ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။
ရုသ 2:7 - Common Language Bible သူသည်ကောက်ရိတ်သမားများ၏နောက်မှ လိုက်၍ ကောက်သင်းကောက်ခွင့်ကိုကျွန်တော် ၏ထံတွင်တောင်းခံကာ နံနက်စောစောမှစ ၍ကောက်သင်းကောက်လျက်နေခဲ့ပါ၏။ ယခု မှသာလျှင်လယ်တဲတွင်ခေတ္တနားနေပါသည်'' ဟုပြန်လည်ဖြေကြား၏။ Garrad Bible ကောက် လှိုင်း စု တွင် ရိတ် သိမ်း သူ တို့ နောက် လိုက်၍ ကောက် သင်း ကောက် ပါ ရ စေ ဟု အ ခွင့် ပန် သည့် အ လျောက် တဲ တွင် ခ ဏ နား ပြီး မှ နံ နက် အ ချိန် မှ စ၍ ယ ခု တိုင်၊ ကောက် လျက် နေ ပါ သည် ဟု လယ် ခေါင်း လျှောက် ဆို သည့် အ တိုင်း၊ Judson Bible သူကလည်း၊ ကျွန်မသည် စပါးရိတ်သောသူတို့နောက်၌ ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက်မှစ၍ ယခုခဏ တဲ၌နေသောအချိန်တိုင်အောင် လုပ်နေပါပြီဟု ပြောဆိုလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း သူက ‘အကျွန်ုပ် ကောက်သင်းကောက်ပါရစေ၊ ကောက်ရိတ်သမားတို့နောက်မှ ကျန်ခဲ့သောသီးနှံကို ကောက်သိမ်းပါရစေ’ဟု လာ၍ခွင့်တောင်းပြီး မနက်ကတည်းက ယခုချိန်ထိ ကောက်သင်းကောက်ပါ၏။ ယခုမှသာ တဲတွင် ခဏနားနေပါသည်”ဟု ပြန်ပြောပြ၏။ |
ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။
ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
``စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာ ရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
မပျင်းမရိဘဲအလုပ်ကိုကြိုးစားအား ထုတ်လုပ်ကိုင်ကြလော့။ စိတ်အားထက်သန် စွာသခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် ကြလော့။-
သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။-
ခရစ်တော်ကိုရိုသေလေးစားသောအားဖြင့်သင် တို့သည်တစ်ဦး၏အလိုကိုတစ်ဦးလိုက်လျော ကြလော့။
ရုသကနောမိအား``ကောက်ရိတ်သူတို့ချန် ထားခဲ့သည့်ကောက်သင်းကိုကောက်ရန် ကျွန်မ အားလယ်ကွင်းများသို့သွားခွင့်ပြုပါ။ ကျွန် မသည်ဤသို့ကောက်ခွင့်ပြုမည့်တစ်စုံတစ် ယောက်ကိုတွေ့ပါလိမ့်မည်'' ဟုဆိုလျှင်၊ နောမိကလည်း``ငါ့သမီး၊ သွားလေတော့'' ဟုပြန်ပြော၏။
ထိုအခါရုသက``မုယောစပါးကိုအလုပ် သမားတို့ရိတ်သိမ်းကာလမကုန်မချင်း ကောက်သင်းလာ၍ ကောက်ရန်ကျွန်မအားသူ မှာကြားလိုက်ပါသည်'' ဟုပြော၏။
အလုပ်သမားခေါင်းဆောင်က``ထိုသူငယ်မ သည် မောဘပြည်မှနောမိနှင့်အတူလိုက်လာ သည့်မောဘအမျိုးသမီးဖြစ်ပါသည်။-
ထိုအခါဗောဇကရုသအား``နားထောင်ပါ ငါ့သမီး၊ ဤလယ်ကွင်းမှတစ်ပါးအခြား လယ်ကွင်းများသို့သွား၍ ကောက်သင်းမကောက် ပါနှင့်။ ဤလယ်ကွင်းတွင်နေ၍အမျိုးသမီး များနှင့်အတူလုပ်ဆောင်ပါလော့။-