အိပ်မက်ထဲ၌ပင်ဘုရားသခင်က``သင်သည် စိတ်သဘောရိုးသားစွာဖြင့် ဤအမှုကိုကြံ စည်မိခြင်းဖြစ်ကြောင်းငါသိ၏။ သို့ဖြစ်၍သင် သည်ငါ့ကိုမပြစ်မှားမိစေခြင်းငှာ ထိုမိန်းမ ကိုလက်ရောက်မကူးလွန်ရန်ငါတားဆီးခဲ့ပြီ။-
ရုသ 2:9 - Common Language Bible သူတို့အဘယ်နေရာတွင်ကောက်ရိတ်ကြသည် ကိုစောင့်၍ ကြည့်ကာသူတို့နှင့်အတူလိုက်သွား ပါလော့။ သင့်အားအနှောင့်အယှက်မပေးရန် ငါ၏အလုပ်သမားများကိုမှာထားပြီ။ သင် ရေငတ်သည့်အခါအိုးထားရာသို့သွား၍ သူ တို့ခပ်ထားသည်ရေကိုသောက်ပါလော့'' ဟု ဆို၏။ Garrad Bible ရိတ် သိမ်း သော အ ခင်း ကို မှတ်၍ လိုက် လော့။ လု လင် တို့ သည် သင်၌ မ ထိ မ ခိုက် ရန် မှာ နှင့် ပြီ မ ဟုတ် လော။ ရေ ငတ် လျှင် အိုး ထား ရာ သို့ သွား၍ လု လင် တို့ ခပ် လောင်း သော ရေ ကို သောက် လော့ ဟု ဆို သော်၊ Judson Bible သူတို့ရိတ်သော လယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်၌ လိုက်လော့။ လုလင်တို့သည် သင့်ကို မနှောင့်ယှက်ရမည်အကြောင်း ငါမှာထားပြီ။ ရေငတ်သောအခါ၊ အိုးထားရာသို့သွား၍ လုလင်ခပ်သောရေကို သောက်တော့ဟု ဆိုလေသော်၊ မြန်မာ့စံမီသမ္မာကျမ်း လုလင်တို့ ကောက်ရိတ်သောလယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်သို့လိုက်ပါ။ သူတို့သည် သင့်ကို မထိပါးစေရန် ငါမှာထားပြီ။ ရေဆာလျှင် လုလင်တို့ ခပ်ထားသောရေအိုးထဲမှရေကို သွား၍ခပ်သောက်ပါ”ဟု ဆို၏။ |
အိပ်မက်ထဲ၌ပင်ဘုရားသခင်က``သင်သည် စိတ်သဘောရိုးသားစွာဖြင့် ဤအမှုကိုကြံ စည်မိခြင်းဖြစ်ကြောင်းငါသိ၏။ သို့ဖြစ်၍သင် သည်ငါ့ကိုမပြစ်မှားမိစေခြင်းငှာ ထိုမိန်းမ ကိုလက်ရောက်မကူးလွန်ရန်ငါတားဆီးခဲ့ပြီ။-
အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။
ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံတို့ကို မထိမခိုက်ကြနှင့်။ ငါ၏ပရောဖက်တို့အားလက်ဖျားနှင့်ပင် မတို့ကြနှင့်'' ဟုရှင်ဘုရင်တို့အား သတိပေးတော်မူ၏။
သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏တပည့်များအနက်အသိမ်ငယ်ဆုံးသူ တစ်စုံတစ်ယောက်အား ငါ၏မျက်နှာကိုထောက် ၍သောက်ရေတစ်ခွက်ကိုပေးသောသူသည်အကျိုး ကိုမခံစားဘဲမနေရ။''
သင်တို့ရေးသားပေးပို့လိုက်သောစာတွင် ပါ ရှိသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ဖြေကြားအံ့။ အမျိုးသားသည်အိမ်ထောင် မပြုဘဲနေနိုင်လျှင်ကောင်း၏။-
ဘုရားသခင်၏သားသမီးဖြစ်သူသည် ဆက်လက်၍ အပြစ်မကူးတတ်ကြောင်းကိုငါ တို့သိကြ၏။ သူ့အားဘုရားသခင်၏သား တော်စောင့်ထိန်းတော်မူသည်ဖြစ်၍ မာရ်နတ် သည်ထိုသူကိုမထိမခိုက်နိုင်။
ရုသသည်မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ် လျက် ဗောဇအား``အရှင်သည်အဘယ်ကြောင့် ကျွန်မကဲ့သို့နိုင်ငံခြားသူတစ်ဦးကို ဤမျှ ဂရုတစိုက်ပြု၍သနားကြင်နာပါသနည်း'' ဟုဆိုလျှင်၊
ထိုအခါဗောဇကရုသအား``နားထောင်ပါ ငါ့သမီး၊ ဤလယ်ကွင်းမှတစ်ပါးအခြား လယ်ကွင်းများသို့သွား၍ ကောက်သင်းမကောက် ပါနှင့်။ ဤလယ်ကွင်းတွင်နေ၍အမျိုးသမီး များနှင့်အတူလုပ်ဆောင်ပါလော့။-