည်းကောင်းဖန်ဆင်း တော်မူသောအရှင်ကိုရှိခိုးကြလော့'' ဟု အသံကျယ်စွာကြွေးကြော်လေ၏။
အို ဘုရားသခင်၊ကိုယ်တော်ရှင်အားမကြောက်ရွံ့ မရိုသေဘဲအဘယ်သူနေနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် သန့်ရှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် တရားမျှတကြောင်းပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာတို့သည်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ရှိခိုးကြပါလိမ့်မည်'' ဟူ၍ဘုရားသခင်၏အစေခံမောရှေ၏ သီချင်းနှင့် သိုးသူငယ်တော်၏သီချင်းကို သီဆိုလျက်နေကြ၏။