ဧဖရုန်ကိုယ်တိုင်အခြားဟိတ္တိအမျိုးသားတို့နှင့်အတူ မြို့တံခါးအနီးရှိစုဝေးရာအရပ်၌ထိုင်လျက်ရှိသည်။ သူကအာဗြဟံအား၊-
ရုသ 4:11 - Common Language Bible မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။- Garrad Bible တံ ခါး အ နီး ရှိ မြို့ သူ မြို့ သား အ ပေါင်း တို့ နှင့် လူ ကြီး တို့ က ငါ တို့ သည် သက် သေ ဖြစ် ကြ၏။ သင့် အိမ် သို့ ဝင် ရောက် သူ ဤ မိန်း မ ငယ်၌ ဣ သ ရေ လ အ မျိုး ကို တည် ဆောက် သော ရာ ခေ လ နှင့် လေ အာ တို့ နည်း တူ ထာ ဝ ရ ဘု ရား ပြု တော် မူ ပါ စေ သော။ သင် လည်း ဧ ဖ ရတ် ခ ရိုင်၊ ဗက် လင် မြို့ ပေါ် တွင် သြ ဇာ ကြီး၍ အ သ ရေ တိုး တက် ပါ စေ သော။ Judson Bible တံခါးဝ၌ရှိသော အသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည် သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကို တည်ထောင်သော မိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော်မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌ အသရေကျော်စောခြင်း ရှိပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း မြို့တံခါးဝရှိလူအပေါင်းတို့နှင့် သက်ကြီးဝါကြီးတို့က “ငါတို့သည် သက်သေများဖြစ်ကြသည် မှန်ပါ၏။ အစ္စရေးမျိုးနွယ်ကိုဖြစ်တည်လာစေသူနှစ်ဦးဖြစ်သည့် ရာခေလနှင့်လေအာကို ထာဝရဘုရား ကောင်းချီးပေးတော်မူသကဲ့သို့ သင့်အိမ်သူဖြစ်လာမည့်အမျိုးသမီးကိုလည်း ကောင်းချီးပေးပါစေသော။ သင်သည် ဧဖရတ်မြို့၌ ဥစ္စာပစ္စည်းတိုးပွား၍ ဗက်လင်မြို့မှာ ကျော်ကြားပါစေသော။ |
ဧဖရုန်ကိုယ်တိုင်အခြားဟိတ္တိအမျိုးသားတို့နှင့်အတူ မြို့တံခါးအနီးရှိစုဝေးရာအရပ်၌ထိုင်လျက်ရှိသည်။ သူကအာဗြဟံအား၊-
သူတို့က၊ ``ငါတို့၏နှမသည်လူပေါင်းသိန်းသန်းတို့၏ မိခင်ဖြစ်ပါစေ။ သင်၏အမျိုးအနွယ်တို့သည်ရန်သူတို့၏မြို့ များကို တိုက်ခိုက်အောင်မြင်ကြပါစေ'' ဟုဆို၍ ရေဗက္ကအားကောင်းချီးပေးကြ၏။
လာဗန်တွင်သမီးနှစ်ယောက်ရှိ၏။ သမီး အကြီး၏နာမည်သည်လေအာဖြစ်၍ သမီးအငယ်၏နာမည်မှာရာခေလဖြစ်၏။-
မိုးလင်းချိန်ရောက်မှယာကုပ်သည်မိမိ၏မယားမှာ လေအာဖြစ်ကြောင်းသိရလေသည်။ သူသည်လာဗန် ထံသို့သွား၍``အဘယ်ကြောင့်ထိုသို့ပြုလုပ်ရပါ သနည်း။ ကျွန်ုပ်သည်ရာခေလကိုရရန်အတွက် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်ကိုအဘယ်ကြောင့် လှည့်စားပါသနည်း'' ဟုမေးလေ၏။
မကြာမီလေအာသည်ကိုယ်ဝန်ဆောင်၍သား တစ်ယောက်ကိုဖွားမြင်သော်သူက``ထာဝရ ဘုရားသည်ငါ၏ဒုက္ခကိုမြင်တော်မူပြီ။ ယခု ငါ၏လင်ယောကျာ်းသည်ငါ့အားချစ်လိမ့်မည်'' ဟုဆို၍ထိုသားကိုရုဗင်ဟုနာမည်မှည့် လေ၏။-
လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
ထိုနောက်ယေဇဗေလသည်စာများကိုရေး ပြီးလျှင် အာဟပ်အမည်ဖြင့်လက်မှတ်ရေးထိုး ကာ ဘုရင့်တံဆိပ်ခပ်နှိပ်၍ယေဇရေလမြို့ ရှိမြို့မိမြို့ဖများနှင့်မှူးမတ်များထံသို့ ပေးပို့လိုက်လေသည်။-
ရှောဗာလ၏ဒုတိယသားစလမသည် ဗက်လင်မြို့ကိုတည်ထောင်၍ သူ၏တတိယ သားဟာရပ်မူကားဗက်ဂါဒါမြို့ကိုတည် ထောင်သတည်း။
ဗက်လင်မြို့တွင်ပဋိညာဉ်သေတ္တာတော် အကြောင်းကို ငါတို့ကြားသိကြ၍ယင်းသေတ္တာတော်ကို ယာရိမ်ကွင်း၌တွေ့ရှိရကြ၏။
ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည် ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။
သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သား အသက်ကြီးသူတို့နှင့်ထိုင်၍၊ ထင်ရှားသောသူ ဖြစ်၏။
ငါသည်အသိသက်သေများ၏ရှေ့တွင်စာချုပ် ကိုလက်မှတ်ရေးထိုးကာ ချိပ်တံဆိပ်ခတ်နှိပ် ပြီးလျှင်ငွေကိုချိန်ခွင်ဖြင့်ချိန်တွယ်၍ ပေး၏။-
ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
`အို ယုဒပြည်ဗက်လင်မြို့၊သင်သည်ယုဒပြည်ရှိ မြို့များအနက်သိမ်ငယ်လှသောမြို့မဟုတ်။ ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့အား ရှေ့ဆောင်လမ်းပြမည့်ခေါင်းဆောင်တစ်ဦးသည် သင်၏အထဲမှပေါ်ထွန်းလိမ့်မည်' ဟုဟောကြားထားပါသည်'' ဟူ၍လျှောက်ထား ကြ၏။
အကယ်၍ညီသည်သေဆုံးသူအစ်ကို၏ ဇနီးနှင့်မစုံဖက်လိုလျှင် မိန်းမသည်မြို့ အကြီးအကဲတို့ထံသို့သွား၍`ကျွန်မမတ် ဖြစ်သူသည်ဣသရေလလူမျိုးတွင် အစ်ကို ၏မိသားစုမျိုးဆက်ကျန်ရစ်ရန်ဆောင်ရွက် ရမည့်ဝတ္တရားပျက်ကွက်ပါသည်' ဟုလျှောက် ဆိုရမည်။-
သူ့မရီးသည်မြို့အကြီးအကဲတို့ရှေ့တွင် ထို သူ၏ဖိနပ်တစ်ဖက်ကိုချွတ်၍သူ့မျက်နှာ ကိုတံတွေးထွေးလျက်`အစ်ကို၏မျိုးဆက်ကို မပွားစေလိုသူအား ဤသို့ပြုသင့်သည်' ဟု ဆိုရမည်။-