မုယောစပါးတို့သည်မှည့်၍ပိုက်ဆံပင်တို့ သည် အဖူးထွက်လျက်ရှိသဖြင့်၎င်းအပင် တို့သည်ပျက်စီးကုန်၏။-
ရုသ 2:23 - Common Language Bible သို့ဖြစ်၍ရုသသည်ဗောဇ၏လယ်၌ပင် အမျိုးသမီးများနှင့်အတူလုပ်ဆောင်ကာ မုယောစပါးနှင့်ဂျုံစပါးများရိတ်သိမ်းပြီး သည်တိုင်အောင် ကောက်သင်းကောက်လျက်နေ၏။ သူသည်မိမိ၏ယောက္ခမနှင့်အတူဆက် လက်၍နေထိုင်လေသည်။ Garrad Bible ချွေး မ ရု သ သည် မု ယော ဂျုံ စ ပါး ရိတ် သိမ်း မှု မ ပြီး မ ချင်း ဗော ဇ၏ ကျွန် မိန်း မ တို့ နှင့် မ ခွဲ ဘဲ ကောက် သင်း ကောက် လျက် ယော က္ခ မ နှင့် အ တူ နေ ထိုင် လေ ၏။ Judson Bible သူသည် မုယောစပါး၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင် ဗောဇ၏ကျွန်မတို့၌ မှီဝဲလျက်၊ စပါးကျန်ကိုကောက်၍ ယောက္ခမထံမှာ နေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ရုသသည် မုယောစပါးရိတ်သိမ်းပြီးချိန်၊ ဂျုံရိတ်သိမ်းပြီးချိန်အထိ ဗောဇ၏အစေအပါးမိန်းကလေးတို့အနားတွင် ကောက်သင်းကောက်လေ၏။ ယောက္ခမနှင့်လည်း အတူနေထိုင်လေ၏။ |
မုယောစပါးတို့သည်မှည့်၍ပိုက်ဆံပင်တို့ သည် အဖူးထွက်လျက်ရှိသဖြင့်၎င်းအပင် တို့သည်ပျက်စီးကုန်၏။-
ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။
ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
ပေတရုသည်ကျောင်းတော်ဝင်းအတွင်း၌ရှိနေ စဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမကလေး တစ်ယောက်သည်ရောက်ရှိလာ၏။-
သင်တို့အယူအဆမမှားကြနှင့်။ ``အပေါင်း အသင်းမကောင်းလျှင်လူကောင်းပျက်စီးတတ် ၏။-''
ဤကားနောမိသည် ချွေးမဖြစ်သူမောဘ အမျိုးသမီးရုသနှင့်အတူ မောဘပြည် မှပြန်လည်ရောက်ရှိလာပုံဖြစ်ပေသည်။ သူ တို့နှစ်ယောက်သည်မုယောစပါးရိတ်သိမ်း စအချိန်၌ ဗက်လင်မြို့သို့ရောက်ရှိလာ ကြသတည်း။
နောမိသည်ရုသအား``ငါ့သမီး၊ သင်သည် အခြားသူတစ်ဦးတစ်ယောက်၏လယ်သို့ သွားခဲ့သော် အနှောင့်အယှက်ခံကောင်းခံ ရပေလိမ့်မည်။-''
များမကြာမီနောမိကရုသအား``သင် သည်ကိုယ့်အိမ်နှင့်ကိုယ်နေထိုင်နိုင်ရန် သင့် အားငါနေရာချပေးရမည်။-